Sitting Position ဆရာမနဲ့ အနေအထိုင်

အခုပဲ ပုလဲကပို့စ်တခုတွေ့တယ်။ အသက်ရှစ်ဆယ်ကျော် အလုပ်ကြိုးစားဆဲ အဖွားတဲ့။ ကျေးဇူး။ ခေါင်းစဉ်ကို အကြော်သည်လို့ ပြင်ရမလို။ ကျွန်တော်ဆို (ကန်တော့) ဖင်ချမထိုင်ရဲတာ နှစ်တွေကြာပြီ။ အလွန့်အလွန် မတတ်သာမှာသာ ထိုင်တယ်။ ခါး။ အသက်ရလေ ခါးကို သတိထားရလေ။

ဆရာမ သမီးဘုရားရှိခိုးပြီးရင် ခြေထောက်တွေက ပြန်ထဖို့အတွက် ဒူးခေါင်းတွေက မထနိုင်ဘဲ နာနေပါတယ်။ ပြီးတော့ ဆေးကုလည်းခဏပါဘဲ။ လူကြီးတွေအများဆုံးဖြစ်ပါတယ်။ သူတို့လည်းကုပေမယ့် မရပါဘူး။ ဘယ်လိုကုရင် သက်သာနိုင်မလဲဆိုတာ သိချင်ပါတယ်။

ကျွန်တော် ဆရာမ မဟုတ်ပါ။ မေးတဲ့သူ အသက် မသိပါ။ အချက်အလက်တွေလည်း မသိပါ။

လူတိုင်း အနေအထိုင်တမျိုးမှာ တာရှည်ကြာအောင် မပြောင်းလဲဘဲနေရင် သွေးလှည့်တာကို ထိခိုက်စေတယ်။ အာရုံကြောတွေကို ဖိထားလို့ပါ သက်ရောက်စေတယ်။ အဲဒါတွေကြောင့် တခုခုခံစားရမယ်။ အသက်ကြီးလေး ခံရတာဆိုးလေ။ အချိန်ကြာလေ ဆိုးလေ။ ကိုယ်အလေးချိန် များသူတွေက တမျိုး၊ ပိန်လွန်းရင်လဲ တမျိုးဖြစ်မယ်။ ဆီးချိုရှိနေရင် ပိုဖြစ်မယ်။ အမျိုးသမီးဆိုရင် ကယ်လ်စီယမ် စတာ ပိုလိုတတ်လို့ ပိုဖြစ်နိုင်တယ်။ အထူးသဖြင့် သွေးဆုံးချိန်။ အသက် ၃၅ နှစ်ကျော်ရင် ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ ပိုလိုကြတယ်။

အနေအထား အနေအထိုင်ကို မကြာမကြာ ပြုပြင်ပေးရပါမယ်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား၊ ခြေလက် လှုပ်ရှားပေးရမယ်။ နာတာရှည်လူနာတွေ အလှည့်ပြောင်းနည်းလို့ အိပ်ယာနာဖြစ်ကြတယ်။ ပျောက်ခဲတယ်။ ဆီးချိုရှိသူတွေ ဖိနပ်ကအစာ အနေတော်တာ ရွေးရတယ်။

ဆေးလိပ်သမတွေအတွက်လည်း တပုးရေးထားတယ်။

- Calcium (ကယ်လ်စီယမ်) http://doctortintswe.blogspot.com/2014/12/calcium.html
- Calcium အမျိုးသမီး၊ ကလေးနဲ့ ကယ်လ်စီယမ် http://doctortintswe.blogspot.com/2016/03/calcium.html
- Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://doctortintswe.blogspot.com/2015/01/diabetic-neuropathy.html
- Osteoporosis အရိုးပွရောဂါ http://doctortintswe.blogspot.com/2014/12/osteoporosis.html
- Poor posture and Health အနေအထိုင်နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2016/11/poor-posture-and-health.html
- Skin Pressure Sore ဖိအားသက်အနာ http://doctortintswe.blogspot.com/2017/09/skin-pressure-sore.html
- Vitamin D ဗီတာမင် (ဒီ) http://dts-medicaleducation.blogspot.com/…/08/vitamin-d.html

ဒေါက်တာတင့်ဆွေ
၁-၆-၂၀၁၄
၁၇-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး