Hyperthyroidism လည်ပင်းကြီးရောဂါ

၁။ ဆရာရှင့် ကျွန်မအသက်က၂၃ပါ ။ အပျိုပါ။ ရာသီလည်းမှန်ပါတယ်။ လည်ပင်းကြီးရောဂါဖြစ်နေလို့ပါဆရာ။ ၂လလောက်ရှိပါပြီ။ ဆေးသောက်နေရတာတလကျော်ပါပြီ။ ကျွန်မကတခါတလေ ကွမ်းစားတတ်ပါတယ်။ အဲတာနဲ့ကော ဆိုင်ပါသလားဆရာ။ ဒီရောဂါက သက်သာပျောက်ကင်းနိုင်ပါသလားဆရာ။ နည်လမ်းလေးများရှိရင် ညွန်ကြားပါဦးရှင့် အာထရာဆောင်းနဲ့ သွေးစစ်ချက်မှတ်တမ်းပုံပါ ပို့လိုက်ပါတယ်ဆရာ။

မေးခွန်းတွေထဲမှာ သတ်ပုံမှန်အောင်ရေးတာအလွန်ရှားတယ်။ ဒီမေးခွန်းမှာ ပြင်စရာ တလုံးမှမပါ။ ကွန်ဂရက်ကျူလေးရှင်း။ ဆေးစစ်ချက်မှာ TSH = <0.01 လို့ဖတ်ရတယ်။ လည်ပင်းကြီးဟော်မုန်းများရောဂါဖြစ်တယ်။ ဆောရီး။ ကွမ်းယာနဲ့ မဆိုင်။

၂။ အသက်က ၅၉ နှစ်ပါဆရာ။ အမျိုးသားပါ။ ၂ဝဝ၂ ခုနှစ်လောက်ကစဖြစ်တာပါ။ Thyroid gland ညာဘက်ခြမ်းက နည်းနည်းကြီးတာပါ။ hyperthyroid ဖြစ်လို့ဆေးသောက်ပြီး ဆေးဆက်မသောက်တာ ၃ နှစ်လောက်ရှိပါပြီ၊ အခုသွေးပေါင်က ၉ဝ ကျော် ၁၅ဝ အမြဲလိုဖြစ်နေပါတယ်။ weight လဲကျသွားပါတယ်။ အရမ်းကျတာတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့ပါလဲ။
ဆေးပြန်သောက်ရမှာလားဆရာ။ ဆေးပြန်စစ်ကြည့်ရမလားဆရာ။ ဘာတွေဆိုးဆိုးရွားရွား ဖြစ်နိုင်ပါသလဲဆရာ။ ဆေးပြန် မသောက်ဘဲနေရင်ကောဆရာ ဘာဖြစ်နိုင်လဲဆရာ။

၃။ ဆရာရှင့် ကျွန်မအသက်က ၂၄ပါ။ ကလေးအမေပါ။ thyroid ရောဂါဖြစ်တာ ၆ နှစ်ရှိပါပြီ။ ဟော်မုန်းများတာလို့ ဆရာဝန်ပြောပါတယ်။ မျက်စိလဲပြူးပါတယ်။ လည်ပင်းလည်းကြီးပါတယ်။ လည်ပင်းကြီးတာက အနည်းငယ် သေးသွားပေမဲ့ မျက်စိကတော့ပြူးတုန်းပါပဲ။ ရောဂါကပျောက်နိုင်ပါသလားရှင့်။ ခွဲဖို့မလိုဘူးလို့ပြောပါတယ်။ ဆေးသောက်နေရတော့ ကလေးနို့တိုက်တာကလေးအတွက် ဥပဒ်ရှိပါသလားရှင့်။ ဆရာကျန်းမာချမ်းသာပါစေ။

၎။ ကျမ အသက် ၂၇နှစ်၊ အိမ်ထောင်မရှိသေးပါရှင့်။ နှလုံးခုန်တာနည်းနည်း မြန်ပါတယ်။  ညဆိုတော်တော်နဲ့ အိပ်မပျော်ပါ။ မနက် ၅ နာရီဆို နိုးနေပါပြီ နေ့လည်ဆို တအားအိပ်ချင်ပါတယ်။ ရာသီလည်းမှန်ပါတယ်ရှင့်။ ကျမ လည်ပင်းက ပုံမှန်လို မဟုတ်ပဲ လည်ပင်းကြီးတဲ့သူတွေလို ဖြစ်နေပါတယ်ရှင့်ဆရာ။ တခါမှ ဆေးခန်းမပြဖူးသေးပါဘူးရှင်။ ဆေးခန်းပြဖို့လည်း အဆင်မပြေဖြစ်လို့ပါ ကျမခု အဝေးမှာ အလုပ်နေရသူတယောက်ပါရှင့်။ ကျမရဲ့ လည်ပင်းက လည်ပင်းကြီးရောဂါ ဟုတ်ပါသလားဆရာ။ ကျေးဇူးပြီး ဖြေကြားပေးပါဆရာ။

လည်ပင်းကြီးနေတာ မမြင်ရဘဲ ဟော်မုန်းများနေတာရှိတယ်။ Hyperthyroidism ခေါ်တယ်။ Toxic Goitre လို့လည်း ခေါ်တယ်။ Hypothyroidism ဆိုတာကတော့ ဟော်မုန်းနည်းရောဂါဖြစ်တယ်။ ကင်ဆာနဲ့ တခြားအကြောင်းတွေကြောင့် ကြီးနေတာဆိုပြီးရှိတယ်။ ဖြစ်တာမတူကြလို့ ကုရတာလဲ တခြားဆီ။

Hyperthyroidism ထဲမှာ အများဆုံးဖြစ်တဲ့ Graves disease ဆိုတာက Autoimmune disease အမျိုးအစား ဖြစ်တယ်။ ရောဂါပြီးစနစ် ကမောက်မဖြစ်လို့ ဟော်မုန်းတွေ လိုတာထက် ပိုထုတ်ပေးနေလို့ပါ။ အမျိုးသမီးတွေက ပိုဖြစ်ကြတယ်။ ၂၅-၃ဝ% မှာ မျက်လုံးပြူးလာတာ ဖြစ်ကြတယ်။ ခြေသလုံးရှေ့ပိုင်း ရောင်နေမယ်။ သွေးတိုး (အထက်သွေး) များမယ်။ ဘာဖြစ်ဖြစ် တုန့်ပြန်တာမြန်ဆန်တယ်။ ဘာဘဲလုပ်လုပ် သွက်လက် တက်ကြွနေမယ်။ အားယုတ်တယ်လို့ ခံစားရမယ်။ အိပ်မပျော်ဘူး။ လက်တုံနေမယ်။ ပိန်လာမယ်။ စားခြင်စိတ် ပိုနေမယ်။ ဒါ့ကြောင့် တချို့က ဝလာမယ်။ အပူမခံနိုင်ဘူး။ မအိုက်လှတာတောင် ရောဂါသည် ဇနီးက ပန်ကာဖွင့်အိပ်ချင်နေမယ်။ ချွေးထွက်များနေမယ်။ ဆံပင်ပါးမယ်။ လက်သည်း ခြေသည်း ကြွပ်တယ်။ ဆိုင်းနပ်ရောဂါဝင်လာမယ်။ ဝမ်းပျက်မယ်။ ယောက်ျားမှာ ရင်သားထွက်လာမယ်။ စိတ်ဓါတ်ကျတယ်။

Thyroid Storm လည်ပင်းကြီးမုန်တိုင်းဆိုတာရှိတယ်။ Graves’ disease ဖြစ်နေရင်းကနေ မုန်တိုင်းဝင်လာသလို အရေးပေါ်ဌာန ရောက်လာကြတဲ့ အခြေအနေပါ။ ကိုယ်ပူ၊ လူက ရင်တုံ၊ စိတ်က ပုံမှန်မဟုတ် ဖြစ်နေမယ်။ ချက်ချင်းဘဲ အောက်စီဂျင်ပေး၊ သွေးပြန်ကြောထဲဆေးသွင်း၊ Dexamethasone ထိုး၊ Propranolol ဆေး IV ၁ဝ မိနစ်တခါ ထိုးပေးရတယ်။ Reserpine နဲ့ Guanethidine ဆေးတွေအပြင် Propylthiouracil, Methimazole တွေကိုလည်း ပေးတယ်။

ကုသမှုလမ်းညွှန် အချုပ်
(၁) Anti-thyroid medicine ဆေးပေနည်း၊
(၂) Radioactive iodine နူကလီယာဆေးပေးနည်း နဲ့
(၃) Surgery ခွဲစိတ်ကုသနည်း။

အသက်၊ ဟော်မုန်းဘယ်လောက်များနေသလဲ၊ ကိုယ်ခံကျန်းမာရေးအခြေအနေတွေကိုကြည့်ပြီး ဆေးကုသနည်း ရွေးရမယ်။ အစပျိုးကုသနည်းအဖြစ် ဆေးပေးနည်းနဲ့ နူကလီယာဆေးပေးနည်းကို သုံးတယ်။ အသင့်အတင့်သာ ဆိုးသူတွေကို ရိုးရိုးဆေးပေးနိုင်တယ်။ အသက်လဲ ၅ဝ အောက်နဲ့ လည်ပင်းလဲသိပ်မကြီးသူတွေအတွက် ကောင်းတယ်။ အသက် ၅ဝ ကျော်ရင်၊ ဟော်မုန်းတွေအများကြီးထုတ်ပေးနေတဲ့ Thyroid nodules (Toxic multinodular goiter) လည်ပင်းမျာအဖုအကျိတ်ရှိနေရင် နူကလီယာဆေးပေးနည်းကို သုံးတယ်။ ကိုယ်ဝန်ရှိနေရင်၊ ကလေးနို့တိုက်နေရင်၊ Thyroiditis လည်ပင်းကြီးရေင်ရမ်းရောဂါဖြစ်နေရင် နူကလီယာဆေး ပေးနည်းကို မသုံးရပါ။ ဒီဆေးနည်းခံယူပြီး ၆ လ အတွင်းကိုယ်ဝန်မဆောင်ရပါ။ နှလုံးခုန်မြန်နေရင်၊ ခြေလက်တုန်နေရင်၊ ချွေးထွက်များနေရင်၊ ဂဏာမငြိမ်ဖြစ်နေရင် တခြားဆေးကိုပါ တွဲပေးမယ်။ Propranolol ဆေး။ ခွဲစိတ်ကုသနည်းကို အမြဲမရွေးပါ။ လည်ပင်းသိပ်ကြီးနေသူတွေ၊ လည်ပင်းကြီးအကျိတ်တခုကနေ ဟော်မုန်းတွေ များများထုတ်ပေးနရင် ခွဲသင့်တယ်။

1. Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ http://doctortintswe.blogspot.com/2014/12/carbimazole.html
2. Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သား-သမီးရနိုင်ခြင်း http://doctortintswe.blogspot.com/2014/11/hyperthyroidism-and-fertility.html
3. Hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ http://doctortintswe.blogspot.com/2015/01/hyperthyroidism.html
4. Hypoparathyroidism လည်ပင်ကြီး ခွဲပြီးသည့်နောက် (၂) http://dts-medicaleducation.blogspot.in/2011/01/hypoparathyroidism.html
5. Hypothyroid in Children (1) လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာလာဖြစ် (၁) http://dts-medicaleducation.blogspot.in/2013/10/hypothyroid-in-children.html
6. Hypothyroid in Children (2) လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာလာဖြစ် (၂) http://dts-medicaleducation.blogspot.in/2013/10/hypothyroidism-in-infants-and-children.html
7. Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁) http://dts-medicaleducation.blogspot.in/2010/09/hypothyroidism.html
8. Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး http://dts-medicaleducation.blogspot.in/2011/01/iodine.html
9. Levothyroxine and Breastfeeding လည်ပင်းကြီးဆေးနဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2015/12/levothyroxine-and-breastfeeding.html
10. Nuclear Medicine အနုမြူဆေးပညာ http://doctortintswe.blogspot.com/2014/12/nuclear-medicine.html
11. Papillary carcinoma of the thyroid လည်ပင်းကြီးအိတ်ကင်ဆာတမျိုး http://doctortintswe.blogspot.com/2016/01/papillary-carcinoma-of-thyroid.html
12. Thyroid Disorders လည်ပင်းကြီးရောဂါတွေ http://doctortintswe.blogspot.com/2015/01/thyroid-disorders.html
13. Thyroid လည်ပင်းကြီးရောဂါ http://dts-medicaleducation.blogspot.in/2012/03/thyroid.html
14. Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး http://dts-medicaleducation.blogspot.com/2011/11/thyrosit.html
15. Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း http://dts-medicaleducation.blogspot.com/2010/05/q-and-toxic-goitre.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး