COPD နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ

၁။ ဆရာ မေးစရာလေးရှိပါတယ်ရှင့်။ လူနာက 56 နှစ်ပါ။ ကျားပါဆရာ။ ပထမစစ်တုန်းက hiv positive ပါဆရာ။ 2016 ခုနှစ်ကပါ။ ခုစစ်တာမတွေ့ဘူးပြောလို့ပါ။ ARTဆေးမှန်မှန်သောက်ပါတယ်။ လူနာဆေးစစ်ချက်လေးကြည့်ပေးပါလားဆရာ။ ဆေးထပ်သောက်သင့်ပါသလားဆရာ။ ကျေးဇူးတင်စွာဖြင့် ရိုသေစွာမေးမြန်းပါသည်ဆရာရှင့်။

စမ်းသပ် ကုသပေးနေတဲ့ဆရာဝန်ကိုသာမေးပါရန်။ ကျွန်တော်က သေချာမပြောနိုင်။ ဆောရီး။

ဆရာ ဆေးစစ်ချက်တွေက ဘာကိုဆိုလိုတာလဲ ပြောပေးလို့ရမလားဆရာ။ နယ်မြို့အခြေအနေအရ မေးမြန်းဖို့ရန် အခက်အခဲရှိနေလို့ပါဆရာ။

CD-4 နည်းနေ။ COPD ရောဂါလို့တွေ့ရ။

၂။ ကျွန်မအမျိုးသားက ပန်းနာရင်ကြပ်ရောဂါရှိပါတယ်။ ပုံမှန်လည်း ဆေးခန်းပြရပါတယ်။ ရင်ကြပ်ဆေး၊ ရှုဆေးတွေလည်း ပုံမှန်ရှုပါတယ်။ ဒါပေမယ့် တခုဆိုးတာက သူက ဆေးလိပ်အရမ်းသောက်ပါတယ်။ ဆေးလိပ်သောက်တဲ့သက်တမ်းက ၁၅ နှစ်နီးပါးရှိပါပြီ။ သူအသက်က အခု ၃၄နှစ်ပါ။ အရင်ကဆို တနေ့ကို စီးကရက် တစ်ဗူးနီးပါးသောက်ပါတယ်။ နောက်ပိုင်း ရင်ကြပ်တာက တော်တော်ဆိုးလာပြီး ရာသီအကူးအပြောင်းနဲ့ မိုးတွင်းကာလမှာဆို အသည်းအသန်ကြပ်တက်ပြီး ဆေးရုံပြေးရတာ အခါခါပါ။ အဲဒီနောက်တော့ ဆေးလိပ်လျှော့သောက်ပေမယ့် တနေ့ကို ၅ လိပ်၊ ၆ လိပ်က ပြေးမလွတ်ပါဘူး။ ခုနောက်ပိုင်း နည်းနည်းမှ အမောမခံနိုင်တော့ဘဲ နှလုံးခုန်သံမြန်ပြီး ကြောတွေ ရင်တွေ အောင့်တယ်လို့ ပြောပါတယ်။ ဒါနဲ့ ဆရာဝန်ပြောင်းပြီး အဆုတ်အထူးကုနဲ့ပြတဲ့အခါ ဆရာဝန်က COPD ဖြစ်နေတာလို့ ပြောပါတယ်။ အဲဒီရောဂါက ဘယ်လိုမျိုးပါလဲ။ စိုးရိမ်ရပါသလား၊ ဘယ်လိုကုလို့ ရနိုင်ပါသလဲ။ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ၊ ဘာတွေဆောင်ရ ရှောင်ရမလဲ သိချင်ပါတယ် ဆရာ။

COPD ဆိုတာ Chronic obstructive pulmonary disease နာတာရှည် အသက်ရှူလမ်းပိတ်ဆို့ရောဂါလို့ခေါ်တယ်။ တဖြေးဖြေးနဲ့ အသက်ရှူဘို့မှာ ဆိုးဆိုးလာတယ်။ ချောင်းဆိုးမယ်။ ချွဲသလိပ်တွေပါမယ်။ အသက်ရှုသံက စီစီမည်နေမယ်။ စီးကရက်သောက်ရာနေ အများဆုံးဖြစ်စေတယ်။ အသက်ရှူတာထဲမှာ မသင့်တာတွေ ပါနေလို့လဲ ဖြစ်တယ်။ COPD ရောဂါရှိနေသူမှာ လေအလုံအလောက် မဝင်နိုင်-မထွက်နိုင်ဖြစ်မယ်။ လေအိပ်လေးတွေက ဆန့်နိုင် ကျုံ့နိုင်စွမ်း လျှော့လာမယ်။ လေအိတ်နံရံလေးတွေ တချို့ထူထဲ၊ ရောင်ရမ်ပြီး ပျက်စီးကုန်မယ်။ လေလမ်းမှာ ရှိနေသင့်တာထက် အချွဲတွေပိုထွက်မယ်။

ရောဂါလက္ခဏာတွေကတော့ -
၁။ အသက်ရှူမဝခြင်း၊
၂။ တာရှည်ချောင်းဆိုးနေခြင်း၊
၃။ သလိပ်တွေထွက်ခြင်း၊
၎။ အသက်ရှူသံတွေမည်ပြီး ရင်ကြပ်ခြင်း၊
၅။ အားယုတ်ခြင်း၊
၆။ အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျလာခြင်း နဲ့
၇။ စိုးရိမ်စိတ်ကဲပြီး စိတ်ဓါတ်ကျခြင်း။

ဒီရောဂါထဲမှာ ၂ မျိုးတွဲနေတယ်။ (၁) Emphysema (အင်ဖိုက်ဆီးမား) လေအိတ်နံရံလေးတွေ ပျက်စီးရာကနေ ဆက်ဖြစ်တယ်။  (၂) Chronic bronchitis နာတာရှည်လေပြွန်တွေရောင်ခြင်း လေထဲက မသင့်တာတွေကို တာရှည်ရှူနေရလို့ဖြစ်တယ်။ လေအိပ်နံရံတွေထူလာတော့တယ်။ ဖြစ်လာကတော့ တဖြေးဖြေးခြင်းဘဲ။ ကြာတော့ ခါတိုင်းလို မလုပ်နိုင်မကိုင်နိုင်နဲ့ ဒုက္ခိတလိုဖြစ်လာမယ်။ အသက်တိုတယ်။ လူလတ်ပိုင်းနဲ့ အသက်ကြီးတွေမှာဖြစ်တယ်။ သူများကို မကူးစက်ပါ။ ပျက်စီးသွားတာတွေကို ပျောက်အောင်လုပ်လို့ မရနိုင်သေးပါ။ ဒီရောဂါမျိုးကို အရှိအတိုင်းရေးရတာ မေးတဲ့သူကိုအားနာပါတယ်။ ဒါပေမဲ့ လူနမှုပုံစံပြောင်းတာနဲ့ ဆေးကုနည်းတွေကနေ အများကြီး သက်သာရာရစေမယ်။

Inhalers (bronchodilators) လေပြွန်ကျဉ်းလို့ အသက်ရှူကျပ်လာချိန်မှာ ရှူဆေးသုံးနိုင်တယ်။
Inhaled or oral steroids to reduce lung inflammation အဆုပ်ရောင်ရမ်းဖြစ်စဉ်သက်သာစေအောင် ရှူနိုင်တယ်။
Anti-inflammatory drugs to reduce swelling in the airways အရောင်ကျဆေးကို လေ လမ်းမှာ ရောင်နေတာတွေ သက်သာစေအောင် သုံးနိုင်တယ်။

ပိုဆိုးလာချိန်မှာ -
Steroids by mouth or through a vein စတီရွိုက်ဆေး စားဆေး + ထိုးဆေးပေးနိုင်တယ်။
Bronchodilators through a nebulizer လေပြွန်ကျဉ်းလို့ အသက်ရှူကျပ်လာချိန်မှာ ရှူဆေးသုံးနိုင်တယ်။
Oxygen therapy အောက်စီဂျင်ပေးနိုင်တယ်။
Mask, BiPAP, Endotracheal tube အသက်ရှူစက်သုံးနိုင်တယ်။
Antibiotics ပိုးသေဆေးပေးနိုင်တယ်။
Surgery ခွဲစိတ်ကုသမှုကိုလိုသူတွေကိုသာလုပ်ပေးမယ်။

COPD နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ http://doctortintswe.blogspot.com/2014/11/copd_28.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး