NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း

NSAID (Non-steroidal anti-inflammatory drugs) ခေါ်တဲ့ (စတီရွိုက်) မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေကို Systematic review with meta-analysis စနစ်တကျ လေ့လာမှု (မက်တာ-အနာလိုက်ဆစ်) ပြုခဲ့တယ်။ ဒီဆေးတွေကြောင့် Cardiovascular risk နှလုံးသွေးကြောရောဂါဖြစ်လာနိုင်ခြေ အန္ကရာယ် နဲ့ Death သေဆုံးမှု ဆက်စပ်နေတာကို တွေ့ရှိရတယ်။ အဲဒီဆေးတွေထဲက Naproxen ဆေးကတော့ အသက်သာဆုံး ဖြစ်တယ်လို့ ၂ဝ၁၁ ဧပြီလမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

NSAIDs ဆေးတွေဟာ Mild to moderate pain သာမန်နဲ့ အသင့်အတင့် နာတာကိုရော Arthritis အဆစ်နာ ရောဂါအတွက် ရေရှည်သုံးဘို့ အတွက်ပါ ကောင်းစေတဲ့ မှတ်တိုင်ထားရမဲ့ ဆေးဝါးတွေ ဖြစ်တယ်။ ၂ဝဝ၄ ခုနှစ်မှာ Cyclooxygenase-2 (COX-2) inhibitor အမျိုးအစားဖြစ်တဲ့ Rofecoxib ဆေးကို နှလုံး-သွေးကြောရောဂါနဲ့ ဆက်စပ်တာ သိလာရလို့ ဈေးကွက်ကနေ ဖယ်ရှားလိုက်တယ်။

ဆက်ပြီးတော့ COX-2 inhibitors ဆေးတွေကိုလဲ သတိထား လေ့လာနေခဲ့တယ်။ လေ့လာမှုရလဒ်တွေက အမျိုးမျိုး ရှိတယ်။ အဲလိုဖြစ်မယ်-မဖြစ်ဘူး ကံသေကမ္မ ပြောမရသေးခဲ့ဘူး။

Network meta-analysis ကနေ Large-scale ကျယ်ပြန့်တဲ့ လေ့လာမှု လုပ်ခဲ့ပါတယ်။ Randomised controlled trials လုပ်တယ်လို့ ခေါ်တယ်။ သုတေသန ဝေါဟာရနဲ့ဆိုရင် Patient-years ခေါ်တယ်။ လေ့လာသူတွေအားလုံးကို ယေဘုယျ ကျကျ နှစ်တွေနဲ့ချည်ပြီး လေ့လာ မှတ်တမ်းတင်းတယ်။ သတ်မှတ်ထားတဲ့ လူစုကိုသာ လေ့လာမှုပြုတာ မဟုတ်ဘူး။ အခုလေ့လာမှုဟာ 100 patient years ကျော်တယ်။ ကင်ဆာလူနာတွေကို ဖယ်ထားတယ်။ စုစုပေါင်းလိုက်ရင် စမ်းသပ်မှုပေါင်း ၃၁ ခုမှာ လူနာပေါင်း ၁၁၆၄၂၉ ယောက် ပါဝင်ခဲ့တယ်။ 115 000 patient years ကို follow-up ဆက်တိုက် လေ့လာခဲ့တယ်။

ပဌမ ကောက်ချက်မှာ Myocardial infarction နှလုံးသွေးကြောပိတ်သူတွေထဲက Fatal or non-fatal မသေသူရော သေဆုံးသူပါ ပါဝင်တယ်။ ဒုတိယ ကောက်ချက်မှာ Haemorrhagic or ischaemic သွေးယိုတာနဲ့ သွေးကောင်းကောင်း မလျှောက်တာတွေထဲက Fatal or non-fatal မသေသူရော သေဆုံးသူပါ ပါဝင်တယ်။ ဒါ့ပြင် Cardiovascular death နှလုံးရောဂါနဲ့ သေဆုံးသူတွေ၊ death from any cause တခြားအကြောင်းတွေကြောင့်သေဆုံးရသူတွေ၊ Antiplatelet Trialists' Collaboration (ATC) composite outcome သွေးမှုံနည်းတာနဲ့ ဆက်စပ်သူတွေ ပါဝင်သေးတယ်။

ဆေး ၇ မျိုးစမ်းခဲ့တယ်။ Celecoxib, Diclofenac, Etoricoxib, Ibuprofen, Lumiracoxib, Naproxen နဲ့ Rofecoxib တွေဖြစ်တယ်။

Findings တွေ့ရှိချက်တွေကတော့ -
• Ibuprofen, Celecoxib, Rofecoxib နဲ့ Lumiracoxib တွေက Placebo ဆေးမပေးဘဲနေသူတွေနဲ့ စာရင် Increased risk of myocardial infarction နှလုံး-သွေးကြောပိတ်တဲ့ အန္ကရာယ် ပိုများတယ်။
• ဆေး ၇ မျိုးလုံးက Increased risk of stroke နှလုံး-သွေးကြောရောဂါနဲ့ ရင်ပတ်နာတာ ပိုများတယ်။
• Naproxen ကလွဲရင် ကျန် ဆေး ၆ မျိုးလုံးက Increased risk of cardiovascular death နှလုံး-သွေးကြော ရောဂါကြောင့် သေဆုံးရတာ ပိုများတယ်။
• ဆေး ၇ မျိုးလုံးက Increased risk of death from any cause ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် သေဆုံးရတာ ပိုများတယ်။
• ဆေး ၇ မျိုးလုံးက Increased risk of the ATC composite outcome သွေးမှုံနည်းတာနဲ့ ဆက်စပ်မှု ပိုများတယ်။

အကြံပြုချက် -
ဆရာဝန်တွေဟာ NSAID therapy အကိုက်အခဲပျောက်ဆေး ပေးကုသလို့ ဖြစ်လာနိုင်တဲ့ Gastrointestinal အသာခြေလမ်း နဲ့ Renal risk ကျောက်ကပ်အပေါ် သက်ရောက်မှုတွေကိုသာမကဘဲ Cardiovascular risk နှလုံး-သွေးကြောအပေါ် သက်ရောက်နိုင်မှုတွေပါ သတိထားရမယ်။ ဒီဆေးတွေပေးရင်လဲ Dose ဆေးအဆ နည်းနည်းကို ရက်တိုတိုသာ ပေးသင့်တယ်။

1. Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ http://dts-medicaleducation.blogspot.in/2013/10/narcotic-pain-medications.html
2. NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
3. NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.in/2011/11/nsaid.html
4. Painkillers (1) အနာသက်သာဆေးများ (၁) http://dts-medicaleducation.blogspot.in/2012/06/painkillers.html
5. Painkillers (2) အနာသက်သာဆေးများ (၂) http://dts-medicaleducation.blogspot.in/2013/11/painkillers-2.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး