Smoking and Cancer ဆေးလိပ် နဲ့ ကင်ဆာ


ကျွန်တော့် နာမည်က (့) ပါ။ အသက်က ၂၅ ပါ။ ၁၆ နှစ်ကစပြီး ဆေးလိပ် သောက်ခဲ့မိပါတယ်။ သောက်တာ သာမန်ထက် ပိုများပါတယ်။ အခုနောက်ပိုင်းတော့ ကြိုးစားပြီး ဖြတ်နေပါတယ်။ ဆေးလိပ်သောက်ရင် လည်ပင်း-ကင်ဆာ ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ လည်ပင်း-ကင်ဆာ ရဲ့လက္ခဏာများ အကြောင်း သိလိုပါတယ်။ ဆေးစစ်လျှင် လည်ပင်း-ကင်ဆာ ရှိ-မရှိ မည်သို့ ပြုလုပ်ရမည်ကို ဖြေကြားပေးပါခင်ဗျာ။

ဆေးလိပ်သောက်တာနဲ့ ကင်ဆာ ဆက်စပ်တာမှာ အဆုပ်ကင်ဆာက ထိပ်မှာနေတယ်။ Lung cancer death အဆုပ်-ကင်ဆာနဲ့ သေဆုံးရသူ အားလုံးထဲမှာ ယောက်ျားဆိုရင် ၉ဝ% မိန်းမဆိုရင် ၈ဝ% ဟာ Cigarette smoking စီးကရက် သောက်တာနဲ့ ဆက်စပ်နေပါတယ်။

စီးကရက်ဆေးထဲမှာ Ingredients ဓါတ်အမျိုးအစားပေါင်း ၅၉၉ ပါပြီး၊ မီးရှို့လိုက်ရင် Chemicals ဓါတ်အမျိုးပေါင်း ၄ဝဝဝ ဖြစ်လာတယ်။ အဲဒီအထဲက ၄ဝ မကတာတွေဟာ Carcinogens ကင်ဆာဖြစ်စေနိုင်တာတွေ ဖြစ်တယ်။ သေဆုံးရခြင်း အကြောင်းရင်း တွေထဲမှာ ကင်ဆာက ဒုတိယ လိုက်တယ်။ ကင်ဆာ မှန်သမျှ ဘာလို့ဖြစ်သလဲ ဆရာဝန်တွေ သိပ်မသိကြသေးဘူး။ ဒါပေမဲ့ အဆုပ်-ကင်ဆာဟာ ဆေးလိပ်နဲ့ ဆက်စပ်တယ်လို့ သိလာရတဲ့ ပဌမဆုံးရောဂါ ဖြစ်ပါတယ်။

• ကင်ဆာအမျိုးမျိုးထဲမှာ Lung cancer အဆုပ်ကင်ဆာက ကင်ဆာကြောင့် သေဆုံးမှုတွေထဲမှာ ထိပ်ရှိတယ်။ စီးကရက်က အဓိက တရားခံဘဲ။
• စီးကရက် မသောက်သူတွေထက် သောက်သူတွေကို ယှဉ်ရင် အမျိုးသားတွေမှာ ၂၃ ဆ၊ အမျိုးသမီးတွေမှာ ၁၃ ဆ အဆုပ်ကင်ဆာ ပိုပြီးဖြစ်စေတယ်။
• အဆုပ်ကင်ဆာဖြစ်သူတွေထဲက ဆေးလိပ်သောက်လို့ ယောက်ျားတွေမှာ ၉ဝ%၊ မိန်းမတွေမှာ ၈ဝ% သေဆုံးကြတယ်။
• ၂ဝဝ၃ ခုနှစ်က အဆုပ်ကင်ဆာ လူနာသစ်ပေါင်း ၁၇၁၉ဝဝ ထဲက ၁၅၇၂ဝဝ လောက်နီးနီး Lung cancer နဲ့ သေဆုံးခဲ့တာတွေ့ရတယ်။
• ၂ဝဝ၄ ခုနှစ် Surgeon General's report အစီရင်ခံစာထဲမှာ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်တဲ့ ကင်ဆာတွေဟာ Oral cavity အာခံတွင်း-ကင်ဆာ၊ Pharynx အာခေါင်-ကင်ဆာ၊ Larynx လေပြွန်-ကင်ဆာ၊ Esophagus အစာမြိုပြွန်-ကင်ဆာ၊ Bladder ဆီးအိမ်-ကင်ဆာ၊ Stomach အစာအိမ်-ကင်ဆာ၊ Cervix သားအိမ်ဝ-ကင်ဆာ၊ Kidney ကျောက်ကပ်-ကင်ဆာ၊ Pancreas သရက်ရွက်-ကင်ဆာ နဲ့ Acute myeloid leukemia (လူကီးမီးယား) သွေး-ကင်ဆာတွေကလဲ ဆေးလိပ် သောက်တာနဲ့ ဆက်စပ်မှု ရှိတယ်လို့ ပါရှိခဲ့တယ်။
• ဆေးလိပ်လဲသောက်၊ အရက်လဲသောက်သူတွေမှာ ပိုဖြစ်ကြရတာက Laryngeal cancer လေပြွန်ကင်ဆာဖြစ်တယ်။ ၂ဝဝ၃ တုံးက ဒီရောဂါနဲ့ လူပေါင်း ၃၈ဝဝ သေဆုံးခဲ့ရတယ်။
• ဆေးလိပ် များများသောက်တာနဲ့ အဖြစ်များတာလဲ ဆက်စပ်မှုရှိတယ်။
• ဆေး-ဆေးလိပ်ထဲက Nicotine ကို Cancer-causing substances ကင်ဆာ ဖြစ်စေတဲ့ဓါတ်လို့ သတ်မှတ်တယ်။
• ကင်ဆာကိုဖြစ်စေနိုင်တဲ့ ဓါတ်တွေထဲမှာ ထင်ရှားတာတွေကတော့ Arsenic, Benzene, Beryllium, 1,3–Butadiene, Cadmium, Chromium, Ethylene oxide, Nickel, Polonium-210, Vinyl chloride ဖြစ်တယ်။
• Other toxic chemicals တခြား အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေကတော့ Formaldehyde, Benzo[α]pyrene, Toluene တွေ ဖြစ်ကြတယ်။
• Tobacco ဆေး မှန်သမျှ Harmful ရောဂါရစေမယ်။ Addictive စွဲစေတယ်။

Secondhand smoke သူများသောက်တဲ့ ဆေးလိပ်ငွေ့ရှူလို့လဲ ရောဂါတွေ ဖြစ်စေတယ်။ ဥပမာ Heart disease နှလုံးရောဂါ ဖြစ်ဘို့ ၂၅-၃ဝ% ပိုစေနိုင်တယ်။ ကိုယ်ဝန်ဆောင်မှာ အဲလိုဖြစ်ရင် ကိုယ်အလေးချိန်မပြည့်တဲ့ကလေး မွေးလာနိုင်တယ်။ ကလေးတွေမှာ ဆိုရင် Sudden infant death syndrome (SIDS) ရုတ်တရက် ကလေးငယ် သေဆုံးခြင်း၊ Ear infections နားရောင်၊ Colds အအေးမိ၊ Pneumonia နူမိုးနီးယား၊ Bronchitis လေပြွန်ရောင်၊ Asthma ပန်းနာတွေ ပိုဖြစ်လာနိုင်တယ်။

ကင်ဆာ တခုချင်းအကြောင်း အလျဉ်းသင့်သလို ရေးပါမယ်။

Dr. တင့်ဆွေ
၁ဝ-၉-၂ဝ၁၁

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး