မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, February 5, 2017

ရေးတော့အမှား ဖတ်ကားတလွဲ

ကချင်လျက် လက်ကျိုး စကားပုံရှိတယ်။ ဖတ်တဲ့အခါ သတိထားရတယ်။ ကဂျင်ရက်လို့ ထွက်ရတယ်။ ကချင်ဆိုရင် လူမျိုး ဖြစ်သွားမယ်။

ရေးတော့အမှန် ဖတ်တော့အသံဆိုတာ အဲတာမျိုးကိုပြောတာဖြစ်ပါတယ်။ ခေါင်းကိုက် (ဂေါင်းကိုက်) ကလည်း အတူတူပဲ။

ရေးတော့အမှန် ဖတ်တော့အသံစည်းမျဉ်းကို တလွဲသုံးနေကြတာ တွေ့နေရတယ်။ နေ့တိုင်း မနက်ည ဖတ်နေရတာရှိတယ်။ ကျွန်တော် တစ်ခုမေးပါရစေ။ ကျမ တစ်ခုမေးပါရစေ။ အဲတာကို တခုမေးပါရစေလို့ အသံမထွက်ရပါ။ တစ်ကို တစ်သံသာ ထွက်ရတယ်။ တစ်ခါတစ်ရံကို တခါတရံလို့ထွက်ခိုင်းတာ မှားတယ်။

ဒေါက်တာတင့်ဆွေ
၅-၂-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.