ထဘီ

၁။ ထဘီနဲ့ ထမီ ဘယ်ဟာမှန်လည်းဆရာ။

၂။ ထဘီ နဲ့ ထမိန် ကွဲလွဲပုံလေးတင်ပေးပါဦးဆရာ။

မိန်းမဝတ်လုံချည်ကို ထဘီလို့ ရေးပါတယ်။ အရင်က ထမီလို့လည်းရေးတာရှိတယ်။ ထမိန်လို့ အသံထွက်တယ်။


ညီညာထကြွ
ထထကြွကြွ
ထကြွလုံ့လ
ထကြွနိုးကြား
ထလွန်းလျှင် ထိုင်ရသည်
ထသည် ထိုင်သည်
ထမြောက်အောင်မြင်
ပင်နီအင်္ကျီ ယောထဘီ
ပဌမ (ပထမ)
ပထဝီ
သူပုန်ထ
ဆေးထသည်

ဘီ
ထဘီ
နတ်ဘီလူး
ဘီကျားငှက်
ဘီဘီ
ဘီရာအရက် (အရင်က ဘီယာလို့မရေးပါ)
ဘီလုံးငှက်
ဘီလူး
ဘီလူးမဝမ်းစည်းသံ
ဘီလူးရယ်စပ်နည်း
ဘီသုံးလုံးတံဆိပ်
ဘေဘီ

မိန်
ပညာရှိသုခမိန်
မိန်ချပ်၊ ချပ်မိန်ညို (စစ်အင်္ကျီ)
မိန်ရာသီ
သမိန်ဘရမ်း
သမိန်စောထွတ်အမတ်
ရေမိန်ရွာ

- မောင်တို့ရွာမှာ ဘာတွေပေါပါလိမ့်၊ ပင်နီချောနဲ့ ယောထဘီ၊ ပင်အင်္ကျီမှာ ကြွေတွေစီလို့
- ကမ္ဘာတွင် မြန်မာမျိုးတို့ ဓမ္မာရိုးအစဉ်၊ ဖျင်ပင်နီနှင့် ဆင်ထဘီ၊ တဘက်ကြမ်းတို့ကို ရက်ကန်းတွင် လွန်းပြန်ထိုးပါလို့ ပန်းဆိုးကာ ကိုယ်စီဝတ်ကြရ၊ မိုးစွတ်နှင့်နေပူခံ့

ဒေါက်တာတင့်ဆွေ
၎-၁-၂ဝ၁၇
၁၄-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး