ပေါက်လွှတ်ပဲစား
အထိန်းအချုပ်မရှိ လွှတ်ထားသည်
ရန်ကုန်မှာသီတင်းသုံးတဲ့ ရင်နှီးတဲ့ဆရာတော်တပါးက တင်ထားတယ်။ တိုက်ရိုက်ရေးခိုင်းတာတော့ မဟုတ်ပါ။
ပေါက် + လွှတ် + ပဲ + စား စကားလုံးအကျယ်ကို ဒေါက်တာတင့်ဆွေ ရှင်းပြပေးပါတဲ့။
ပေါက်လွှတ်ပဲစား = အထိန်းအချုပ်မရှိ လွှတ်ထားသည်
လှေကလေးများတွင် လှေကြီးများကဲ့သို့ ပဲ့ပေးသော ပဲ့တက်မပါဘဲ၊ လှော်တက်ဖြင့်သာ ပဲ့၍ပေးသဖြင့် ထိုလှေမျိုး ကို ပေါက်လွှတ်လှေဟု ခေါ်သည်။
လူများတွင်လည်း ပေါက်လွှတ်လှေကဲ့သို့ ပဲ့ကိုထိန်းချုပ်ခြင်းမရှိဘဲ၊ လွှတ်ထားရသည်ကို ပေါက်လွှတ်ပဲစားထားသည်ဟု ဆိုကြသည်။
သတင်းနောက်ခံလည်း အခုမှသာသိလာတယ်။ တိုင်းပြည်ကြီးသွားနေတာ ပဲ့ပါသလား။ ပါရင် ဘယ်သူကိုင်ထားလဲ။ ပဲ့ကတခုတည်း ဟုတ်ရဲ့လား။ ပဲ့အမျိုးမျိုးနဲ့ တက်အမျိုးလား။ မေးလာရင်တော့ မဖြေတတ်ပါ။
ဒေါက်တာတင့်ဆွေ
၉-၁ဝ-၂ဝ၁၈

Comments
Post a Comment