မြက်စားပါသလား

ကျောင်းစာထဲကလို့ ထင်တယ်။ မြတ်ခင်းရေးတာ မှားနေတယ်။ မြက်ခင်းလို့ ရေးရတယ်။

မြက်
မြက်ကလုံးမြက်
မြက်ခုတ်
မြက်စဉ်းဓား
မြက်ထုံး
မြက်ဖုတ်
မြက်ကြားမှို
မြက်မုန်ညင်း
မြက်မြက်စက်စက်
မြက်မြက်စား
မြက်မြက်ထက်ထက်
မြက်ရိတ်
မြက်လုံးမြက်
မြက်လက်သည်း
မြက်သင်တုန်း
မြက်သိမ်
မြက်သီးခပ်
မြက်လျှောမြွေ

မြတ်
အမြတ်
အမြတ်ခွန်
အမြတ်အစွန်း
အမြတ်တော်ကြေး

ကျောင်းသုံးစာအုပ်တွေနဲ့ စာမေးပွဲမေးခွန်းတွေမှားနေတာ ခဏခဏတွေ့ရတယ်။ အရေးယူသံလည်း တကြိမ်တခါမှ မကြားဖူးသေးပါ။ ရာထူးပဲတက်ကြသလား မပြောတတ်။

ဒေါက်တာတင့်ဆွေ

Comments