Baschi Pink Quick Slimming ပိန်ဆေးကြော်ငြာ

(ကန်တော့ပါ)

၁။ Baschi ပါဆရာ။ ဘယ်အရောက်သောက်ရမလဲ ဆရာ အသက် ၃၂ ပါ ပေါင်ချိန်က ၁၇ဝ၊ ဝိတ်ကျချင်ပါတယ်ဆရာ။ ကလေးရှိပါတယ်။ ၃ နှစ်ခွဲ မိခင်နို့မတိုက်ပါ။ ဆေးဗူးအရောင်များနေတော့ ဘယ်အရောင်က ပိုအဆင်ပြေမလဲ သိချင်လို့ပါဆရာ။

၂။ ဆရာ ကျွန်တော်အသက်က ၂၉ နှစ်ပါ။ အလုပ်မှာ အထိုင်များတဲ့အတွက် ဗိုက်ရွှဲလာပါတယ်။ ဗိုက်ပိန်ချင်လို့ online မှာကြော်ငြာတဲ့ baschi အဆီကျဆေးကို သောက်မိတာ ၃ ရက်ရှိပါပြီ။ ဆေးသောက်ပြီး ကျွန်တော့်လိင်တံ ကျုံ့ဝင်လာတယ်လို့ ခံစားမိတယ်။အဲ့ဆေးက အမျိုးသားတွေရော သောက်လို့ရသလားဆရာ။ ဆက်သောက်သင့်/ မသင့်။

၃။ ဆရာ သမီးအသက်က ၃၅ နှစ်ပါ။ အသက် ၃ဝ တုန်းက ectopic pregnancy ကြောင့် right ovary and oviduct ဖြတ်ထားရပြီး သားလေးကို IUI နည်းနဲ့ရခဲ့ပါတယ်။ အခုသားက ၂ နှစ် ၈ လ ရှိပါပြီ။ သမီးလေးတယောက် ထပ်လိုချင်ပေမယ့် natural အတိုင်းဘယ်လိုမှ ကလေးမရဘူးဖြစ်နေပါတယ်။ သမီးယောကျာ်းက အသက် ၄ဝပါ။ မျိုးအောင်နိုင်တဲ့သောက်ဆေးများရှိမလားဆိုပြီး ရှေ့မျက်နှာနောက်ထားပြီး မေးကြည့်တာပါဆရာရှင့်။ နောက်တခု မေးချင်လို့ပါ။ သမီးက အရပ် ၅ ပေပါ။ ၁၃၅ ပေါင်ပါ။ ဗိုက်ပူပြီး တော်တော်ဝလုံးနေပါတယ်။ သူငယ်ချင်းတွေက Bashi ပိန်ဆေးက တကယ်ကျတယ်သောက်ခိုင်းနေပါတယ်။ ဒါပေမယ့် သောက်နေတုန်း ကိုယ်ဝန်ရှိသွားယင် ကလေး ထိခိုက်မှာစိုးလို့ မသောက်ရဲဘူးဖြစ်နေပါတယ်။ သမီးသိချင်တာက ဗိုက်ချပ် ဝိတ်ကျစေမယ့် side effect နည်းတဲ့နည်းပါ။ ကျေးဇူးပါ ဆရာရှင့်။

၎။ ဆရာရှင့် သမီးအသက် ၂၆ နှစ် အိမ်ထောင်မရှိ။ အရပ် ၅ ပေ ၂ လက်မ။ ပေါင် လွန်ခဲ့သော်တလကျော်က ၁၃၅ နီးပါး။ ယခု ၁၁၈ ပါ။ စာရင်းကိုင်ဆိုတော့ အထိုင်များပါတယ်။ လေ့ကျင့်ခန်းလည်းမလုပ်ဖြစ် အစားအသောက်ကလည်း မရှောင်ဆိုတော့ ပေါင် ၁၁ဝ ကနေ ပေါင် ၁၂ဝ ထိတတ်လာပါတယ်။ အာ့နဲ့ ပိန်ဆေးဆိုတာတွေ လိုက်သောက်ရင်း ၁၃၅ နီးပါးထိ တတ်သွားပါတယ်။ အခု အွန်လိုင်းမှာ ခေတ်စားနေတဲ့ baschi ဆိုတဲ့ပိန်ဆေးဟာ တကယ်ကျတယ်၊ ဈေးလည်း သက်သာတော့ ဝယ်သောက်မိပါတယ်။ တလလောက်သောက်ပြီးချိန်မှာ ၁ဝ လောက်ကျသွားပါတယ်။ ဆေးသောက်နေချိန်မှာ ရေအလွန်ငတ်ပါတယ်။ အွန်လိုင်းကြော်ငြာဆေးတွေက ကြော်အောင်ငြာမှန်း ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးရှိမှန်းသိပေမယ့်လည်း ပိန်ချင်လို့ သောက်လိုက်မိပါတယ်။ သောက်ပြီး ၁ လကျော်ကျော်လောက်မှာ အချိုစားလို့လား တိုက်ဆိုင်လို့လားတော့မသိဘူး ချွဲထလာပါတယ်။ သမီးက ချွဲသလိပ်ကို လုံးဝလုံးဝ ဟပ်မထုတ်တတ်ပါ။ ချွဲကြေဆေးတွေသောက်ပေမယ့် မရဘူး။ ၃-၄ ရက်လောက်နေတော့ လည်းချောင်းထဲကနေ အနံ့တမျိုးရလာပါတယ်။ နောက် အခါးဓါတ်လိုမျိုးလည်းရလာပါတယ်။ အူမကြီး အနံ့ထွက်လာလို့ ဆက်မသောက်ဖြစ်ဘူးဆိုပြီး အွန်လိုင်းမှာ တယောက်ရေးထားတာဖတ်လိုက်မိတော့ အဲ့ဒါများဖြစ်တာလားဟင်။ သူငယ်ချင်းတွေကတော့ ပူလို့ ချွဲပုပ်ဖြစ်သွားတာ နေမှာပါလို့လည်းပြောတယ်။ ပိန်ဆေးကို ဖြတ်လိုက်တော့ အာ့အနံ့နဲ့အခါးဓါတ်ကြီး သက်သာသွားသလိုပဲ အချိုလည်း ရှောင်လိုက်ပါတယ်။ နောက် ပိန်းဆေး ၃ရက်လောက်ပြန်သောက်ကြည့်တော့ ပြန်ဖြစ်လာပါတယ် အဲ့ရက်ပိုင်း အချိုပြန်စားမိသေးတယ်။ ဆေးခန်းသွားပြဖို့က အခြေအနေအမျိုးမျိုးကြောင့် အဆင်မပြေသေးတာရယ်၊ ဘယ်ဆရာဝန်နဲ့ ပြရမလည်းမသိတာရယ်။ အထွေထွေနဲ့ပြရမလား ခံတွင်း,လည်ချောင်းတခုခုလားကြောင့် မပြဖြစ်သေးပါဘူး။ သမီး ဆေးဘူးပုံနဲ့ ဆေးဘူးမှပြါဝင်တာတွေရေးထားတာကို ဓါတ်ပုံရိုက်ပို့လိုက်ပါတယ်။ သမီးဖြစ်နေတာ ဘာရောဂါ ဖြစ်နိုင်လည်းနဲ့ ဘယ်အပိုင်းနဲ့ပတ်သတ်ပြီး ဆရာဝန်ပြရမှာလည်းဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါလား။

Baschi Pink Quick Slimming ပိန်ဆေးက ကြော်ငြာဆေးဖြစ်ပါတယ်။ နာမည်ကွဲလေးတွေ၊ ဆေးဗူးအရောင်မျိုးမျိုး၊ မော်ဒယ်ဂဲလ် အမျိုးမျိုးနဲ့ ရောင်းပါတယ်။

ဝလွန်းသူများ နှလုံး-သွေးကြောရောဂါ၊ ဆီးချိုနဲ့ သွေးတိုး၊ ဒီ ၃ မျိုးအပြင် အဝလွန်တာနဲ့ ကလေးမရနိုင်တာဆက်စပ်မှု ရှိနိုင်တယ်။ ငယ်ကတည်းက ဝတဲ့မိန်းကလေးတွေ အပျိုဖြစ်စောတယ်၊ ရာသီထိန်တာ ဖြစ်တတ်တယ်။ ဝတယ်လို့ ဘယ်လို ဆုံးဖြတ်မလဲ။ အရပ်နဲ့အလေးချိန်ဇယားနဲ့ တွက်တာအပြင် BMI ဆိုတာနဲ့လဲ တိကျအောင် တွက်သေးတယ်။ သူ့အလေးချိန်ရဲ့ ၃ဝ% က အဆီဖြစ်နေရင် အဝလွန်တယ်လို့ သတ်မှတ်တယ်။ ၅ ပေ ၁ လက္မ အမျိုးသမီး ဆိုရင် ၁ဝ၅ ပေါင် နဲတယ်၊ ၁၂၂ သင့်တယ်၊ ၁၄ဝ ပေါင်များတယ်။ အမှန်က ဝရင် မ-ဟော်မုန်း များနေတယ်။ သူများနေရင် (ဘဲလင့်စ်) မျှခြေပျက်တော့ မျိုးဥအိမ်ကနေ မျိုးဥ ထွက်တာကို အဟန့်အတား ဖြစ်စေတာမို့ ကလေးရမှာကို သက်ရောက်စေတယ်။ ကိုယ်ဝန်ရပြီး မွေးတဲ့အခါလဲ သူများထက် ခက်သေးပြန်တယ်။

အရပ် 5'-6" ရှိတဲ့ မိန်းကလေးဟာ အလေးချိန် 129.58 Lb - 139.7 Lb) လို့ နိုင်ငံတကာစံညွှန်းက ဆိုပါတယ်။ 123 Lb ရှိသင့်တယ်လို့ နောက်တနည်းက အဖြေပေးပါတယ်။ ဒီဂဏန်းအားလုံးက အနောက်နိုင်ငံတွေ အတွက်ပါ။ အာရှမှာဆို ဒီထက် နည်းတာတောင် ပုံမှန်ဖြစ်မယ်။ ဆေးတွေကို သိပ်အားမပေးပါ။ ပိန်ဆေးထဲမှာ လူသုံးများတာကတော့ Sibutramine ဖြစ်တယ်။ အိန္ဒိယမှာတော့ ကုဋေ ၂ဝဝ ကိုယ်အလေးချိန်ကျဆေး ဈေးကွက်ထဲမှာ Meridia နာမည်နဲ့ ရောင်းနေပါတယ်။ အမေရိကားနဲ့ ဥရောပမှာတော့ ဒီဆေးကို ရောင်းခွင့် ပိတ်လိုက်ပါပြီ။ နှလုံးရောဂါဖြစ်စေနိုင်လို့ပါ။

ကိုယ်အလေးချိန်ချ ဥပဒေသ
အဆီ တပေါင်ကျအောင် (ကလိုရီ) ၃၅ဝဝ ကို ပိုပြီးကုန်စေအာင် လုပ်ရမယ်။ မလွယ်ဘူးထင်နိုင်တယ်။ လိုတဲ့ခရီးရောက်ဘို့ ခြေတလှမ်းချင်းနဲ့စရတာချည်းဘဲ။ တိကျချင်သူတွေအတွက်ရေးပါမယ်။

၁။ BMR တွက်ပါ။ လူတယောက် အသက်ရှူတာ။ အစာချေတာစတဲ့ မလုပ်မဖြစ်အလုပ်တွေအတွက် လိုအပ်တဲ့ အနည်းဆုံး (ကလိုရီ) ကိုပြောတာပါ။ နေ့တိုင်း ဒါထက်ပိုမစားပါနဲ့။

၂။ ကိုယ်လုပ်နေရတဲ့ အလုပ်မျိုးရဲ့ သဘောသဘာဝကို တပါတ်စာအတွက် ချိန်ဆပါ။ အိပ်နေ၊ ထိုင်နေ၊ လမ်းသွားနေ၊ လေ့ကျင့်ခန်းလုပ်နေ၊ ထမင်းချက်နေ၊ စတာတွေအတွက် သုံးရတဲ့ (ကလိုရီ) တွေချရေး။ ပေါင်းထည့်ပါ။

၃။ ကိုယ်စားနေသမျှ (ကလိုရီ) တွက်ချပါ။ တပါတ်စာစစ်ဆေးကြည့်ပါ။

၎။ BMR ဂဏန်းထဲကို ၂ နဲ့ပေါင်းပြီး၊ ၃ ကို နုတ်လိုက်ပါ။ စားနေတာက ပိုရင် ဝလိမ့်မယ်။ ပြင်ပေတော့။

၅။ Coke သောက်မဲ့အစား ရေတခွက်သာသောက်လိုက်ပါ။ ၉၇ (ကလိုရီ) သက်သာစေတယ်။ ထောပတ်သုတ်မစားဘဲ ရှောင်တာ တဇွန်းကနေ ၁၈၅ (ကလိုရီ) သသက်သာစေမယ်။ လေကားအတက်အဆင်း ၁ဝ ခါလုပ်တာနဲ့ ၁ဝဝ ကိုကုန်စေမယ်။ ၁ဝ မိန်စအိပ်ရစောထပြီး လမ်းခဏလျှောက်တာ ၁ဝဝ ကုန်စအုံးမယ်။ တီဗွီကြည့်ပြီး ၁ဝ မိနစ် ယောဂ လုပ်ရင် ၅ဝ ကုန်စေမယ်။

၆။ လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ချဘို့ ဒုတိယအရေးပါတယ်။ အကြမ်းအားဖြင့် တပါတ်ကို မိနစ် ၂၅ဝ လုပ်ရမယ်။ မိနစ် ၅ဝ စီ ၅ ရက်။ စလုပ်တဲ့သူ တပါတ် ၃ ရက်ကနေစနိုင်တယ်။

အဝလွန်ခြင်းအတွက်ဆေးတွေကို ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုပြုလို့ ထွက်လာတဲ့ ရလဒ်တွေအရ -
1. Diethlyproprion = Trade off မသုံးတော့၊
2. Fluoxetine = Trade off မသုံးတော့၊
3. Maxindol = Trade off မသုံးတော့၊
4. Orlistat = Trade off မသုံးတော့၊
5. Phentermine = Trade off မသုံးတော့၊
6. Sibutramine = Trade off မသုံးတော့၊
7. Sibutramine + Orlistat = Trade off မသုံးတော့၊
8. Dexfenfluramine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် စိတ်မချရ၊
9. Fenfluramine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် စိတ်မချရ၊
10. Fenfluramine + Phentermine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် စိတ်မချရ၊
11. Phenylpropanolamine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် ဒုက္ခပေးနိုင်သည်။

ဖတ်နိုင်တဲ့စာတွေ -
• Weight loss pills are dangerous ပိန်ဆေးတွေအန္တရာယ်
• Weight loss ပိန်ချင်သလား
• Weight loss surgery cures half of type-2 diabetes cases ကိုယ်အလေးချိန်လျှော့ပေးတဲ့ခွဲစိတ်ကုသနည်းက ဆီးချိုကိုပါပျောက်စေ
• Causes of sudden weight loss ကိုယ်အလေးချိန် မထင်မှတ်ဘဲ ဘာလို့ကျသလဲ
• Low-fat diets for weight loss အဆီနည်းအစာနဲ့ ဝိတ်လျှော့ခြင်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး