The End ပီ နဲ့ ပြီ

share လိုက်ပါပီရှင့် ကျေးဇူးပါ။

ပါပြီလို့ရေးရပါတယ်။ ပါပီဆိုရင် တမျိုးဖြစ်သွားပြီ။ Smile

ပီ = ပီတိ၊ ပီသ၊ ပီပြင်၊ ပီနံသီး၊ ပီဆိုပိုက်ဆံ၊ ပီပါ၊ ပီယဝါစာ၊ ပီလားကောင်၊ ပီလောပီနံဥ၊ ပီပီသသ၊ ပီယဆေး။

ပြီး = ပြီးဆုံးသည်၊ ပြီးစလွယ်လုပ်သည်၊ ပြီးကပစ်လုပ်သည်၊ ပြီးစီးသွားပြီ၊ ပြီးပြည့်စုံ၊ ပြီးမြောက်အောင်လုပ်သည်၊

ပြီ = သွားပြီ၊ လာပါပြီ၊ စားပြီးပြီ၊ အရင်အစိုးရသက်တမ်းကုန်ဆုံးပြီ၊ ဇာတ်ကြမ်းရုပ်ရှင် ပြီးပါပြီ။

ပြီကို ပီလို့ရေးတာ ဒေါက်တာသန်းထွန်းတယောက်သာရှိတယ်။ သူက ပုဂံကိုလည်း ပုကံလို့သာရေးတယ်။ အရင်သတ်ပုံစာအုပ်တွေနဲ့ နောက်စာအုပ်တွေမှာ ပြီ-ပြီးလို့သာ ရေးပါတယ်။ ကျောင်းတွေမှာလည်း ပြီ-ပြီးလို့သာ သင်မယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး