Rice Noddle ကြာဆန်
ဟက်ပီးဘာ့သ်ဒေးသီချင်းပို့စ်တင်တော့ ကွန်မင့်တွေရပါတယ်။ ကြာဆန်သတ်ပုံမှားတာတွေပါတယ်။ ကြာဆံမဟုတ်။ ကြာဇံမဟုတ်။ ကြာဆန်လို့ရေးပြီး ကြာဇံအသံထွက်တယ်။
• ကြာကြာ စံစားနိုင်အောင် ကြာဆံကြော် ကျော်ကျော်ကြားကြား ဖြစ်အောင် အကြော်စုံ ကြားဖူးတာလေးတွေပါ ဆရာ
• ကြာဆံချက်ပါဆရာ (လူ့ဘဝသက်တန်းအရှည်ကြီးနေရအောင်၊ ကြာကြာစံရအောင်)
• သမီး အမေက သမီးကို ငယ်ငယ်တုန်းက မွေးနေ့ရောက်တိုင်း အထပ်ထပ်အခါခါ လှူရအောင် ထပ်တရာနဲ့ ထပြီး မင်းဖြစ်အောင် ထမင်းသာကျွေးဆရာ။ မုန့်ဟင်းခါးပဲ အလွယ်ကျွေးလိုက်တာပဲ အယူအဆ နောက်ထား ထမင်းကျွေးတာထက်စာရင် ကျွေးရမွေးရတာ အလုပ်မရှုပ်တာတော့ သေချာတယ်
• ကြာဇံပါရှင်
• ဘေးဘယာ ကင်းရှင်းအောင် ဗယာကြော် ဆွမ်းလောင်းခိုင်းပါတယ် ဆရာကြီးရှင့် :)
• မုန့် ဟင်းခါး
• ကြာကြာစံဖို့ ကြာဇံကြော်တွေကျွေးနေကြပြီဆရာ
• မြန်မာတွေကအတိတ်နမိတ်လေးနဲ့ကျွေးကြတယ် သာတဲ့နေရာမှာ သူတပါးကိုတောင် ကူနိုင်တယ် သာကူတဲ့ ကြာကြာစံရအောင် အသက်ရှည်အောင်ပေါ့ ကြာဇံတဲ့စသဖြင့်ပေါ့ အချို့လူတွေပါ
• ဟုတ်ပါတယ်ဆရာ။ သမီးကဆရာ့မွေးနေ့ မှာ ဘုန်းဘုန်းတွေကို ကော်ရည်ခေါက်ဆွဲ အဲဒီ အဓိပ္ပါယ်နဲ့ ကပ်လှူပေးခဲ့တာပါ။ အဲဒီတုန်းကရုံးကလူတွေမေးကြလို့ တရုပ်အယူနဲ့ သက်ရှည်ကျန်းမာအောင် ခေါက်ဆွဲကျွေးတာလို့ ပြောပြခဲ့ပါတယ်။
• မုန်ဟင်းခါး
• ကြာဇံဟင်းခါး ကျွေးတယ်ရှင်
• အဆင်ပြေမယ်ဆိုမုန့်ဟင်းခါးကကောင်းပါတယ်ဆရာ။ မုန့်သက်ရှည်လို့လည်း ဆရာတော်ကြီးတွေက ခေါ်ကြတယ်။
• အရင်ကတော့ကြာဇံကြော်ကြွေးများကြတယ်ရှင့် အခုနောက်ပိုင်းတော့ကြာဇံချက်ဆိုပြီးကြွေးကြတယ်ဆရာ
• ကြာဇံလေဆရာ ကြာကြာစံရအောင်တဲ့
မြီးရှည် ကောင်းမလား မသိ။ အမြီးမပါတာက ခက်တယ်။ တိုရှည်ကလည်း တဝက်သာကောင်းမယ်။ မုန့်ဟင်းခါး လူပြောများတယ်။ အဲလိုရေးကြတာ ကောင်းတယ်။ မွင်းငါးတို့ မွတ်ငါးတိုတော့ မရေးကြနဲ့။
ဆန်
ကလန်ကဆန်
ခလောက်ဆန်
စုန်ဆန်
ဆန်ကွဲဆန်နုပ်
ဆန်ကုန်မြေလေး
ဆန်ခါကျဲ
ဆန်ခါခုံး
ဆန်ခါစိပ်
ဆန်ပုံးရည်
ဆန်ပန်းပေါက်ပေါက်
ဆန်ဖွပ်
ဆန်ပြာ
ဆန်ပြုတ်
ဆန်ဖြုန်း
ဆန်လုံးတီး
ဆန်လတ်
ဆန်ကော
ဆန်ကျော်ဆန်ကြမ်း
ဆန်ခေါက်ဆွဲ
ဆန်ပြောင်းပင်
ထီးဆန်နန်းဆန်
ကြက်ဥ အဆန်ချောင်
ကြာဆန်
ငြင်းဆန်
ရုံးရင်းဆန်ခတ်
လုံးကြီးတင်ဆန်ခတ်
အလိုဆန္ဒ
အာဏာဖီဆန်
ခေတ်ဆန်
ရေစုန် ရေဆန်
ဆံ
ဆံကျင် (ဥသျှောင်၊ ဆံထိုး)
ဆံကျစ်ရသေ့
ဆံချ
ဆံစပ်
ဆံစု
ဆံတရွက်မျှ = ဆံတပင်မျှ = အနည်းငယ်မျှ
ဆံထုံး
ဆံထိုး
ဆံထိုးဆံညှပ်
ဆံပင်ရိတ်
ဆံပတ်
ဆံမြိတ်
ဆံခြည် (နာရီ)
ဆံခြည်မျှင်
ဆံခြည်ထွေး
ဆံရစ်ဝိုင်း
ဆံလျဉ်
ဆံတောက်
ဆက်ဆံသည်
ဆက်ဆံရေး
မြင်းလည်ဆံ
ဝတ်ဆံ
အုန်းဆံ
စံ
စံကားစိမ်းပင်
စံကားပင်
စံချိန်မီ
စံစားခံစား
စံစားသည်
စံတင်လောက်သည်
စံတည်
စံနစ်
စံနည်း
စံနမူနာ
စံပ
စံပယ်တင်မှဲ့
စံပယ်ထပ်အမိုး
စံပယ်ပင်
စံပယ်ပန်း
စံပယ်တော်မူသည်
စံမီ
စံပြ
စံမြန်း
စံကျောင်း
စံတော်ချိန်
စံရွေး
စံနှုန်း
စိုးစံတော်မူသည်
ထုံးစံရှိသည်
နတ်ရွာစံသည်
ပုံစံ
ရွှင်ပျော်စံ
ပျော်စံသည်
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မွေးနေ့မှာ ဘာကျွေးကျွေး ကျန်းမာရေးကောင်းကြပါစေ။
သီတာသီတာမြသား https://www.youtube.com/watch?v=KBg7ToGJU60 (အဆိုကောင်းပြီး သတ်ပုံမှားနေပါတယ်။)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment