မည်သူတော်သနည်း

ဆရာခင်ဗျား။ ကျွန်တော် အားမရတာကတော့ ဆရာတို့လိုလူတွေလက်ထက်ကတည်းက ဘာလို့ ဘာလို့ တောင်းပန်ပါတယ်ခင်ဗျာ။ စစ်အာဏာရှင်တွေဟာ ဆရာတို့ထက်များ ပိုတော်ခဲ့ကြသလားခင်ဗျာ။

နရသူဟာ ခမည်းတော် အလောင်းစည်သူကိုသတ်၊ အကိုမင်းရှင်စောကို သတ်ပြီး ဘုရင်လုပ်တယ်။ သူကို တော်တယ်လို့ သတ်မှတ်ချင်ပါသလား။ သူ့ကို ကုလားကျမင်းလို့ ခေါ်တယ်။ ဘုရင်ဖြစ်လို့ တော်တယ်လို့ ထင်ပါသလား။

နရသီဟပတေ့ဟာ ဥဇနာရဲ့ သားတော်ငယ်ဖြစ်ပေမဲ့ တော်လေမလားအထင်နဲ့ ရာဇသင်္ကြန်ခေါင်းဆောင်တဲ့ အမတ်တွေကတင်လို့ ဘုရင်ဖြစ်တယ်။ ၁၂၅၄ ကနေ ၁၂၈၇ အထိမင်းလုပ်တယ်။ သူ့ကို ရာဇဝင်မှာ မင်းခွေးချေး၊ တရုတ်ပြေးမင်းလို့တွင်တယ်။ ဘုရင်ဖြစ်လို့ တော်တယ်လို့ ထင်ပါသလား။

မြန်မာ့ရာဇဝင်မှာ တော်တဲ့ဘုရင် ခပ်ရှာရှား။ မြန်မာ့သမိုင်းမှာလည်း တော်တဲ့ခေါင်းဆောင် ခပ်ရှားရှား။

ဒေါက်တာတင့်ဆွေ
၁-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး