New contraceptive shot to reach 69 poor countries

ကိုယ်ဝန်တား ထိုးဆေး ဈေးချိုတာကို ဆင်းရဲ့တဲ့နိုင်ငံပေါင်း ၆၉ နိုင်ငံမှာ ၁ ဒေါ်လာသာ ကုန်ကျပါတော့မယ်။

Bill and Melinda Gates Foundation ဘီလ် + မယ်လင်ဒါဂိတ် ဖေါင်ဒေးရှင်းနဲ့ Pfizer pharmaceuticals ဖိုက်ဇာ ဆေးကုမဏီတို့ကနေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဆေးတခါထိုးရင် ၃ လကြာကိုယ်ဝန်တားပေးမဲ့ ဒီဆေးကို အာဖရိကတိုက်ကနိုင်ငံတွေမှာ စမ်းသပ်ခဲ့ပြီးပါပြီ။ ဆေးကတော့ လက်ရှိလဲသုံးနေတဲ့ Depo-Provera injection ထိုးဆေးဖြစ်ပေမဲ့ ထုပ်ပိုးပုံစံပြောင်းထားပါတယ်။ ဆေးထိုးလို့လဲ ပိုလွယ်စေပါမယ်။ အရေပြားအောက်မှာထိုးရမှာဖြစ်ပါတယ်။ ပလပ်စတစ်ဘူပေါင်းလေးနဲ့ အပ်ကလဲ တိုပါတယ်။

ကနေ့ ကမာမှာ အမျိုးသမီးပေါင်း သန်း ၂ဝဝ ကကိုယ်ဝန်တားနည်းလုပ်ဘို့လိုအပ်ကြတာမှန်ပေမဲ့ လက်လှမ်းမမီသူတွေ မနည်းပါ။ မြန်မာနိုင်ငံမှာ Depo-Provera ဘယ်လောက်ကုန်ကျသလဲ မသိပါ။ အိနိယမှာ ရူးပီး ၃ဝဝ-၃၅ဝ ပေးရတာမို့ ဆေးအသစ်က ၃ ပုံ ၁ ပုံသာကုန်ကျတော့မှာပါ။

ဒေါက်တာတင့်ဆွေ

၁၃-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး