Drugs and politics ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်နိုင်တယ်

ဗိုလ်နေဝင်းခေတ်တုံးက တောခိုပြီး လက်နက်နဲ့တော်လှန်ကြတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ပြည်ပနဲ့နယ်စပ်ထွက်ပြီး ဆန့်ကျင်ကြတယ်။ အခုတော့ လက်နက်သံတွေက တိတ်နေလိုက် ပြန်ပေါက်ကွဲလိုက်။ ကလောင်တွေတော့ သွက်လာနိုင်ကြပြီ။ ဆန့်ကျင်ရေးကို လေနဲ့ရော စာနဲ့ပါလုပ်လာကြပြီ။

ရာဘအကြောင်းထဲမှာ လူစည်စည်မယ် အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောသူတိုင်းကို အထင်မကြီးကြပါနဲ့လို့ ရေးလိုက်ပါတယ်။ စာပေနယ်ထဲမှာ ဝိုင်သောက်ပြီးစာဖွဲ့သူ၊ အရက်ကြောင့်ထွက်တဲ့ အနုပညာပစ္စည်းတွေလည်းရှိတယ်။ တချို့က ဂန္တဝင်မြောက်တယ်။ အသက်တိုကြတယ်။ နိုင်ငံရေးထဲမှာလည်း ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်သူတွေရှိလို့ပါ။

စာအရေးအသားမှာ သရော်စာဆိုတာ တခန်းတကဏ္ဍရှိတယ်။ လေးစားခံရတဲ့စာရေးဆရာတွေ ဂရိခေတ်၊ ရောမခေတ်ကတည်းကရှိတယ်။ ဂျွန်နာသန်ဆွစ်ဖ်၊ ချားလ်ဒစ်ကင်း၊ ဂျော့ခ်ျအိုဝဲလ်တို့ကို လူတိုင်းသိကြတယ်။ ကျွန်တော်ကတော့ ပေါ်ဦးလိုဘုရင်ကို ပျက်ရယ်ပြုချင်သူဖြစ်ပေမဲ့ အဲလိုစာသမားလက်ဖျားမမီပါ။ တချို့က တဖက်သားကို ရစရာမရှိအောင် ပြောင်ပြောင်မြောက်မြောက်ရေးနိုင်တာမှာ ပါရမီပါတယ်။ သူများချည်း အပြစ်ထောက်ပြနေကြပြီး၊ အကောင်းညွှန်တာမပါ၊ အားဖြစ်စေတာမဖတ်ရပါ။ သူတည်းတယောက်သာကောင်းတယ်လို့ အထင်ခံချင်နေကြတယ်။

အပြောကောင်း အရေးသန်သူတချို့က ရိုးရိုးမဟုတ်ပါ၊ ဆေးတန်ခိုးနဲ့ပါ။ ဆေးတွေကလည်း စုံလှတယ်။ Cannabis (Marijuana) ဆေးခြောက်၊ Cocaine (ကိုကိန်း)၊ Amphetamines (ရာဘ)၊ Methamphetamine (မက်သဖန်တမင်း) နဲ့ Drixoral Cough Liquid Caps, Robitussin AC, Dectuss, Phenergan with Codeine (ဖီနာဂင်)၊ Phensedyl (ဖင်စီဒိုင်း) ချောင်းဆိုးပျောက်ဆေးတွေ။ ဆေးပြားတွေ၊ ထိုးဆေးလဲရှိသေးတယ်။ Barbiturates (ဘာဘီကျူရိတ်)၊ Benzodiazepines (ဘင်ဇိုဒိုင်ယာပင်း)၊ Valium (ဗေလီယမ်) နဲ့ Xanax (ဇာနက်စ်)၊ Morphine (မော်ဖင်း)၊ Pethadine (ပက်သဒင်း)၊ Pseudoephedrine (ဆူဒို-အဖက်ဒရင်း)၊ Spasmo-Proxyvon (စပတ်စမို-ပရောက်စီဗွန်)။

တချို့ဆေးဝါးတွေက လူကိုထိုင်းမှိုင်းစေလို့ သူများကိုရန်မရှာပဲ၊ အေးအေးဆေးဆေးနေတယ်။ ဆေးမသုံးချိန်မှာတော့ လူကြားထဲလာတယ်၊ အခမ်းအနားတွေတက်၊ ဆန္ဒပြပွဲတွေမှာပါတယ်။ ဆေးအရှိန်ရနေရင် မိန့်ခွန်းတွေချွေမယ်။ ဆေးများသွားရင် ဘေးခဏထွက်နေမယ်။ ဆေးခြောက်အစွမ်းက စိတ်တက်ကြွစေတယ်၊ ဇီဝကမ္မပြောင်းလဲမှုတွေ ဖြစ်စေတယ်။ ချက်ချင်းတော့ သက်တောင့်သက်သာ ရှိပါတယ်။ အသင်အတင့်အကောင်းတွေမြင်ထင်လာမယ်။ ဒါပေမယ့် မှတ်ဥာဏ်နည်းမယ်၊ အာခေါင်ခြောက်မယ်၊ ကြွက်သားကျွမ်းကျင်မှုနည်းမယ်၊ မျက်စိနီရဲလာမယ်။ နှလုံးခုန်မြန်မယ်၊ စားချင်စိတ်ကဲမယ်၊ သွေးဖိအားကျမယ်၊ အာရုံစိုက်နိုင်စွမ်းနည်းမယ်။ စိတ်နဲ့ကိုယ်တွဲလုပ်ရတာ အားနည်းမယ်။

တချို့က ဘယ်ဆေးကဘာမှန်းမသိပဲ ရရာအစုံလုပ်ကြတာတွေ့ရတယ်။ (အရက် + ချောင်းဆိုးပျောက်ဆေး + ရာဘ)။ တချိန်မှာကျနေ ငြိမ်နေလိုက်၊ တချိန်မှာ တက်နေ၊ ထက်နေလိုက်။ ဆရာဝန်တွေ မျက်စိလည်စေတယ်။ တချို့ဆေးတွေက စိတ်အားတွေတက်ကြွ၊ ခွန်အားတွေအပြည့်ရလို့ သွေးနားထင်ရောက်ကြတယ်။ အာဘောင်အာရင်း သန်သန်နဲ့ ပြောပါ ဟောပါလေရော။ အကြောင်းမသိတဲ့ နားထောင်သူတွေကလည်း အထင်ကြီးကြတယ်။ ပွဲတွေလမ်းတွေမှာ အဲလိုလူမျိုးကို ဆရာကြီးတင်ကြတယ်။ မီဒီယာမှာလည်း ဇာတ်လိုက်တွေ ဖြစ်တတ်တယ်။ သက်တမ်းတော့သိပ်မကြာပါ။

သူများမကောင်းကြောင်းပြောပြီး စည်းရုံးတာမျိုးနောက်က လိုက်ကြသူမျိုးကလည်း မရှားလှပါ။ သည်းခြေကြိုက် ပြောတတ်ရင်လည်း အခြွေအရံပေါတယ်။ တချို့ဘုန်းကြီးတွေတောင်မှ သူ့ကိုဆရာတင်ကြတယ်။ လူ့သဘောက အထင်ကြီးပြီးရင် တောက်လျှောက် ကြီးနေတတ်ကြတယ်။ ကိုယ့်အပေါ်ကောင်းနေရင် လူကောင်းလို့သတ်မှတ်ကြတာက များတာကိုး။

လူငယ်တွေ၊ အမျိုးသမီးတွေ၊ လမ်းဘေးကလေးတွေအတွက် မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေအကြောင်း ရေးထားပါတယ်။
1. Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ http://doctortintswe.blogspot.com/2014/10/amphetamines-1.html
2. Amphetamines (2) ရာမ ဇာတ်လမ်းတခု http://doctortintswe.blogspot.com/2015/02/drugs-used-in-military.html
3. Amphetamines စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/amphetamines.html
4. Burundanga ပဒိုင်းပွင့်လိုဆေး
5. Cough Syrup Addiction ချောင်းဆိုးပျောက်ဆေးစွဲခြင်း
6. Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ
7. Dirty drugs ညစ်ညမ်းဆေးတွေ
8. Drug Abuse ဆေးဝါးတလွဲသုံးခြင်း
9. Drugs and politics ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်နိုင်တယ် http://doctortintswe.blogspot.com/2015/02/drugs-and-politics.html
10. Drugs used in the military စစ်သုံးဆေးများ http://doctortintswe.blogspot.com/2014/10/amphetamines-2.html
11. Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/10/ecstasy-drug-tests.html
12. Ecstasy စိတ်ကြွဆေးများ
13. High မူးယစ်ဆေးများ http://doctortintswe.blogspot.com/2015/07/high.html
14. Ice ဆိုတာ ရေခဲမဟုတ်ပါ
15. Inhalant abuse လမ်းဘေးဆေးရှူ
16. Methadone ဘိန်းကို ဘိန်းနဲ့ ဖြတ်တယ်
17. Military and Crystal Meth စစ်တပ်နဲ့ စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/military-and-crystal-meth.html
18. Molly လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး မော်လီဆေးပြား ပိုဆိုးဝါး http://doctortintswe.blogspot.com/2015/02/molly.html
19. Opium ဘိန်း
20. Pseudoephedrine (ယာဘ) ကို ဒါကနေလုပ်တယ် http://doctortintswe.blogspot.com/2015/02/pseudoephedrine.html
21. Yaba ယာဘ http://doctortintswe.blogspot.com/2015/02/yaba.html

ကျွန်တော့် နိုင်ငံရေးဖြတ်သန်းမှုကို အနှစ်နှစ်ဆယ် မြစ်နှစ်ဆယ်လို့ရေးမိတယ်။ ဒီစာရေးနိုင်ဘို့ရာလည်း အနှစ်နှစ်ဆယ်ကြာ ရင်းခဲ့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၄
၂၂-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး