Common noun အခေါ်အဝေါ်

ကွန်မင့်တခု =့ ဘိုးတော် လေးစားဗျာ့

• နာမည်အခေါ်ဝေါ်အကြောင်း ခဏခဏရေးနေရတယ်။ ဘိုးတော်လို့တော့ ခေါ်ဖို့မသင့်ပါ။ ရင်းနှီးသူတွေဆိုရင်တော့ မင့်ဘိုးတော်ဆိုတာ မင့်ဖခင် အဖေလို့ပြောကြတယ်။ တစိမ်းတွေကို မခေါ်ကြပါ။
• ဘိုးတော်ဆိုတာ သိုက်ဆရာ၊ အထက်လမ်း၊ အောက်လမ်းဆရာတွေကိုသာခေါ်တယ်။
• နောက်ပြီး မုံရွာနား အလုံမှာ ဘိုးတော်ကြီးနတ်ပွဲရှိတယ်။ ယင်းမာပင်နယ်ထဲက အမေကြီးနတ်ပွဲပြီးရင် အလုံနတ်ပွဲ လာမယ်။ ဒိနောက်မှာ ဘုတလင်နယ်ထဲက ညောင်ကန်နတ်ပွဲလာမယ်။
• ကျွန်တော်က အဲလိုဆရာတွေ၊ နတ်တွေနဲ့မဆိုင်ပါ။ ရိုးရိုးဆရာဝန်သာဖြစ်လို့ ဆရာ၊ ဆရာဝန်၊ ဒေါက်တာလို့ ခေါ်တာ သင့်ပါတယ်။

How to address people အမည်သညာခေါ်စရာကား http://doctortintswe.blogspot.com/2015/02/how-to-address-people.html

ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး