Diabetes and Tobacco ဆီးချိုနဲ့ ဆေးလိပ်

လူ (၄) ယောက်မှာ (၁) ယောက်က သူတို့ကိုယ်သူတို့ ဆီးချိုသမားလို့မသိကြပါ။ အောက်ပါအုပ်စုတခု (သို့) တခုမက ထဲမှာပါနေလျှင် ဆီးချိုဖြစ်ရန်အန္တရာယ်ရှိနေပါပြီ။
• အသက် ၄၅ နှစ်ကျော်မည်သူမဆို
• ဆေးလိပ်သောက်သူ (သို့) ဆေးငုံသူ၊
• ကျန်းမာရေးနှင့်မညီညွတ်တဲ့ အစားအသောက်စားသူ၊
• ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းမလုပ်သူ၊
• ဆီးချိုမိသားစုရာဇဝင်ရှိသူ၊
• ကိုယ်အလေးချိန်များလွန်းသူ၊
• သွေးတိုးရှိသူ၊
•ကိုလက်စထောများသူ။

ဆီးချို ထိန်းချုပ်ရေး အေဘီစီ
(က) A1C (အေ-ဝမ်း-စီ) - သွေးစစ်ခြင်းသည် သင့်သွေးထဲရှိ ဂလူးကို့စ် (သို့) သကြားဓါတ်အနည်းအတွေကို သိစေမယ်။ သင့်ဆရာဝန်ထံ တနှစ်လျှင် အေ-ဝမ်း-စီ နှစ်ကြိမ်၊ အနည်းဆုံး ၃ လခြာ စစ်ရန်ပြောပါ။ အေ-ဝမ်း-စီ ရှိရန်မှာ ၇့ဝ% ထက် မကျော်စေရန်။
(ခ) သွေးဖိအား - ဆီးချိုရှိနေလျှင် သွေးထဲရှိ ဂလူးကို့စ်ကိုထိန်းရန်မှာ နံပါတ်တစ်ဖြစ်သည်။ ဆရာဝန်နှင့်တွေ့တိုင်းစစ်ပါ။ သွေးဖိအားကိုလည်း ၁၄ဝ/၉ဝ ထက်မကျော်စေရန်ရည်မှန်းပါ။
(၈) ကိုလက်စထော - ကိုလက်စထောကို အနည်းဆုံးတနှစ်တကြိမ်စစ်ပါ။ သင်၏ LDL သည် ၁ဝဝ ထက်နည်းနေရမယ်။ HDL သည် အမျိုးသားတွေ ၄ဝ ထက်များနေရမယ်။ အမျိုးသမီးတွေ ၅ဝ ထက်များနေရမယ်။

အသက်အရွယ်မရွေး ယောက်ျား-မိန်းမတိုင်းဟာ တိုဘက်ကိုဆေးစွဲနေတာကိုဖြတ်လိုက်တာနဲ့ ချက်ချင်းရော တာရှည် အကျိုးကျေးဇူးတွေရစေမယ်။ ဆီးချိုရှိနေလျှင် ဆေးလိပ်သောက်ခြင်းကနေ ပိုမိုဆိုးဝါးတဲ့ ဆီးချိုဖြစ်မယ့်အန္တရာယ် ကျရောက်စေနိုင်ပြီး၊ ထပ်ဆောင်း နာတာရှည် ကျန်းမာရေးပြဿနာတွေရှိပြီး အသက်တိုနိုင်သည်ကို နားလည်သင့်သည်။ ဆီးချိုရှိနေသူ ဆေးလိပ်သောက်ပါက မျက်စိအမြင်နှင့် သွားပြဿနာတွေ၊ ကျောက်ကပ်အလုပ်မလုပ်ခြင်းနှင့် သွေးလှည့်ပတ်မှုခက်ခဲခြင်းမှဆက်ပြီး ခြေမ၊ ခြေထောက်ဖြတ်ရသည်အထိ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဆေး-ဆေးလိပ်ဖြတ်ရန်မှာ လွန်စွာအရေးကြီးပါသည်။

ဆီးချိုနှင့် တိုဘက်ကိုဆေးသုံးစွဲခြင်းမှ ဖြစ်လာတတ်သည်တွေမှာ -
• သွေးကြောရောဂါ တိုဘက်ကိုဆေးသုံးစွဲခြင်းဖြင့် တကိုယ်လုံးရှိသွေးကြောတွေကို ပျက်စီးစေသည်။
• ဆီးချိုရှိနေသူ ဆေးလိပ်သောက်ပါက နှလုံးအတက်ရခြင်း၊ ဆထုပ်ရခြင်းတို့ မသောက်သူတွေထက် ၁၁ ဆ ပို၍ဖြစ်နိုင်သည်။
• ဆီးချိုရှိသူတွေ တိုဘက်ကိုဆေးသုံးပါက အာရုံကြောတွေပျက်စီးခြင်း အန္တရာယ်တိုးစေသည်။
• ဆီးချိုရှိသူတွေ တိုဘက်ကိုဆေးသုံးပါက မျက်စိမြင်လွှာရောဂါထိခိုက်ပြီး မျက်စိကွယ်နိုင်တဲ့ အန္တရာယ်ရှိသည်။
• ဆီးချိုရှိသူတွေ တဘက်ကိုဆေးသုံးစွဲပါက သွားပျက်စီးရန် အန္တရာယ်တိုးစေသည်။

တိုဘက်ကိုဖြတ်ခြင်း အကျိုးကျေးဇူးတွေ
၁။ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂ဝ အတွင်း သင်၏ နှလုံးခုန်နှုန်းနှင့် သွေးဖိအား ပုံမှန်ပြန်ရောက်မယ်။
၂။ တိုဘက်ကိုကင်းရှင်းခြင်း ၁၂ နာရီအတွင်း သင့်သွေးထဲရှိ ကာဗွန်မိုနော့ဆိုက်မှာ ပုံမှန်ပြန်ရောက်မယ်။
၃။ တိုဘက်ကိုကင်းရှင်းခြင်း ၂ ပါတ်မှ ၃ လအတွင်း သင်၏ သွေးလည်ပတ်မှုနှင့် အဆုပ်အလုပ် တိုးတက်လာမယ်။
၎။ ၁ လမှ ၉ လအတွင်း သင်၏အဆုပ်အလုပ် ပုံမှန်ပြန်ဖြစ်လာမယ်။ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝခြင်းနည်းလာမယ်။ ချွဲထွက်ခြင်း နည်းလာမယ်။ အဆုပ်သန့်လာမယ်။ ရောဂါပိုဝင်းခြင်းနည်းလာမှု တိုးတိုးတက်လာမယ်။
၅။ ပဌမ ၂ ပါတ်အတွင်း အရသာနှင့် အနံ့ခံမှု ပုံမှန်ပြန်ရောက်လာမယ်။
၆။ လက်သည်းတွေ၊ သွးတွေနှင့် အရေပြားအရောင်ပြောင်းခြင်းတွေ ကင်းစင်လာမယ်။
၇။ အားအင်ပိုကောင်းလာမယ်။ အဆုပ်စွမ်းရည်တိုးလာမယ်။ ရုပ်ပိုင်းစွမ်းဆောင်ရည်တွေလည်း တိုးတက်လာမယ်။
၈။ သင်၏အသားအရေ ကျန်းမာရေးနှင့်ညီညွတ်လာပြီး မိမိကိုယ်ကိုယ်ယုံကြည်မှု တိုးတက်လာမယ်။
၉။ တနှစ်ကြာ တိုဘက်ကိုဆေးကင်းရှင်းခြင်းနေထိုင်ကြည့်ပါ။ ဆေးလိပ်သောက်သူထက် နှလုံးသွေးကြောရောဂါအန္တရာယ် ထက်ဝက်နည်းလာမယ်။
၁ဝ။ ဆေးလိပ်ဖြတ်ခြင်း ၅ နှစ်ဆိုလျှင် ဆေးလိပ်မသောက်သူမှာရှိသည့် အန္တရာယ်ရှိသည့်အဆင့်သို့ ရောက်ရှိလာမယ်။
၁၁။ ၁ဝ နှစ်ကြာလျှင် ခံတွင်း၊ လည်ချောင်း၊ အစာမျိုပြွန်၊ ဆီးအိမ်၊ သရက်ရွက်ကင်ဆာဖြစ်နိုင်သည့်အန္တရာယ်မှာ ဆေးလိပ်မသောက်သူ ကဲ့သို့ဖြစ်လာမယ်။
၁၂။ တိုဘက်ကိုဆေးကင်းရှင်းခြင်း ၁၅ နှစ်ကြာပါက နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေမှာ ဆေးလိပ်မသောက်သူကဲ့သို့ ဖြစ်လာမယ်။

တိုဘက်ကိုဆေးဖြတ်ရတာ ခက်ပါတယ်။ အရင်ကလည်း သင်ဟာ ဖြတ်ဘို့ ၂ ကြိမ်၊ ၃ ကြိမ်၊ ၄ ကြိမ် အကြိမ်ကြိမ် ကြိုးစားခဲ့နိုင်ပါတယ်။ ဒါပေမယ့် ခုထိ မဖြတ်နိုင်သေးတာဖြစ်ပါမယ်။ အားမလျှော့ပါနဲ့။ ဖြတ်ဖို့ကြိုးစားတဲ့ အကြိမ်တိုင်း ကနေ သင့်ကိုအောင်မြင့်မှုနဲ့ ပိုနီးကပ်လာစေခဲပါပြီ။ သင်ဖြတ်နိုင်မှာပါ။

ကိုယ်ဝန်နဲ့ ဆေးလိပ်
မိခင်ဘဝအတွက် ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်နေစဉ် တိုဘက်ကိုဖြတ်ရန် အရေးကြီးပါသည်။ ကိုယ်ဝန်ရှိနေစဉ် ဆေးလိပ်သောက်ပါက သင်၏ မမွေးသေးတဲ့ကလေးအပေါ် သက်ရောက်ပါမယ်။ ဆေးလိပ်သောက်သူတွေ အနီးအနားတွင် နေထိုင်ရပါကလည်း သင်နှင့် သင့်ကလေးကိုပါ ဘဝတလျှောက်လုံးကို သက်ရောက်စေမယ့် အန္တရာယ်ရှိဓါတုပစ္စည်းတွေနှင့် ထိတွေ့စေပါမယ်။ သင်ကိုယ်ဝန်ဆောင်နေစဉ် မယ်မျှပင် ကြာပါစေ သင်ယခု ဆေးလိပ်ဖြတ်လိုက်သည်နှင့် သင်နှင့် သင့်ကလေးတို့ ပိုမိုကျန်းမာလာကြပါမယ်။ ဆေးဖြတ်ပြီးသူ ဆေးလိပ်သောက်သူ ကိုယ်ဝန်ဆောင်တွေ ကလေးဖွါးပြီးနောက် ထပ်သောက်တတ်ကြပါသည်။

ကိုယ်ဝန်ဆောင်နေစဉ် တိုဘက်ကိုဆေး ကင်းရှင်းနေခြင်း၏ အကျိုးကျေးဇူးတွေ
• သင့်ကလေး အောက်စီဂျင်ပိုရမယ်း ၎င်းကနေ ဖွံ့ထွားမှုကို အားပေးမယ်။
• သင့်ကလေးအဆုပ်တွေ အလုပ်ကောင်းစွာ လုပ်စေမယ်။
• သင့်ကလေး စောမွေးခြင်းအန္တရာယ်နည်းစေမယ်။
• ကျန်းမာသည့်ကလေးဖြစ်စေရန် အလားအလာ ကောင်းစေမယ်။
• သင့်ကလေး ကျန်းမာရေးပြဿနာတွေ (ချောင်းဆိုး၊ အအေးမိ၊ နားရောင်၊ ပန်းနာ) ဖြစ်လမ်း နည်းစေမယ်။
• ကလေးငယ်တွေ ရုတ်တရက်သေဆုံးခြင်းရောဂါအစုအဝေး (SIDS) ဖြစ်စရာ နည်းစေမယ်။
• မိခင်မှာ ခွန်အားပိုရပြီး အသက်ရှူရတာ ပိုကောင်းမယ်။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး