သြကာသဘုရားရှိခိုး

ဘယ်နှစ်ကြိမ်လား၊ ဘယ်နှကြိမ်လား၊ ဘယ်ဟာက အမှန်လဲဆရာ။

ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခု၊ ဘယ်နှစ်ယောက်။

ဆယ်နှစ်မြောက်
နှစ်ဖက်ချွန်
နှစ်မြို့
နှစ်ရှည်လများ
နှစ်လုံးပြူးသေနတ်
နှစ်လုံးပေါက်သီးသောအပင်
နှစ်လည်ခါကျူး
နှစ်လည်နေ့
နှစ်လို့
နှစ်ဝက်
နှစ်သက်
နှစ်သစ်ကူး
နှစ်သိမ့်
နှစ်သိမ့်ဆု
နှစ်ဦးနှစ်ဖက်
နှစ်ဦးနှစ်ဝ
နှစ်ပေါက်အထားခံသည်
နှစ်ရှောင်နှစ်ရှား
နှစ်ကုန်းတကော့
နှစ်ချင်းပေါက်အောင်သည်
နှစ်ချို့ပစ္စည်း
နှစ်ပတ်လည်နေ့
နှစ်ပရိစ္ဆေဒကြာပြီ
နှစ်ပါးစုံမွေး
နှစ်ခြိုက်သည်
နှစ်မြို့သည်
နှစ်ခြင်းသာသနာ
နှစ်လို့
နှစ်သိမ့်
နှစ်နှစ်ကာကာချစ်သည်

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)၊ စာမျက်နှာ (၉၅)

ဒေါက်တာတင့်ဆွေ
၅-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး