Cholecystitis သည်းခြေအိတ်ရောင်ခြင်း

Cholecystitis သည်းခြေအိတ်ရောင်ခြင်း

အခုတထိုင်တည်းမှာ ၂ ယောက်ကမေးတယ်။ အရင်ကလည်းမေးတယ်။ ရောဂါဆိုတာ ဆုံပြီးဖြစ်တတ်လို့ သတိထားကြစေချင်တယ်။

ဆရာရှင့် သည်းခြေအိတ်ရောင်ရင် ဘယ်လို sign တွေပြပြီး ဘာတွေ သတိထားသင့်ပါသလဲရှင့်။

သည်းခြေအိတ်ရောင်လက္ခဏာများ
• ဗိုက် ညာဖက် အပေါ်ပိုင်းနေရာ အလွန်နာခြင်း၊
• နာတာက ညာဖက်ပခုံးဆီအထိဆက်နာခြင်း၊
• ဗိုက်မှာနာတဲ့နေရာကိုထိရင် ဖိရင် ပိုနာခြင်း၊
• ပျို့ခြင်း၊
• အန်ခြင်း၊
• ကိုယ်ပူခြင်း။

သည်းခြေကျောက်ရှိနေရင်၊ ခေါ်အသားပိုဖြစ်နေရင်၊ သည်းခြေရည်လမ်းပိတ်နေရင် ဖြစ်နိုင်တယ်။

သည်းခြေအိတ်ထဲမှာ ပိုးဝင်ခြင်း၊ ဖြစ်တဲ့ တစ်ရှူးခေါ် အပိုင်းအစနေရာသုံးမရဖြစ်ခြင်းနဲ့ အဲဒီနေရာစုတ်ပြဲခြင်းတွေ ဆက်ဖြစ်လာနိုင်တယ်။

ရုတ်ရက်ရောင်ရင် ဆေးရုံတင်ကုသရတယ်။ တချို့ Cholecystectomy ခွဲစိတ်ရတယ်။ အစားအသောက်ရှောင်ခိုင်းမယ်။ ပါးစပ်ကနေမစားမသောက်ရလို့ ဆေးသွင်းပေးမယ်။ ပိုးသေဆေးတွေပေးမယ်။ အနာသက်သာဆေးတွေပေးမယ်။ အဆီများတဲ့အစားအသောက်စားအပြီမှာ ဖြစ်တတ်တယ်။

Cholecystectomy Q and A သည်းခြေအိတ် ထုတ်ထားသူ http://doctortintswe.blogspot.com/2015/01/cholecystectomy-q-and.html
Gallstones သည်းခြေကျောက် http://doctortintswe.blogspot.com/2015/01/gallstones.html
Cholecystitis သည်းခြေအိတ်ရောင်ခြင်း http://doctortintswe.blogspot.com/2015/01/cholecystitis.html

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၅
၁၇-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး