Sunset တနေဝင်သော်
တွံတေးသိန်းတန်သီဆိုခဲ့တဲ့သီချင်းကို တင်ထားကြတာ သတ်ပုံမှန်နည်းနည်းနဲ့ တစ်နေဝင်သော်လို့ မှားရေးသူတွေက များတယ်။ စာသားတင်သူကလည်း တစ် ၁၉ လုံးနဲ့ရေးထားပြီး၊ ခုနစ်နဲ့ ခုနှစ်လည်း မှားနေတယ်။
တတောဝင်ထွက် တကုန်းတက်၍ တတောင်ကိုကျော် တပင်မှာနားသော် အားငယ်ဖြေမချိ တွေ့လိမ့်နိုးနိုး မျှော်ကိုးလို့နော် ဪ မကြင်နာ တမင်ခွာ စိမ်းသူရဲ့ မြင်လှဲ့စေချင်သော် တနေဝင်လျှိုး တမိုးပင်ချုပ်လေခဲ့ပြီနော်။
တနေထွက်၍ ဖြေရက်ကယ်မျော် ရေတွက်ကာ လက်မှာချိုး ဆယ်ပြန်ဆယ်ကာတိုးလို့ ရွယ်ကိုးသူပေါ်မလာသော် ဘယ်အငြိုးနဲ့များ ပစ်ခွာပြေးခဲ့ ချစ်ရှာသေးသူ ဘဝင်မှာ အဖြေမပေါ် မကြင်နာသူကြီးရေ ဘယ်သောအခါမှ ဆုံဆည်းရမယ်နော်။
ရေမြေ တော တောတောင်ကမ်းပါးယံ သီတာခုနစ်တန် ဆီးကာသော်တည့် မိုးအရှိ မြေအလုံး အဆုံးထိအောင် ဖွေရှာမယ်နော် သွေခွာ ပြေးသူကြီးရေ နီးအောင်ပင်လှမ်း လှမ်းလာခဲ့သော် လွတ်အောင်ပြေးပါလားကွယ် ဪ ဇွတ်ရှောင်ပြေးသူ တပါးရယ်နော်။
အသက်ခန္ဓာဆုံးစေတော့ ဖုန်းမေကြော့ကို မတွေ့တွေ့အောင် ဖွေရှာမယ်နော် မမေ့ မေ့အောင် ဖြေမဖျောက်နိုင်သူမို့ ရေမြေတသန့် ခြေဆန့်ကာရှာခဲ့ပြန်သော် တနေဝင်လျှိုး တမိုးပင်ချုပ်လေခဲပြီနော်။ ။
မြန်မာစာ တနေဝင်လျှိုး တမိုးပင်ချုပ်လေခဲ့ပြီနော့့်
ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၈

Comments
Post a Comment