မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, March 8, 2016

History of Daylight Saving Time နေ့အလင်းရောင်ချွေတာရေး နာရီပြောင်းစနစ်

အခုရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ နေရင်းထိုင်ရင်း နာရီပြောင်းပေးရတာ ၂ဝ၁၄ မှာ ၁ခါ၊ ၂ဝ၁၅ မှာ ၂ ခါရှိပြီ။ ၁၃ ရက်နေ့မှာ ၁ ခါထပ်ပြောင်းရမယ်။
Daylight Saving Time (United States)
• 2014 began at 2:00 AM on Sunday, March 9 and ended at 2:00 AM on Sunday, November 2
• 2015 begins at 2:00 AM on Sunday, March 8 and ends at 2:00 AM on Sunday, November 1
• 2016 begins at 2:00 AM on Sunday, March 13 and ends at 2:00 AM on Sunday, November 6

နာရီပြောင်းရတဲ့အလေ့အထကနေ အင်နာဂျီချွေတာစေတယ်။ နေ့အချိန် နေအလင်းရောင်ကို ပိုပြီးကောင်းကောင်း အသုံးချစေမယ်။ သမိုင်းရှိပါတယ်။ သုံးစွဲလာတာ နှစ် ၁ဝဝ လောက်ရှိနေပြီ။ ရောမခေတ် ရေနာရီသုံးတုံးကလည်း စကေးမတူတာနဲ့ သုံးခဲ့တယ်။ အမေရိကန်သမတ ဘင်ဂျမင်ဖရင့်ကလင်က An Economical Project for Diminishing the Cost of Light ဆောင်းပါးကို ၁၇၈၄ တုံးကရေးခဲ့တယ်။

ဒီစနစ်ရဲ့ အဓိကပညာရှင်ကတော့ နယူးဇီလန်သား ဂျော့ခ်ျ ဗာမွန် ဟဒ်ဆန် ဖြစ်တယ်။ ၁၈၉၅ မှာ သူက Wellington Philosophical Society ထဲမှာ အောက်တိုဘာလနဲ့ မတ်လတွေမှာ ၂ နာရီစီပြောင်းဖို့ အကြံပြုလိုက်တယ်။ ဗြိတိသျှလူမျိုး ယီလီယန် ဝေးလက်က ၁၉ဝ၅ မှာ ဧပြီလမှာ တနင်္ဂနွေ (၄ ရက်) တိုင်းမှာ မိနစ် ၂ဝ ကျ ရွေ့ဖို့ အဆိုပြုခဲ့တယ်။ အလားတူ စက်တင်္ဘဘာမှာလည်း အဲလိုပဲပြန်ရွေ့ဖို့ဖြစ်တယ်။ ၁၉ဝ၉ မှာ ပထမဆုံး Daylight Saving Bill ဥပဒေတင်ပေမဲ့ တော်တော်နဲ့မကျနိုင်ဘူး။ ဂျာမဏီဟာ ၃ဝ-၄-၁၉၁၆ ကစပြီး ပဌမဆုံးသုံးခဲ့တဲ့တိုင်းပြည်ဖြစ်လာတယ်။ ၃ဝ-၄-၁၉၁၆ နေ့ ည ၁၁ နာရီမှာ ရှေ့ကို တနာရီ ရွေ့စေတယ်။

အချိန်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာရှိတယ်။ အမေရိကမှာ ဒုတိယကမ္ဘာစစ်တုံးက ၉-၂-၁၉၄၂ ကနေ ၃ဝ-၉-၁၉၄၅ အထိ War Time ကိုလုပ်ခဲ့တယ်။ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရအပြီး ရက် ၄ဝ မှာဖြစ်တယ်။ Eastern War Time, Central War Time, Pacific War Time လို့ခေါ်တယ်။ ၁၉၄၅ သြဂတ်စ်လလယ်မှာ ဂျပန်က လက်နက်ချတော့ Peace Time လို့ ခေါ်တယ်။ Daylight Saving Time ကို သမတ ဝုဒ်ရိုး ဝီလဆင်က ၁၉၁၈ မှာ စသုံးစေခဲ့တယ်။

ကနေ့ နေ့အလင်းရောင် ချွေတာရေး နာရီပြောင်းစနစ်ကိုသုံးနေတာ နိုင်ငံပေါင်း ၈၅ နိုင်ငံရှိတယ်။ ဒီလိုလုပ်တဲ့စနစ်ကို ထားသင့်မသင့် ငြင်းကြပါတယ်။ ငြင်းဆိုချက်တွေကတော့ အလုပ်ရှုတ်တာပဲ။ အမေရိကန်တွေကို ဆန်းစစ်မှုလုပ်တော့ ဆက်ထားသင့်သူက ၃၇% ရှိပြီး၊ ၄၅% က မထားပါနဲ့တဲ့။ တောင်သူတွေအမြင်။ ဘာလုပ်လုပ် မထူးပါဘူးတဲ့။ လုံခြုံရေးစိုးရိမ်ချက်။ အိပ်ရာဝင်ချိန်ထချိန် အပြောင်းအလဲလုပ်ရမယ်။ ယာဉ်အန္တရာယ်ရှိနိုင်တယ်။ ကျန်းမာရေးအန္တရာယ်။ လေ့လာမှုလုပ်တော့ ကျန်းမာရေးကိုသက်ရောက်တာ တွေ့ရပါတယ်။ နှလုံးအတက်ခ်ပိုရတယ်။ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းများတယ်။ စိတ်ဓါတ်ကျတာပိုတယ်။ အိပ်ချိန်ကသိကအောင့်ဖြစ်မယ်။

ကွန်ပြူတာနဲ့ဆက်ထားတဲ့အချိန်တွေကတော့ အလိုလိုပြောင်းပေးထားလို့ တော်သေးတယ်။ နံရံကပ်နာရီ၊ နိုးစက်နာရီနဲ့ မီးဖိုသုံးစရာတွေကနာရီတွေကိုတော့ ချိန်ကိုက်လုပ်ယူရတယ်။

ဒေါက်တာတင့်ဆွေ
၂-၁၁-၂ဝ၁၄
၇-၃-၂ဝ၁၅
၈-၃-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.