ဆုံဆည်း နှင့် ဆုံစည်း

ဆုံစည်းရာလား ဆုံဆည်းရာလား ဘယ်ဟာ အမှန်လည်း

ကျွန်တော့မေးတာတော့မဟုတ်။ ပို့စ်တခုတွေ့တယ်။ မေးတာရှိစဉ်က ရေးထားတယ်။

ဆရာရေ 7 Day Tv က ဇာတ်လမ်းတွဲနာမည်ကို ဆုံစည်းခွင့်လို့ သုံးသွားတယ်။ ကျနော်က ဆုံဆည်းခွင့်လို့ ထင်နေတယ်။ ဆုံစည်းနဲ့ ဆုံဆည်း စတဲ့အသုံးလေးတွေ ရှင်းပြစေချင်ပါတယ်။

အွန်လိုင်းသတ်ပုံကျမ်းမှာလည်း ဆုံစည်းတဲ့။ စစ်အစိုးရတက်မှ မြန်မာစာအဖွဲ့ကထုတ်တဲ့ အခုလည်း နိုင်ငံတော်မူ လုပ်ထားတဲ့ အဘိဓာန်မှာ ဆုံစည်းတဲ့။ ကဝိဓဇသတ်ပုံကျမ်းမှာ ဆုံဆည်း။ ဝဏ္ဏဗောဓနသတ်အင်းမှာ ဆုံ့ဆည်း။

ဆည်း
ခိုက်ဆည်းရန်ရှာ
ဆုံဆုံဆည်းဆည်း
ဆုံဆည်းသည်
ဆည်းကပ်သည်
ဆည်းလည်းသံ သာယာသည်
ပညာဆည်းပူးပါ
နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်
ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်

စည်း
စည်းကမ်းရှိပါ
စည်းမျဉ်းထားပါ
စည်းစောင့်ရမယ်
ထင်းတစည်း ဘယ်လောက်လဲ
ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ
ကြိုးနှင့် စည်းထားပါ
အခွန်စည်းကြပ်မည်
အစည်းအဝေး စတော့မယ်
ဥစ္စာပစ္စည်း ကုံလုံသည်
ရွှေစည်းခုံစေတီတော်

နိုင်ငံတော်မူမှာ အမှားတွေပါနေတယ်။

ဒေါက်တာတင့်ဆွေ
၃-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး