ချိုပေစွဟင်းချို

တောင်ခါးပန်းရယ်နှင့်၊
ခင်တန်းငယ် ကုန်းမြောင်၊
ကျော့ကွင်းကို ထောင်သည်၊
ခွေးညီနောင် တခင်ခင်နှင့်၊
ယုန်ရှင်ကို ဖမ်းခဲ့ပါ့၊
လေးထမ်းတဲ့သည်ဖေကိုယ်၊
တဲအိမ်နေ ကြင်သူက၊
တအူအူ ဟစ်ခေါ်လို့၊
အမှာတော်ပါးလိုက်ရှာတယ်လေး။

အိမ်ကိုပြန်လျှင်၊ အကျွန်ကျွန်ုပ်၊
ယုန်တတုတ်ကို၊ ခွာဆုတ်ရေလှန်၊
ကျပ်ခိုးခံလို့၊ ပရန္နဝါ၊
ရွက်နုညှာကို၊ ဝါးပြာထည့်ကျို၊
အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ၊
ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်၊
ချိုပေစွဟင်းချိုကို၊
စလောင်းတို အခြေပဲ့နှင့်၊
အာခေါင်မှာ ပူအောင်ထည့်လို့၊
မျိုလှည့်ကွဲ့လေး။

ဒီကဗျာကို ဦးကြီးက စပ်ဆိုပါတယ်။ ဝန်စာရေး ဦးကြီးလို့လည်းခေါ်တယ်။ ဦးကြီးကပဲ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းကို ရေးပါတယ်။ ပဌမဆုံး မြန်မာလိုရေးသားတဲ့ ကာလပေါ်ဝတ္ထုဖြစ်တယ်။ ၁၉၆၀ ခုနှစ် ဟံသာဝတီတိုက်ထုတ်ပါတဲ့ သတ်ပုံကို အထောက်အထားပြပါမယ်။

ထို့နောက် တရက်နှစ်ရက်ကြာသောအခါ ခင်လေးကြီးက ကရင်မအိမ်သို့သွား၍ လည်ပြီးလျှင် ကရင်မကို ချော့မော့၍ မမကလေးအိမ်သို့ လှည်းယာဉ်အတူစီးပြီးလျှင် အလည်သွားလေ၏။

ကဗျာကို ကျောင်းစာအုပ်ထဲမှာရော အွန်လိုင်း တင်ထားတာတွေမှာပါ တတွေကို စသတ်ထားတယ်။ နောက်ပေါ် မြန်မာစာဆရာတွေ ဦးကြီးထက် မြန်မာစာတော်ကြတယ်လို့ မထင်ပါ။ ကန်တော့၊ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ