ခံ နှင့် ခန့်

ကွန်မင့်တခု = ခံ့ညားစွာများဖြစ်မလားဆရာ။ နောက်ကလည်း စီရရီဆိုတော့။

ကျွန်တော့်ပို့စ်တခု = ငေးမိခဲ့ တကိုယ်သာ
သည်စခန်းဆီက ပတ်ဝန်း ဘယ်ညာမျှော်တော့၊ အပြာယော် တောင်မြင့်မားငယ်တို့၊ ခန့်ညားစွာ စီရရီပေါ့၊ သည်ဆီမှာ သည်အလှကိုဖြင့်၊ မလေးမောင် မြင်လာရလေတော့၊ ရင်ဝမှာ တခုန်ခုန်နဲ့၊ မကြုံရာ ထွေလာတွေး၊ ငေးမိခဲ့ တကိုယ်သာ။

ခံ့
ကျန်းကျန်းခံ့ခံ့
ကျန်းခံ့သာ၍ မာပါစံ့
ခံ့ခံ့ရံ့ရံ့
ခိုင်ခံ့
မခံ့မငြား
မခံ့လေးစားလူပိုခံ့သည် (ရာထူးခန့်သည် မဟုတ်)
မလေးမခံ့
အခိုင်အခံ့
အီသာခံ့ကျန်း

ခန့်
ခန့်ချုံး = အကျဉ်းချုံးသည်
ခန့်မှန်းသည်
ခန့်မှန်းခြေ
ခန့်ငြားရိုသေ (မူကွဲ)
တနာရီခန့်
မခန့်လေးစား
ရာထူးခန့်
ရိုသေခန့်ညား
လူပုံခန့်သည်
အခန့်အသင့်

ဒေါက်တာတင့်ဆွေ
၂-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး