Head Lice သန်းရှာရသလိုပဲ

ကနေ့ မေးတာတွေ အတော်ကိုများတယ်။ ရေတွက်မထားနိုင်ပါ။ ၅ဝ ဘယ်ကမလည်း။ မေးခွန်းတွေ လိုက်ရှာရတာက နေရာက မနည်းဘူး။ အီးမေးလ်က ၂ ခု။ ဖေ့စ်ဘွတ်အကောင့် ၂ ခုက မက်ဆေ့ခ်ျ ၂ ခု။ ပေ့ခ်ျ ၃ ခုနဲ့တွဲထားတဲ့ အင်ဘောက်စ်က ၃ ခု။ ကွန်င့်ကနေ မေးကြသေး။ မဟုတ်ရုတ်တွေကပို့ကြသေးတာ။

မေးခွန်းတွေမှာ အချက်အလက် စုံရင်၊ အစီအစဉ်တကျ ရေးရင်၊ ဖြေရတာ သက်သာတယ်။ သတ်ပုံနဲ့ စာရိုက်တာတွေ အဆင်မပြေရင် အတော်ကို ဂွကျတယ်။ နမူနာလေးတခုသာ ပေးပါမယ်။ ကလေးတစ်သက်တားဆေးထိုးပါတယ့့်

ကျွန်တော့်တသက် တစ်သက်ဆိုတာမျိုး တခါမှ မဖတ်ခဲ့ရပါ။ အဲဒီမေးခွန်းကို ၃-၄ ခါထပ်ဖတ်ရတယ်။

ရရစ်မပါတဲ့ ပြီတွေ ပြီးတွေ ဖြစ်တွေလည်း တသက်လုံး မဖတ်ခဲ့ရပါ။ နားမလည်လို့ ထပ်ထပ်ဖတ်ရလို့ အချိန်ပိုကုန်တယ်။ ပို့စ်သုံးချင်ရင် စာတွေကို အကုန်ပြင်ရ စဉ်ရတယ်။ အချိန်ပိုကုန်ပြန်တယ်။

စာချောအောင်ရေးတဲ့ ရိုက်တဲ့မေးခွန်းက သန်းရှာရတာထက် ခက်တယ်။ မြန်မာစာရော ကျွန်တော်ပါ ကံမကောင်းပါတကား။

ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး