Fish paste ငပိ သတ်ပုံ
ငခြောက်ကို ထည့်မပြောပုံထောက်ရင် ငါးကနေ ဖြစ်လာတဲ့ ငါးခြောက်ဆိုတာကို ဆရာလက်ခံတယ် ထင်ပါရဲ့။ သဘာဝလည်းကျတယ်၊ ယုတ္တိလည်းတန်တယ်. ဖြစ်နိုင်က ဆရာ့အမြင်သိလို။
၁၉၈၁ ခုနှစ် မြန်မာစာအဖွဲ့အစည်းအဝေးမှာ ဦးနေဝင်းကနေ တတွေ တစ်တွေကို တပြေးညီလုပ်သင့်တယ်လို့ လမ်းညွှန်ပါတယ်။ လိုက်ပြင်ကြသူတွေကတော့ အဲဒီခေတ်က တော်ကောက်ခံထားရတဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။ တော်စာရင်းမဝင်တဲ့ ပညာရှင်တွေက သဘောမတူကြပါ။ စစ်အစိုးရလက်ထက်ကစပြီး အစိုးရထုတ် သတ်ပုံကျမ်းနဲ့ မကိုက်ညီရင် ထုတ်ဝေခွင့်မပေးပါ။ တစ်မဟုတ်ရင် ဒဏ်ငွေပါဆောင်ရသတဲ့။
ပညာရှင်-ပညာရှိဆိုတာ အမျိုးမျိုးရှိတယ်။ တော်ဝင်ပညာရှင်တွေက အသာစီးရတယ်။ လူတွေကလည်း အစိုးရက အမိန့်နဲ့ခိုင်းတာကိုသာ အမှန်ယူတဲ့အကျင့်က အခုထိစွဲနေကြတယ်။ အထောက်အထားတွေကို ဓါတ်ပုံတွေနဲ့ တင်ပြနေတာ နမူနာသက်သေခံပေါင်းတရာကျော်ပါပြီ။ ကိုယ်က အာဏာမရှိသူဖြစ်လို့ ဖုတ်လေတဲ့ငပိသာ ဖြစ်နေတယ်။
ငပိကိုလည်း ခုခေတ်သတ်ပုံက ငါးပိဖြစ်နေပါတယ်။ ဒီစာရေးတဲ့နေ့က ညစာ တမာရွက်နဲ့ ငပိချက်စားပါတယ်။
မြန်မာ့စွယ်စုံကျမ်း အတွဲ (၃) မှာ ငဝဲရောင်၊ ငဝက်၊ ငသလဲထိုး၊ ငသလောက်၊ ငသိုင်း၊ ငသိုင်းချောင်းမြို့လို့ ရေးထားပါတယ်။
ဒေါက်တာတင့်ဆွေ
၃-၈-၂ဝ၁၆
၃-၈-၂ဝ၁၇
၂-၂-၂ဝ၁၈


Comments
Post a Comment