Delivery ကလေးမွေးတယ်ဆိုတာ လွယ်လည်းလွယ်၏ ခက်လဲခက်၏
ဆရာ ကျမသားဦးလေးမွေးတုန်းကပြနေတဲ့ OG ယခုလက်ရှိ ပါမောက္ခ အပျိုကြီးကို ကျမက မေးကြည့်ပါတယ်၊ ရိုးရိုးမွေးချင်ပါတယ် ရမလားလို့ပါ။ သူကပြောပါတယ် ရိုးရိုးမွေးရင် အနည်းဆုံး ၁ဝ နာရီကြာလို့ မင်းတို့ ငါ့ကို ၁ဝ ဆ ပေးနိုင်သလားတဲ့။ မွေးကလည်း မွေးခါနီး တခြား OG ထပ်ပြောင်းရင်လည်း အဆူခံရမှာကြောက်လို့ ပြောင်းမပြရဲ။ ဘယ်လောက်တောင် အခဲ့လဲ ဆရာရယ်၊့ ဆေးရုံ PR ဆောင်မှာ တာဝန်ကျတဲ့ AS နဲ့ မွေးခဲ့ရတယ်။ ဒါပေမယ့် သူတို့က Master တန်းတက်နေတဲံ Dr တွေပါ။ တပူပေါ်နှစ်ပူဆင့် အချင်းကကပ်နေလို့ မသေတာ ကံကောင်းပါ။ ကလေးက ညှပ်ဆွဲ မွေးခဲ့ရပါတယ။် အဆင်မပြေတာများလို့ ကံမကောင်းဘူးလို့ဘဲ သတ်မှတ်လိုက်ပါတယ်။ ဆောရီး။ အဲလိုတကယ်ဖြစ်တာမျိုးကို သိချင်တယ်။ ယမုန်နာဒုက္ခသည်ဆေးခန်းလေးမှာ ညှပ်ဆွဲမေးရတာ ၄၉ ယောက် ရှိတယ်။ အချင်းကပ်တာလဲ ၅ ယောက်ရှိတယ်။ တယောက်ကို အခုထိမှတ်မိနေတယ်။ ကျွန်တော်က မြို့ထဲမှာ အစည်းအဝေးတခု တက်နေရတုံး ကလေးမွေးတော့ ဆရာမတွေကမွေးပေးတယ်။ အချင်းကကပ်နေလို့ ဖုန်းဆက်တယ်။ ဆရာကတော်က တာဝန်ယူပြီး ဆေးရုံပို့ပေးဘို့စီစဉ်နေတယ်။ ကျွန်တော်က လူနာအခြေအနေကို ဖုန်းဆက်မေးနေတယ်။ သွေးဖိအားလဲကောင်း၊ သွေးဆင်းတာလဲ လိုတာထက်မများ။ လူနာကိုမေးခိုင်...