Infant sleep problems အအိပ်အနေနည်းတဲ့ကလေး

ဆရာရယ် ကယ်ပါဦးရှင်။ သမီးလေးက တနှစ်တလရှိပါပြီ မွေးကတည်းက အသိပ်ခက် အအိပ်ခက်တာ အခုဆို ည ၂ ကျော်မှအိပ်ပါတယ်။ နေ့လည်လည်း တရေးပဲအိပ်ပါတယ်။ တနာရီခွဲကျော်ကျော်အိပ်ချိန်ရှိပါတယ်။ ကြီးသွားတဲ့အထိ အကျင့်ပါသွားမှာ စိုးလို့ပါ။ ဘာဆေးမှတိုက်လို့မရဘူးပေါ့နော်ဆရာ။ အစာကျွေးတာနဲ့ ပတ်သတ်တာ ဆရာ့နည်းအတိုင်း ကျွေးတာ အဆင်ပြေသွားလို့ အခုလည်း ညွန်ကြားပေးပါအုံးဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

ကိုယ်တယောက်တည်းမဟုတ်ပါ။ မေးတဲ့သူမျိုး မိခင်တွေအများကြီးရှိတယ်။
• နို့တိုက်တာမှာ နေ့ခင်းကို ကလေးနေသာဘို့ မငိုဖို့ရည်ရွယ်ပြီးတိုက်ပါ။ ညပိုင်းတိုက်တာက ကလေးငြိမ်ကျပြီး အိပ်ပျော်စေဘို့ရည်ရွယ်ပါ။
• ကလေး ၆ ပါတ်ကနေ ၈ ပါတ်အတွင်း သူ့အလိုလိုအိပ်ပျော်စေအောင်လုပ်ပေးပါ။ သူအိပ်ချင်သလိုဖြစ်တာနဲ့ ချသိပ်ပါ။ တကယ်လို့ အဲဒီအချိန်မျာ ပုခက်လွှဲပေးတာဖြစ်ဖြစ် နို့တိုက်သိပ်တာဖြစ်ဖြစ် လုပ်ပေးရင် ကလေးက အဲလိုလုပ်မှသာ အိပ်ချင်လာတော့မယ်။
• အိပ်ချိန်သတ်မှတ်ချက်ကြိုးကြည့်ပါ။ လွယ်တဲ့နည်းရွေးပါ ဥပမာ ရေချိုးပေး၊ ဒိုင်ယာပါလဲပေးမယ်။ သီချင်းဆိုသိပ်မယ်။ ဒါမှမဟုတ် နှိပ်နယ်ပေးမယ်။
• ကလေးခြုံစောင်လေးသုံးပါ။ သားမွှေးအဝတ်ခုခုသုံးပါ။ မိခင်အနံ့ရအောင် အဲတာမျိုးကို မိခင်ကိုယ်နဲ့အနီးအနားမှာ အရင်ထားပေးထားပါ။
• ကလေး ၄-၅ လမှာနေသားကျပြီလား။ အောက်ချလိုက်တာနဲ့ငိုတဲ့ကလေးကို စကားပြောပြီး နှစ်သိမ့်ပါ။ ဒါပေမယ့် အိပ်ချိန်ကျပြီလို့ပြောပေးပါ။ သူအိပ်မပျော်ခင် အဝေးခွါသွားပြီး စောင့်ကြည့်ပါ။ ပြီးမှ ပြန်စစ်ပါ။
• ကလေး ၆ လ ကျော်ပြီဆိုရင် အငိုတိတ်နည်းစုံသုံးပါ။ ငိုတာနဲ့ ချက်ချင်းပြုစုတာမလုပ်ပါနဲ့။
• ကလေးကို နေ့အချိန်မှာ နေ့မှန်းသိအောင်လုပ်ပါ။ ဥပမာ နေရောင်နဲ့ တနေ့ ၂ ခါလောက်တွေ့စေပါ။ ညအချိန်မှာ ညမှန်း သိစေအောင်လုပ်ပါ။ ဥပမာ အလင်းရောင်နည်းမှောင်လာတာသိအောင်လုပ်ပါ။
• မအိပ်ခင်ရေးနွေးလေးနဲ့ချိုးပေးနည်းလည်းစမ်းပါ။ ရေချိုးချိန်ဆိုတာ ကိုယ်အဆင်ပြေချိန် သတ်မှတ်ပေးလို့ရတယ်။ ကိုယ့်သဘောသာဖြစ်တယ်။ တချို့က ရေးချိုးရင် လန်းဆန်းသွားတယ်။ တချို့ကလေးက အိပ်ချင်လာတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၈-၂ဝ၁၅
၂ဝ-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး