Whooping cough (Pertussis) ကြက်ညှာ ရက် ၁ဝဝ ချောင်းဆိုး

Bordetella pertussis ဗက်တီးရီးယားကြောင့် ဖြစ်တယ်၊ ကလေးတွေမှာ အလွန်ကူးစက်တယ်။ အသက်ရှူလမ်းမကနေ ကူးစက်တယ်။ အလွန်ကူးစက်လွယ်တယ်။ တနှစ်အောက်ကလေးငယ်လေးတွေမှာ အများဆုံးဖြစ်တယ်။

ပိုးဝင်ပြီး ၂ ရက်ကြာရင် ရောဂါလက္ခဏာတွေ ပေါ်လာတယ်။ ချောင်းဆိုး၊ နှာခြေ၊ နှာရည်ယို၊ အန်၊ အစားပျက်၊ အာဟာရနည်း၊ ရေခမ်းခြောက်၊ ထိုမှ နူမိုးနီးယား၊ ဦးနှောက်ရောင်စသည် ဝင်လာတတ်တယ်။ ဖြစ်ကာစမှာ အအေးမိသသလိုပဲ။ နောက်ချောင်းဆိုးလာမယ်။ အဆင်မသင့်ရင် နူမိုးနီးယားခေါ်တဲ့ အဆုပ်ရောဂါ ဆက်ဖြစ်နိုင်တယ်။ ချောင်းဆိုးသံက ထူးခြားတယ်။ ၅ဝ% မှာ Whooping noise (whoop) ခေါ်တယ်။ အောက်စီဂျင်မဝလို့ မျက်နှာပြာနေအောင် ဆက်တိုက်ဆိုးတယ်။ လူကြီးမှာဖြစ်ရင် မသိသာဘူး။ ၃ ပါတ်အထိ ကြာတတ်တယ်။ ပိုကြာနေတာလဲရှိတယ်။ တရုပ်ပြည်မှာတော့ ရက် (နေ့ +ည) ၁ဝဝ ချောင်း လို့ခေါ်တယ်။

ကုသရန်
ပဋိဇီဝဆေးများ၊ (Erythromycin or Azithromycin or Trimethoprim-Sulfamethoxazole) ၂ ပါတ်ကြာ ပေးရတယ်။
အလွယ်ဝယ်ရ ချောင်းဆိုးပျောက်ဆေးတွေက ထူးပြီးသက်တာတယ်လို့မရှိပါ။ humidifier နဲ့ ရေငွေ့ဓါတ်ပေးတာ သက်သာစေတယ်။

DTP (Diphtheria, Tetanus and Pertussis) immunizations ကာကွယ်ဆေး
- DTaP ကာကွယ်ဆေးအမျိုးအစားကို အသက် ၂ လ၊ ၄ လနဲ့ ၆ လတွေမှာ ထိုးတယ်။ ၁၅-၁၈ လမှာ ထပ်ထိုးတယ်။ ၄-၆ နှစ်အရွယ်မှာ ထပ်ထိုးအုံးမယ်။
- Tdap ကာကွယ်ဆေးအမျိုးအစားကို ၁၁ နှစ်ကျော်တွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုထိုးတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး