Heart attack vaccine နှလုံးရောဂါ ကာကွယ်ဆေးကို အိန္ဒိယမှာ စမ်းသပ်ရန်ရှိ

• ဆွီဒင်ဆေးပညာရှင်တွေ တီထွင်ထားတဲ့ Heart attack နှလုံး ‘အတက်’ ရတာကို ကာကွယ်မဲ့ဆေးကို အိန္ဒိယမှာ စမ်းသပ်ဘို့ စီစဉ်နေပါတယ်။
• အိန္ဒိယမှာ ၂ဝ၁ဝ ခုနှစ်ထဲမယ် နှလုံးသွေးကြောရောဂါသည်ပေါင်း ၄၅ သန်းရှိတယ်။ လာမဲ့နှစ်ဆိုရင် သန်း ၆ဝ ရှိနိုင်တယ်။
• Coronary artery diseases နှလုံးသွေးကြောကျဉ်းရောဂါရလို့ Strokes ‘စထုပ်’ ခေါ်တာဖြစ်နိုင်တယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။
• Atherosclerosis ခေါ်တဲ့သွေလွှတ်ကြောတွေ ထူထဲမာကြောလာတာကနေစတယ်။
• Cholesterol သွေးထဲမှာ ‘ကိုလက်စထော’ များရာကနေ သွေးကြောနံရံမှာ Plaque ပလိပ်ခေါ်တာဖြစ်ရာကနေ ဆိုင်ရာနေရာမှာ သွေးမလျှောက်နိုင်တော့ဘဲ Myocardial infarction ရလို့ ရုတ်ရက် ရင်ပတ်အကြီးအကျယ် နာလာမယ်။ Stroke ဦးနှောက်သွေးလွှတ်ကြောပိတ်နိုင်တယ်။
• ကာကွယ်ဆေးကနေ အဲဒီ ‘ပလိပ်’ မဖြစ်စေအောင် လုပ်ပေးဘို့ ရည်မှန်းထားတယ်။
• ဆွီဒင်နိုင်ငံ စတော့ဟုမ်းက Karolinska Institute ‘ကာရိုလင်စကာ အင်စတီကျု’ က ဆရာဝန်ကြီး Carani B Sanjeevi ‘ကာရာနီ ဆန်ဂျီဗီ’ ကဦးဆောင်ပြီး သုတေသနလုပ်နေတာဖြစ်တယ်။
• ကာကွယ်ဆေးကနေ LDL cholesterolခေါ်တဲ့ ဆိုးတဲ့ ‘ကိုလက်စထော’ ကို မှတ်သားတဲ့ T cells ‘တီဆဲလ်’ တွေကို Receptor လက်ခံမှုတာကို ဆန့်ကျင်စေပါမယ်။ အဲဒီအခါ Immune reaction ခုခံအားတုန့်ပြန်မှုကို တားဆီးပေးမယ်။
• ခုခံအားတုန့်ပြန်မှုကြောင့် T cells တွေ ဆိုးတဲ့ကိုလက်စထောတွေကို တိုက်ခိုက်နေတယ်။ ရောင်ရမ်းဖြစ်စဉ် ဖြစ်လာပြီး Atherosclerosis သွေးကြောကျဉ်းတာရလာတာလို့ သိထားပြီးဖြစ်တယ်။
• ကာကွယ်ဆေး အောင်မြင်ရင် ရောဂါဖြစ်မှာ ၇ဝ% ကိုကာကွယ်နိုင်ပါမယ်။ တိရစ္ဆာန်တွေကိုစမ်းတာ အောင်မြင်ပြီး ဖြစ်ပါတယ်။

http://timesofindia.indiatimes.com/india/Swedish-scientists-want-to-test-heart-attack-vaccine-in-India/articleshow/34655144.cms

ဒေါက်တာတင့်ဆွေ
၅-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး