မဟာသတိပဌာနသုတ်တရား ဟောကြားတဲ့နေရာ
ပုံကတော့ အိန္ဒိယနိုင်ငံ ဒေလီမြို့ တောင်ပိုင်းမှာရှိတဲ့ မြတ်စွာဘုရား မဟာသတိပဌာနသုတ်တရား ဟောကြားတဲ့နေရာ ဖြစ်ပါတယ်။ နှစ်ခေါက်သုံးခေါက်ရောက်ခဲ့တယ်။ ဦးလေးဆရာတော်တွေ ဘုရားဖူးကြွလာကြတော့ ကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့ခဲ့တယ်။
မဟာဆိုတာ ကြီးကျယ်သော၊ မြင့်မြတ်သော၊ သာလွန်သောလို့ အဓိပ္ပာယ်ရသည်။ သုတ္တံအားလုံးတို့ထက် ရှည်လျားသော၊ သာလွန်သော၊ မြင့်မြတ်သောကြောင့် မဟာသတိပဌာနသုတ်လို့ ခေါ်ဆိုတယ်။ သတိပဌာနဟူသည် သတိ + ပဌာန (သို့) သတိ + ဥပဌာန ဖြစ်သည်။ ထို့ကြောင့် သတိပဌာန်ဟူသည် အာရုံပေါ်တွင် တည်နေသော သတိတရားဟူသော အနက်ကိုပေးသည်။
ဆေးပညာစာတွေဖတ်ရ၍ ကျန်းမာကြပါစေ။ တရားရ၍ ချမ်းသာကြပါစေ။
ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၆
၁၆-၈-၂ဝ၁၇
Photo from Nyi Myo Nyunt

Comments
Post a Comment