Homo အတူတူကို စိတ်ဝင်စားခြင်း

ဆရာရှင့် ကျွန်မ  အသက် ၃၄ နှစ်ထဲမှာပါ။ ရန်ကုန်ကပါဆရာ။ ညီအစ်မပုံစံချစ်တာမျိုး၊ သူငယ်ချင်းပုံစံချစ်တာမျိုးနှင့် လိင်တူ ချစ်သူ ဘာကွာခြားပါသလဲ။ လိင်တူချစ်သူတွေက သာမန်ကျား-မချစ်သူတွေထက် စိတ်ပိုမို အစွန်းရောက် ခံစားတတ်ကြတယ်ဆိုတာ ဟုတ်ပါသလား။ လိင်တူချစ်သူ ဆိုတာ ရောဂါတမျိုးလား သိပါရစေ။ ဆေးကုသ၍ ပျောက်ကင်းနိုင်သလား သိပါရစေ။ နှစ်ဘက်ချွန်လို့ပြောကြတဲ့ လိင်တူကိုရော လိင်မတူသူကိုပါ ချစ်တတ်တဲ့ သူတွေကရော ရောဂါတမျိုးပဲလား ဆရာ။ ခေါက်ဆွဲခြောက်တွေ ready-made အစားအစာတွေက အခြောက်-ယောက်ျားလျာ ဖြစ်တတ်တယ်လို့ ပြောကြတာ ဟုတ်ပါသလား။ လိင်တူချစ်သူ အတွက်ရော နှစ်ဘက်ချွန် ချစ်တတ်တဲ့သူတွေ အတွက်ရော။ ပျောက်ကင်းနိုင်မဲ့ ဆေးကုသခြင်းတွေ၊ နည်းလမ်းတွေ၊ ရှောင်ရန်ဆောင်ရန်တွေ ရှိပါသလားဆရာ။ လိင်တူချစ်သူ (သို့) နှစ်ဘက်ချွန် ချစ်တတ်တဲ့သူ မဖြစ်အောင် ငယ်စဉ်ထဲက ကလေးတယောက်ကို ဘယ်လို ပြုစုပျိုးထောင်သင့်ပါသလဲဆရာ။ ယောက်ျားလေးတွေချည်းပဲထားလျှင် အခြောက်ဖြစ်နိုင်တယ်။ မိန်းကလေးတွေနှင့်ထားလျှင် မိန်းမစိတ်ပေါက်နိုင်တယ်လို့ အမျိုးမျိုးပြောသံကြားဖူးလို့ပါ ဆရာ။

မေးခွန်းတွေက ကောင်းတယ်။ အချိန်ရတော့ အရင်ရေးတာကို ဖြည့်ရေးပါမယ်။

ကျေးဇူးပြုပြီး မေးပါရစေ။ အမေရိကမှာ လိင်တူချင်းလက်ထပ်ခွင့်ပေးလိုက်တဲ့အပေါ် အမြင်လေး share ပေးပါ။ အရင်ကလည်း အမျိုးသမီးလို့ ထင်ရသူတယောက်ကလည်း မေးသေးတယ်။ သည်အတိုင်းလိုလိုပါပဲ။ သူ့ကိုတော့ ဖြေလိုက်တယ်။ လူမှုရေးအရ အမြင်တွေတူကြပါ။ ဘာသာရေးမှာလည်း ကွဲပြားခြားနားတယ်။ ဥပဒေပိုင်းမှာလည်း ဆန့်ကျင်ဖက်တွေများတယ်။ ဆရာဝန့်အမြင်ကတော့ ခြားနားလှမယ်မထင်ပါ။ ကျွန်တော့် ကိုယ်ပိုင်အမြင်ရေးပြီးသားကို တင်ပါမယ်။ လိင်တူအကြောင်း ခရေစေ့တွင်းကျ မရေးလိုပါ။ အကျိုးရှိနိုင်တာသာရေးပါမယ်။ ဒီတော့ ဒီစာတိုမှာ လိုတာတွေရှိပါမယ်။

Gay ဆိုတဲ့စကားလုံးကို အပူအပင်ကင်းသူ၊ ပျော်ပျော်နေသူ၊ ထက်မြက်သူ၊ စတဲ့အဓိပ္ပါယ်တွေနဲ့ အရင်ကသုံးခဲ့ပါတယ်။ ဂေးကို လိင်တူသမားလို့သာ သုံးလာကြတာက ၂ဝ ရာစု ရောက်ခါနီးမှပါ။ လိင်တူဆိုတာတောင် ကျား-ကျား၊ မ-မ နှစ်မျိုးလုံးနဲ့ဆိုင်ပေမယ့် ၂၁ ရာစုထဲမှာ မိန်းတွေအတွက် Lesbian လက်စဘီယန်စကားလုံးကိုပေးပြီး၊ Gay ဂေးကို ယောက်ျားတွေက အပိုင်သိမ်းလာကြတယ်။ ဗန်းစကားတွေကများတယ်။ ဒါပေမယ့် ခုခေတ်မှာ အဲလိုခေါ်ဘို့မပြောနဲ့ စာထဲမှာ အဲလိုရေးရင် ကလော်တုပ်တာခံရမယ်။ သူတို့က စွာကြတာကိုး။

ပုံမှန်တွေကို Straight အဖြောင့်သမားလို့သုံးလာရတယ်။ ဟိုမိုဆက်ကျူရယ်လတီ လိင်တူစိတ်ဝင်စားမှုရဲ့ သဘောဟာ အလွန်မတန်ရှုတ်ထွေးတယ်။ မိသားစု၊ ပါတ်ဝန်းကျင်၊ အကျင့်စရိုက်၊ အကုန်ဆိုင်နေတယ်။ အတော်များများမှာ မသိစိတ်ကနေ ရွေးချယ်ပေးနေတယ်။ တချို့မှာ ကလေးဘဝကတည်းက မိဘတွေကလိုအပ်တာမို့ ဖြစ်ကြရတယ်။ ပြောပါရစေ မျိုးဗီဇလို့ သက်သေမပြနိုင်သေးပါ။

Eunuch ယူနုခ်ျ ခေါ်တဲ့ သင်းကွပ်ယောက်ျားတွေက တမျိုးဖြစ်ပါတယ်။ မြန်မာရာဇဝင်ထက် တရုပ်နဲ့ အိန္ဒိယသမိုင်းထဲမှာ ထင်းရှားခဲ့တာတွေရှိတယ်။ သင်းကွပ်တယ်ဆိုတာ ယောက်ျားအစိကို ထုတ်ပေးထားတာ ဖြစ်ပါတယ်။ တက်စတိုစတီရုန်း ကျားဟော်မုန်းမထုတ်နိုင်တော့လို့ လိင်ဆိုင်ရာတွေမှာ ယောက်ျားလိုမဖြစ်တော့ပါ။ ခုခေတ်မှာတော့ အဲဒီသူတွေကို တကယ်ပဲသင်းကွပ်ထား မထားပြောမရပါ။ အိန္ဒိယမှာတော့ သူတို့ဟာ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ စီးပွါးရေးလုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

တချို့နေရာတွေမှာ ဘာမဆိုပွင့်လင်းရမယ်၊ ချုပ်တည်းမှုတွေမလိုဘူး၊ နောင်ဘဝဆိုတာ မယုံဘူး၊ အခုသာယာနေတာ၊ ချမ်းသာတာတွေကအဓိကစတဲ့ အယူအဆေတွေကြောင့် ကမ္ဘာ့တခြားနေရာတွေထက် အကောင်းလို့ပြောနိုင်တာတွေရော အဆိုးအစစ်တွေပါ လွန်ကဲနေတယ်။ အမေရိကန်စစ်မှုထမ်းဥပဒေအသစ်အရ စစ်ထဲဝင်မယ့်သူကို (ကျား) လား၊ (မ) လား၊ ဂေးလား၊ လက်စဘီယန်လား၊ မေးလဲမမေးနဲ့၊ မေးလဲဖြေစရာမလိုဘူးတဲ့။ ကျွန်တော့်ကို ကျန်းမာရေးမေးသူတွေက အဲတာထည့်မပြောကြရင် မဖြေနိုင်ပါ။

မျက်မှောက်ကမ္ဘာမှာ လူတိုင်းဟာ ဦးနှောက်ဆေးခံနေကြရတယ်။ ရေဒီယိုနားထောင်၊ ရုပ်ရှင်-ပြဇာတ်-တီဗွီ-ဗွီစီဒီ ကြည့်၊ ကြော်ညာတွေမြင်၊ သတင်းစာကအစ ဖြစ်စေချင်တာ၊ ဖတ်စေချင်တာတွေနဲ့ သည်းခြေကြိုက်တွေကိုသာ (၂၄ x ၇) မဖတ်ချင်၊ မကြားချင်၊ မမြင်ချင်အဆုံး။ ဒီအထဲမှာ လိင်တူစိတ်ဝင်စားမှုလည်းပါတယ်။ ၂ဝဝ၉ တုံးက မောင်မစ္စကပြိုင်ပွဲကြီး ရန်ကုန်မှာ ခမ်းနားစွာကျင်းပလို့ ဖတ်လိုက်ရတယ်။

ဒီအကြောင်းအရာကို ဦးဆုံးစက်တင်ပုံနှိပ်ခဲ့တာ ၁၈၆၉ မှာ ကားလ်-မာရီယာ ရကာ့ဘင်နီရဲ့ ဝတ္ထုဖြစ်ပေမဲ့ အမည် မဖေါ်လိုသူတဦးဆိုပြီးသာ ရေးခဲ့ရတာပါ။ လိင်တူစိတ်ဝင်စားမှုကို စိတ်ပညာအရ စလေ့လာတုံးက စိတ်ရောဂါတမျိုးလို့ သတ်မှတ်ခဲ့တယ်။ နောက်တော့ ပြန်ပြင်လာရတယ်။ ၁၉၇ဝ ကျော်တော့ လိင်စိတ်တိမ်းညွှတ်မှု ပြောင်းလဲတတ်တဲ့ သဘာဝဖြစ်စဉ်လို့ဆိုလာကြတယ်။ အမေရိကားနဲ့ အနောက်နိုင်ငံတွေမှာ ဒီလိုဖြစ်နေသူ ၂-၁၃% ရှိတယ်။ တိုးနေအုံးမှာပါ။

သဘာဝအရ ယောက်ျားကိုယ်ရှိသူဟာ မိန်းမကိုယ်ခန္ဓာကိုယ်ရှိသူကို နှစ်သက်တယ်။ အပြန်အလှန်ပေါ့။ အမြဲမှန်တာတော့ မဟုတ်ပြန်ဘူး။ တချို့ ပြောင်းပြန်ဖြစ်နေတာတွေရှိတယ်။ လိင်တူစိတ်ဝင်စားမှုဆိုတိုင်း လိင်အင်္ဂါတွေသုံးပြီးဆက်ဆံတာ မဟုတ်ပါ။ စိတ်ကစားတာ၊ အမူအယာပြုတာ၊ အပြောအဆို၊ ဝတ်စားတာ၊ စွဲလမ်းမှုဖြစ်တာတွေလဲပါတယ်။ ခုတလော ရေဒီယိုတွေကနေ အသံကြားတာနဲ့ ဘာလည်းကို မှန်းလို့ရတယ်။

ဘာလို့ လိင်တူဖြစ်လာသလည်း။ ၁၉၄ဝ-၁၉၇ဝ လိင်တူအကြောင်းလေ့လာမှုတခုအရ -
- ၂၂% မှာ လိင်တူအတွေ့အကြုံ ငယ်စဉ်ကရှိခဲ့ခြင်း။
- ၁၆% မှာ လိင်တူအတွေ့အကြုံ ငယ်စဉ်ကသာမကရှိခဲ့ခြင်း။
- ၁၅% မှာ မိခင်နဲ့ အဆင်မပြေဖြစ်ခဲ့ခြင်း။
- ၁၅% မှာ သူများနဲ့ကွဲပြားတဲ့အခြေအနေရှိခြင်း၊ အနုပညာဆန်ခြင်း၊ ပျက်စီးခြင်း၊ လိင်ကျန်းမာရေးအသိနည်းခြင်း။
- ၁၄% ဖခင်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခြင်း။
- ၁၂% အနီးအနားမှာ လိင်တူသမားရှိနေခြင်း။
- ၉% လူမှုရေးအသိုင်းအဝိုင်း အားနည်းချို့တဲ့ခြင်း။
- ၉% မွေးကတည်းကလိုဖြစ်နေခြင်း။

မူးယစ်ဆေးသုံးစွဲသူတွေထဲမှာ အတွေ့အကြုံများသူတွေကနေ လူသစ်တန်းကို မွေးကြတယ်။ အသက်အရွယ်ကြီးတဲ့ လိင်တူသမားတွေက ငယ်ရွယ်သူတွေကို အမိဖမ်းကြတယ်။ အသက်ငယ်စဉ်တုံးက လိင်တူအတွေ့အကြုံကနေ ကြီးလာတဲ့အခါ လိင်အမူအယာကို လွှမ်းမိုးစေတယ်။ လိင်တူဖြစ်လာတဲ့သဘောဟာ နဂိုကတည်းကမဟုတ်ပဲ နောက်မှ ပြောင်းလာကြတာများတယ်။ အကုန်မပြောင်းကြပါ။ ဆန်းစစ်မှုတခုမှာ ၈၈% လက်စဘီယန်တွေနဲ့ ၇၃% ဂေးတွေဟာ ငယ်စဉ်တုံးကတော့ ဆန့်ကျင်ဖက်လိင်ကိုသာ စိတ်ဝင်စားခဲ့ပါတယ်လို့ ဝန်ခံတယ်။ အခုတော့ ဟိုမိုတွေဖြစ်နေပေမယ့် ဆန့်ကျင်ဖက်လိင်ကိုလည်း စိတ်ဝင်စားတယ်လို့ လက်စဘီယန်ထဲက ၈၅% နဲ့ ဂေးထဲက ၅၄% ကဝန်ခံတယ်။

လိင်မှုလုပ်ဆောင်ချက်ကို လူမှုရေး အထူးသဖြင့် ဘာသာရေးကနေအများကြီးလွှမ်းမိုးတယ်။ ဘာသာရေးကို အလေးအနက်ထားသူတွေထဲမှာ အဖြစ်နည်းတယ်။ လေ့လာမှုတခုအရ ဘယ်ဘာသာကိုမှ မကိုးကွယ်သူတွေထဲမှာ ဟိုမိုဖြစ်တာ ၄ ဆ ပိုများတာတွေ့ရတယ်။ ရိုမန်ကက်သလစ်က ပိုနိုဂရပ်ဖီ လိင်ဆိုင်ရာပုံတွေကို အကုသိုလ်လို့ သတ်မှတ်တယ်။ ဗုဒ္ဓဘာသာအဆိုအရ အပြစ်ဆိုတာ စိတ်၊ နုတ်နဲ့ ကိုယ် ကံသုံးပါလုံးမှာ ကျူးလွန်နိုင်တယ်။ စိတ်က အဓိကကျတယ်။ စိတ်ထဲမှာကျန်နေနေ၊ နုတ်နဲ့ ရုပ်မပါစေနဲ့၊ ကာယကံမြောက်မဖြစ်စေနဲ့။

AIDS လေ့လာမှုအရ အသားဖြူလူတွေထက် အသားမည်းသူတွေထဲမှ ဟိုမို ၂ ဆ ပိုဖြစ်တာ တွေ့ရတယ်။ လိင်နှစ်မျိုးလုံး တိမ်းညွတ်သူတွေထဲမှာ အသားမည်းက အသားဖြူသူတွေထက် ၄ ဆ ပိုဖြစ်တယ်။ အသားမည်း ကလေးတွေဟာ ဖခင်မရှိပဲမွေးတာ ၃၇%၊ အဖြူတွေမှာ ၁၇% ရှိတာနဲ့ ဆက်စပ်စဉ်းစားနိုင်တယ်။ အဲလို ကွာခြားချက်ဟာ မျိုးဗီဇလို့တော့ ယူဆလို့မရပါ။

လိင်တူဆိုတာ သင်ယူလို့တတ်လာတယ်လို့ ယူဆကြတယ်။ ဘာလို့အဲလိုဖြစ်လာသလည်း။ ၁၉၄ဝ ကျော်တုံးက လိင်တူ ၁၇ဝဝ ယောက်နဲ့ လေ့လာမှုအကြီးစားတခုလုပ်တယ်။ ၁၉၇ဝ ကျော်မှာ ၉၇၉ ယောက်ကိုလုပ်တယ်။ အများစုကြီးရဲ့ အဖြေကတော့ ဆိုရှယ်နဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှုကနေ လိင်တူတွေဖြစ်လာပါသတဲ့။

ဘာလို့ လိင်တူသမားဖြစ်သလည်း
၁။ လိင်တူအတွေ့အကြုံရှိဘူးလိုက်ခြင်း။

၂။ မိသားစု ပုံမှန်မဟုတ်ဖြင်း
(က) မိခင်ရဲ့ လွှမ်းမိုးမှုရှိခြင်း၊ ပိုင်ဆိုင်မှုများခြင်း၊ လက်မခံမှုရှိခြင်း။
(ခ) ဖခင်မရှိခြင်း၊ အဆက်ဝေးခြင်း၊ လက်မခံမှုရှိခြင်း၊
(ဂ) မိဖတဦးဦးကနေ လိင်တူဆန်ဆန်ပြုမှုတာခံရခြင်း။
(ဃ) မောင်နှမတွေထဲမှာ လိင်တူဖြစ်နေသူရှိခြင်း။
(င) အိမ်တွင်းမှာ ဘာသာရေးအဆုံးအမနည်းခြင်း။
(စ) လင်မယားကွာရှင်းမှုရှိခြင်း။
(ဆ) မိဘတွေကနေ အစဉ်အလာမဟုတ်တဲ့လိင်မှုကို ပုံစံပြနေခြင်း။
(ဇ) လိင်တူလူနေမှုဘဝကို တရားသဖြင့်ဖြစ်တယ်လို့ သတ်မှတ်ပေးထားခြင်။ သူငယ်ချင်းတွေ၊ အသိုင်းအဝိုင်းတွေကို လက်သင့်ခံကြိုဆိုနေခြင်း။

၃။ အစဉ်အလာမဟုတ်တဲ့ လိင်အတွေ့အကြုံ အထူးသဖြင့် ငယ်စဉ်ကကြုံတွေ့ဘူးခြင်း။
(က) ငယ်ငယ်လေးနဲ့ ဖါသာအာသောဖြေခြင်း။
(ခ) အပြာ စာ-စာအုပ်-ဗီဒီယိုတွေနဲ့ ငယ်ငယ်ကတည်းကတွေ့ကြုံရဘူးခြင်း။
(ဂ) အစဉ်အလာမဟုတ်လိင်မှု (အုပ်စုလိုက်လိင်ဆက်ဆံခြင်း၊ တိရစ္ဆာန်နဲ့လိင်ဆက်ဆံခြင်း) ကိုမြင်ဘူးခြင်း။
(ဃ) မိန်းကလေးငယ်ငယ်မှာ အရွယ်ကြီးယောက်ျားနဲ့ လိင်မှုတမျိုးမျိုးရှိခြင်း။

၎။ ယဉ်ကျေးမှုလွှမ်းမိုးခြင်း
(က) လိင်တူအရေးကို ဆိုရှယ်ဘဝမှာ ကြည့်မြင်နေရခြင်း။
(ခ) လိင်တူအသားပေး ပညာပေးထာခံရခြင်း။
(ဂ) လွှမ်းမိုးသူ ဥပမာ ကျောင်းဆရာ-ဆရာမ၊ အားကစားဆရာ-ဆရာမက လိင်တူသမားဖြစ်နေခြင်း။
(ဃ) လူမှုအသိုင်းအဝိင်းနဲ့ ဥပဒေကြောင်းအရ လိင်တူကို ခွင့်လွှတ်လက်ခံထားခြင်း။
(င) လိင်တူဟာ ပုံမှန်သဘာဝပါလို့ ရုပ်ပုံ၊ ကြောညာတွေရှိနေခြင်း။

လိင်တူစိတ်ဖြစ်နေတာကို စောစောပြင်ရင် ဆက်မတိုးစေနိုင်ပါ။ တချို့က မပြင်ချင်ကြဘူး။ ပြင်ဘို့လိုကောင်းမှန်းတောင် မရှိစေအောင်၊ နက်သထက် နက်တဲ့တွင်းထဲ ပို့ချ-ဖိချနေတဲ့ လူမှုအသိုင်းအဝိုင်းမှာနေကြရတယ်။ ပြင်ချင်တဲ့သူတွေကို အားပေးကြဘို့ တိုင်တွန်းပါတယ်။ HIV ပိုးရှိသူတွေကိုလိုပဲ ဒီလိုလိင်တူတွေကို နှိမ်နင်းဘို့၊ နှိမ့်ချဘို့၊ ဝိုင်းပယ်ဘို့တော့ မလုပ်သင့်ပါ။ နားလည်မှုပေးပြီး၊ ဖေးမပြုပြင်ရမယ်။

၁၉၈၃ မှာ မိသားစုသုတေသနအင်စတီကျုကနေ လိင်တူ ၁၄၇ ယောက်ကိုလေ့လာတယ်။ ၃၅ ယောက်က မွေးရာပါ ဒီအတတ်ကိုတတ်ကြတာလို့ပြောတယ်။ ဒါပေမယ့် လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူ ၃၄ဝဝ ထဲက ၈ဝ% ကတော့ သူတို့ဟာ လေ့လာသင်ယူရာကနေ တတ်မြောက်လာတာလို့ ပြောပါတယ်။ ဘယ်သုတေသနကမှ မျိုးဗီဇကွာခြားချက် ရှိတာကို ဖေါ်ထုတ်လို့မရပါ။ ဒါကြောင့် လိင်တူဟာမွေးရာပါလို့ပြောမရပါ။

လူတယောက်မှာ တသက်လုံး ဂေးဖြစ်နေတော့မယ်ဆိုတာ မမှန်ဘူး။ ပြောင်းလဲစေနိုင်တယ်။ ငယ်တုံးကအကောင်း ကြီးမှပြောင်းတာလည်းရှိတယ်။ အိုရီယန်တေးရှင်း တိမ်းညွှတ်မှုဟာ ဖလူယွတ်ဒတီ အရည်သဘောမျှသာဖြစ်တယ်လို့ ခေါ်တယ်။ ဂေးတွေရော လက်စဘီယန်တွေပါ ဘဝအဆင့်တခုမှာ အမြင်မှန်ပြန်ရလာမျိုးဖြစ်နိုင်တယ်။ အဆင့် (၃) ဆင့်ရှိတယ်။ ကိုယ့်ကိုယ်ကို သိသွားခြင်း၊ သဘောပေါက်လာခြင်းနဲ့ ဆုံးဖြတ်ချက်ချနိုင်သွားခြင်း။

စိတ်ကုသနည်းနဲ့ လိင်တိမ်းညွှတ်မှုဆိုတာ ပြောင်းလို့ရနိုင်တယ်၊ နည်းအောင်လုပ်နိုင်တယ်။ ဒါပေမဲ့ ရာနှုန်းပြည့်မရသေးပါ။ အရုပ်၊ အသံ၊ ဗီဒီယိုတွေက စိတ်ကို ကြွစေတာမို့ ဆင်ခြင်နိုင်လေ မလိုလားအပ်တဲ့ စိတ်ဆန္ဒတွေ မပေါ်လေဘဲ။ ပေါင်းသင်းတာလဲ ရွေးသင့်တယ်။ ကျောင်းပြောင်း၊ အလုပ်ပြောင်းဘို့လိုရင် သတ္တိရှိရှိဆုံးဖြတ်သင့်တယ်။ မိဘတွေလဲ ကလေးအတွက် အချိန်ပိုပေးသင့်ကြတယ်။

လိင်တူဖြစ်နေတာကို ပြောင်းလို့ရလို့ လိင်တူဟောင်းများအသင်းတွေရှိတယ်။ စိတ်ပညာပြုပြင်ရေးနဲ့ ပျောက်ကင်းနှုန်း ၃ဝ% ရှိတယ်။ ဆီးချိုရှိနေလို့ အချိုမစားရဘူးဆိုပြီး ဆရာဝန်ကမှာထားတယ်။ လိုက်နာစောင့်ထိန်းသူတွေက လိုက်နာတော့ အသက်ရှည်တယ်။ ဆရာဝန်စကား မြေဝယ်မကျနားထောင်ထားလို့ ပြောချင်တာတော့ မဟုတ်ပါ။ ဆီးချိုသမား အချိုမစားတာ အချိုကို မကြိုက်တော့တာ မဟုတ်ပါ။

လိင်တူကနေ AIDS ရောဂါကိုစသိခဲ့တယ်။ အဲဒီကာလတွေမှာ ဂေးရောဂါလို့ ခေါ်ခဲ့ကြတယ်။ HIV ပိုးတွေ့သူ ၇၈၄၇ဝ၁ ယောက်ထဲမှာ ယောက်ျားလိင်တူသမား ၃၉၆၈၁ဝ (၅၁%) ပါတယ်။ ဂေးနဲ့ ဟက်ထရိုဆက်ကျူရယ် နှစ်ဖက်ချွန် ခေါ်ကြတဲ့ လိင်တူရောဆန့်ကျင်ဖက်လိင်နဲ့ပါ အတူနေတဲ့ယောက်ျားတွေဟာ တခြားလူတွေထွက် HIV ကူးစက်တာ သိသိသာသာ များတယ်။ ၂ဝဝ၈ ကနေ ၂ဝ၁ဝ အတွင်း အဲလိုများတာ ၂ဝ% တိုးလာခဲ့တယ်။ HIV ကူးစက်ခံရသူတွေထဲမှာ လိင်နှစ်မျိုးသမားတွေနဲ့ မူးယစ်ဆေးထိုးသူတွေဟာ ဆက်ပြီးများနေတယ်။ HIV ကပ်ရောဂါ ဖြစ်ကတည်းကဆိုရင် လိင်နှစ်မျိုးသမားပေါင်း ၉၂၆၁၃ ယောက်ပါတယ်။ HIV အသစ်ကူးစက်ခံရတဲ့ အမျိုးသမီးတွေဟာ လိင်နှစ်မျိုးသမားနဲ့ အတူနေမိလို့ကအဓိကဖြစ်တယ်။ ၂ဝ၁ဝ ခုနှစ်ထဲမှာ ၈၄% ရှိခဲ့တယ်။ မူးယစ်ဆေးထိုးလို့ကူးစက်သူက ၁၆% ရှိတယ်။ ၂ဝ၁ဝ မှာ အမျိုးသမီးတွေကိုကူးစက်တာက ၂ဝ% ရှိတယ်။ ၂ဝ၁၁ မှာ ၂၃% ရှိတယ်။ အမျိုးသမီးတွေမှာ လိင်နှစ်မျိုးသမားနဲ့ အတူနေမိရင် ယောက်ျားတွေထက် HIV ကူးစက်ခံရနိုင်ခြေ ၂ ဆ များတယ်။ လိင်တူယောက်ျားတွေက HIV ကူးစက်ဖို့ အဆ ၂ဝ များတယ်။

အမေရိကမှာ လိင်တူချင်းလက်ထပ်ခွင့်ပြုလိုက်တဲ့နောက် ဘယ်လိုကျန်းမာရေးနောက်ဆက်တွဲတွေ ရှိလာမလည်းဆိုတာ မကြာခင်မှာ သိလာရပါတော့မယ်။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၅
၆-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး