Religious Literature မြန်မာစာ ပါဠိ အင်္ဂလိပ်စာ

ကျွန်တော့်ပို့စ်တခု = တင်ပါ့ဘုရား သမိုင်းမှားသတဲ့

ကွန်မင့်တခု = ဆရာရေ ဦးပဇင်းက အမှန်လား။ ဥူးပဉ္စင်းကမှန်လား ဖြေကြားပေးပါ။

ဦးဇင်းလို့လည်း ရေးကြတယ်။ ဘုန်းဘုန်း (ဖုန်းဖုန်း) လို့လည်း ရေးကြတယ်။

ဆရာတော်တွေ၊ ဘုန်းကြီးတွေက အမျိုးမျိုးပေါင်းတာတွေ့ရတယ်။ တောင်မြို့ဆရာတော်ကြီး စောစောကထုတ်တဲ့ စာအုပ်တွေမှာ ဥူး လို့တွေ့တယ်။ နောက်ပိုင်းဘုန်းကြီးတွေက ဦး သုံးတာများတယ်။ ရှင် နဲ့ အရှင် လည်းသုံးတယ်။ ဦး ကို ပါဠိအဘိဓာန်မှာမတွေ့ပါ။

နောက်ပိုင်းမှာ တချို့က Reverend (Rev.) လို့သုံးတယ်။ အဲတာက အင်္ဂလိပ်လို အလားတူရှာရတာ ဖြစ်ပါတယ်။ သတိထားဘို့က အဲတာဟာ သိက္ခာတော်ရ ခရစ်ယန်တရားဟောဆရာတွေက သုံးတာမျိုး။

ဗုဒ္ဓဘာသာအသုံးတွေကို အင်္ဂလိပ်လိုရေးရတာ အဆင်မပြေတာများတယ်။ Monk ဘုန်းကြီး၊ Abbot, ကျောင်းထိုင်ဘုန်းကြီး၊ Novice ကိုရင်၊ Sabbath ဥပုသ်၊ Pagoda ဘုရား၊ Temple ပုထိုးတော်၊ Monastery ဘုန်းကြီးကျောင်း၊ Stupa စေတီ၊ Meditation တရားထိုင် စတာတွေဟာ နီးစပ်ရာကိုသာယူတာမို့ အစွန်းသိပ်မလွတ်ပါ။ အခြေခံခြင်း၊ အသွင်ခြင်း၊ အဓိပ္ပါယ်ခြင်း မတူကြပါ။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၆
၁ဝ-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး