ရေကိုသားသော် အခြားမထင်

မင်္ဂလာပါဆရာ အခြားမလပ်လို့ရေးတာ မှန်ပါသလား။ မခြားမလပ်လို့ရေးတာ မှန်ပါသလား ခင်ဗျ။ ကျေးဇူးတင်ပါတယ်။

ခြားစာလုံးက ကြိယာဖြစ်တယ်။ ပိုင်းကန့်သည်၊ တသီးတသန့်ဖြစ်စေသည်၊ ကွဲပြားသည်၊ တမျိုးတဖုံဖြစ်သည်။

မခြား လည်း ကြိယာ။ မခွဲခြားပါနှင့်။ မခြားပဲ (ကြိယာဝိသေသန) ရေးသည်။

မြန်မာစာလုံး အတော်များများမှာ အ ထည့်ရင် နာမ်ဖြစ်သွားတယ်။ အခြား။ အပိုင်းအခြား။

ရေကိုသားသော် အခြားမထင်သကဲ့သို့။

ခြာ ဆိုတာလည်း ကြိယာ။ တဆက်တည်း မဟုတ်။ အကြားလပ်သည်။ သားသမီး ခြာသည်။ စကားစုတခုနှင့်တခု ခြာပြီး ရေးသားပါ။

ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး