ရွာသာကြီးဆိုင်းဘုတ် လဲပါ

မေးခွန်းတခု = လှိုက်လဲက မှန်လားဆရာ

မှားတယ်။ လှိုက်လှဲစွာကသာ မှန်ပါတယ်။ လှိုက်လှိုက်လှဲလှဲ ဝမ်းပမ်းတသာကြိုဆိုကြသည်။

ပစ္စည်းအလဲအလှယ်လုပ်သည်။
ပြိုင်ဖက်ကို လဲအောင်လှဲသည်။
လှဲ၍ လဲကျသွားသည်။
လဲဝါသည် ပေါ့ပါး၏။
လဲလျောင်းနားနေပါ။
သစ်ပင်ကို လှဲခုတ်သည်။
အပင်ကို လှဲချိုင်သည်။
အဝတ်အစားလဲဝတ်ပါ။

ဒီစာလေးရေးတာ တနှစ်တိတိရှိပြီ။ အခုဘယ်လိုလဲ မသိပါ။ ကျွန်တော့်မှာ အာဏာမရှိ။ အာဏာနဲ့ခိုင်းမှ လုပ်တတ်တဲ့ အကျင့်ကို အနှစ်သုံးလေးဆယ်လောက် လေ့ကျင့်ပေးထားတော့ ပိပြားနေသူတွေက များသေးတယ်။ လွတ်လပ်စွာ တွေးမြင် ပြုပြင်သူများကို လှိုက်လှဲစွာကြိုဆိုပါတယ်။ လဲနေသူတွေ ထကြလော့။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၆
၆-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး