နောက်ပေါ် သတ်ပုံ

ကျွန်တော့်ပို့စ်တခု = မြသန်းတင့် ဘာသာပြန်စာအုပ်

ကွန်မင့်တခု = ဆရာကြီး ဦးဘဂျမ်းကာတွန်းလေး တွေ့လို့ပါဆရာ။ တစ်မထားပါဘူး ခင်ဗျ။

၁။ ဦးဘဂျမ်းကာတွန်း
ပါတီတခုက - လူထုဆန္ဒနဲ့ အစိုးရဖွဲ့ရင် - ကျန်တဲ့ပါတီတခုက နောက်နောက်တခါ - ရွေးကောက်ပွဲမလုပ်မခြင်း - ထောင်ထဲမှာနေတဲ့စံနစ်မျိုးကို ကြိုက်တယ်ကွ - နိုင်ငံရေး မရှုတ်ထွေးဘူးပေါ့လကွာ။ (ကာတွန်းဦးဘဂျမ်း)

၂။ မြတ်ရေစင် (ဖေသိန်း)
အတာရေ
အတာ အတာ ရေသီတာကို
သဟာအပေါင်း သွန်းကာလောင်းအံ့
အကြောင်းသို့ညွှန် ကျွန်ုပ်ကျွန်ကို
လိုက်ရန်သူတို့ခေါ်ဘိ၏။

သဟာသဟာ မခေါ်လှာနှင့်
သံသာလောက ကျွန့်ဘဝ၌
ချမ်းမြကြည်လင် ကျွန့်ရေစင်ကို
သွန်းချင်တယောက်တည်းရှိ၏။

သဇာသဇာ မေးသောခါဝယ်
ဝေးမှာစံနေ ကျွန့်သက်ဝေဟု
အဖြေပေးမည်း တွေးကြံစည်စဉ်
မတည်နှစ်ခွ ကျွန့်ကြမ္မကြောင့်
နှုတ်အ၍သာ နေမိ၏။     ။ မင်းသုဝဏ် (၂၂-၄-၁၉၃၃)

မှတ်ချက် - ပါတီတစ်ခုက မဟုတ်ပါ။ ကျန်တဲ့ပါတီတစ်ခုက မဟုတ်ပါ။ နောက်နောက်တစ်ခါ မဟုတ်ပါ။ သွန်းချင်တစ်ယောက်တည်းရှိ၏ မဟုတ်ပါ။

ကောက်ချက် -
နောက်ပေါ်ကာတွန်းဆရာတွေက ဦးဘဂျမ်းတိုး ဦးဖေသိန်းတို့ထက် ပိုတော်ကြတယ်။
နောက်ပေါ်စာရေးဆရာတွေက ဂျာနယ်ကျော်မမလေးတို့၊ မြသန်းတင့်ထက် ပိုတော်ကြတယ်။
နောက်ပေါ်ကဗျာဆရာတွေက ဒဂုန်တာရာတို့ တင်မိုးတို့ထက် ပိုတော်ကြတယ်။
နောက်ပေါ်အယ်ဒီတာတွေက ရွှေဥဒေါင်းတို့ လူထုဦးလှတို့ထက် ပိုတော်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၇

ကာတွန်းဖခင်ကြီးများ သတ်ပုံမမှား (၃)

ကျပ်က ကုန်သည်ကြီးတဦးအနေနဲ့ပြောတာ၊ ခုလိုပွဲတော်တွေမှာ ဗမာဖြစ်ကိုသာဝတ်ကြမယ်ဆိုရင် ဗမာယက္ကန်းသ္မားတွေ ချမ်းသာမယ်။ ဘယ်သူကမှ ကြည့်မကောင်းဘူးလို့လဲ မပြောပါ။ (ကာတွန်း ဦးဘဂျမ်း)

မှတ်ချက် -
ကုန်သည်ကြီးတစ်ဦး မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၆

ကာတွန်းဖခင်ကြီးများ သတ်ပုံမမှား (၄)

ဦးဘဂျမ်းကာတွန်း

သတင်းတွေစုံတယ်ဆရာ တစောင် တပဲ
ပေးစမ်းဟေ့ တစောင်
တနေ့သောအခါ - ဂေါ်စကနတ်သည် တာဝတိံဿာဝတီ သတင်းစာတစောင်ကို ဝယ်မိရာ့

မှတ်ချက်
တစ်စောင် တပဲ မဟုတ်။
တစ်နေ့သောအခါ မဟုတ်။
သတင်းစာတစ်စောင်ကို မဟုတ်။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၆

ကာတွန်းဖခင်ကြီးများ သတ်ပုံမမှား (၅)

ဦးဘဂျမ်းကာတွန်း

ခု ကျုပ်ဟောနေတဲ့တရားဟာ ဘယ်လောက်အရေးကြီးသလဲ၊ ဒါတောင် တယောက်ပြီးတယောက် ထပြန်ကြတာဟာ လူထုရဲ့ညံ့ဖျင်းမှုကိုပြတာဘဲ

မှတ်ချက်
တစ်ယောက်ပြီးတစ်ယောက် မဟုတ်။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး