ကာတွန်းဦးဘဂျမ်း

ကာတွန်းဖခင်ကြီးများ သတ်ပုံမမှား (၁)
သတင်းတွေစုံတယ်ဆရာ တစောင် တပဲ
ပေးစမ်းဟေ့ တစောင်
တနေ့သောအခါ - ဂေါ်စကနတ်သည် တာဝတိံဿာဝတီ သတင်းစာတစောင်ကို ဝယ်မိရာ့

ကာတွန်းဖခင်ကြီးများ သတ်ပုံမမှား (၂)
ကျပ်က ကုန်သည်ကြီးတဦးအနေနဲ့ပြောတာ၊ ခုလိုပွဲတော်တွေမှာ ဗမာဖြစ်ကိုသာဝတ်ကြမယ်ဆိုရင် ဗမာယက္ကန်းသ္မားတွေ ချမ်းသာမယ်။ ဘယ်သူကမှ ကြည့်မကောင်းဘူးလို့လဲ မပြောပါဘူးဗျာ။

ကာတွန်းဖခင်ကြီးများ သတ်ပုံမမှား (၃)
ပါတီတခုက - လူထုဆန္ဒနဲ့ အစိုးရဖွဲ့ရင် - ကျန်တဲ့ပါတီတခုက နောက်နောက်တခါ - ရွေးကောက်ပွဲမလုပ်မခြင်း - ထောင်ထဲမှာနေတဲ့စံနစ်မျိုးကို ကြိုက်တယ်ကွ - နိုင်ငံရေး မရှုတ်ထွေးဘူးပေါ့လကွာ။

မှတ်ချက်
တစ်စောင် တပဲ မဟုတ်။ တစ်နေ့သောအခါ မဟုတ်။ သတင်းစာတစ်စောင်ကို မဟုတ်။ ကုန်သည်ကြီးတစ်ဦး မဟုတ်ပါ။ ပါတီတစ်ခုက မဟုတ်ပါ။ ကျန်တဲ့ပါတီတစ်ခုက မဟုတ်ပါ။ နောက်နောက်တစ်ခါ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၆
၁၂-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး