Gynecomastia ယောက်ျား ရင်သားကြီးခြင်း

ကြော်ငြာဆေး ဘေးထွက်ဆိုးကျိုးကိုမသိဘဲသုံးနေကြတယ်။ ဆေးပညာစာပို့တာ ဖတ် မဖတ်တော့ မသိ၊ နောက်ကြော်ငြာဆေးတခု မေးပြန်တယ်။ စာပို့ပြီးသားကို ထပ်ခါထပ်ခါမေးပြန်တယ်။

ဆရာ အသက် 17 ယောက်ကျားလေး  အရပ် 5 ပေ 9 လက်မ ပေါင် 174 ပေါင်ပါ ပေါင်ချိန်များနေတာက GyM ကစားလို့ပါ BodyBuildeR ဖြစ်အောင် လုပ်နေတာပါ အဲ့တာကို Gynecomastia ဖြစ်နေလို့ပါဆရာ

Gynecomastia ယောက်ျား ရင်သားကြီးခြင်း https://doctortintswe.blogspot.com/2016/06/gynecomastia.html

ဆရာ အသားဖြူ ချင်လို့ ဒါတွေ သောက်လို့ရမလား

Gluta ဂလူတာဆေး ခဏခဏမေး https://doctortintswe.blogspot.com/2015/08/skin-whitening-medicine.html

ဆရာရေ အဲ့ Gluta ဆေးသောက်ရင် တံတောင်ဆစ်  ဒူးခေါင်းတွေ မဲတာပါ  ပျောက်နိုင်လား သိချင်လို့ပါ

ဘယ်နေရာမှ အာမခံချက်မရှိတဲ့ဆေးလို့ စာထဲမှာပါရှိ။

ဟုတ်

ဆရာ ဒူးတံတောင်ဆစ် မဲတာ တွေ ကို ပျောက်အောင် ဘယ်လို လုပ်ရမလဲ

လင့်တွေပို့ထားပြီး။

Gynecomastia ကိုခွဲစိတ်တာတွေ မလုပ်ဘဲ ဒီအတိုင်း ပျောက်ဖို့ နည်းလမ်း မရှိဘူးလား

Gynecomastia ယောက်ျား ရင်သားကြီးခြင်း

၁။ ဆရာ Gynecomastia အကြောင်းပြောပြပါလား။

၂။ ဆရာ ကျွန်တော်ညာဘက်နို့ကြီးနေပါတယ်။ ဘယ်လိုပျောက်အောင်လုပ်လို့ရလဲ။ အသက်က ၁၆ နှစ်ပါ။

၃။ ကျနော်အမည်က့ ပါ၊ အသက်က ၂၃ နှစ်ပါ။ ကျနော်က နည်းနည်းတော့ဝတယ်ဆရာ။့ မှာနေပါတယ်။ ကျနော့်မှာ မိန်းမလို ရင်သားရှိနေတာပါ။ စမ်းကြည့်ရင် အထဲမှာ အခဲတစ်ခုရှိနေသလိုပါပဲ။ ကျနော်မှာ ရှက်တော့ ဆေးခန်းလည်း မပြရဲပါဘူး။ အဝတ် ဝတ်ရင်လည်း အပေါ်ကနေ ဖုံးဖိပြီး ၀တ်နေရပါတယ်။ ခန္ဓာကို ဝလို့ ရင်အုပ်ကြီးလာတာမျိုး မဟုတ်ပါဘူး။ မိန်းမတွေလို စူပြီးထွက်လာတာပါ။ ကျေးဇူးပြုပြီးပြောပြပေးပါဆရာ။ ဒီဟာက ဆေးသောက်လို့ ပျောက်နိုင်သလား။ ဒါကရောဂါလား။ ဒါမှမဟုတ် မွေးရာပါလားပေါ့ဆရာရယ်။ နောက်ဆုံး ဖြတ်ထုတ်ပစ်ရမယ်ဆိုရင်တောင် ကျနော်လုပ်ချင်ပါတယ်။ ဒီဟာက ကျနော့်ဘဝအတွက် အားနည်းချက်တစ်ခုလို ဖြစ်နေလို့ပါ။

ယောက်ျားရင်သားကြီးတာ အဖြစ်မနည်းလှပါ။ ကင်ဆာမဟုတ်ပါ။ မွေးကာစမှာလဲရှိတတ်တယ်။ ရောဂါအခံကနေလဲ ဆက်ဖြစ်တတ်တယ်။ သိပ်မစိုးရိမ်ပါနဲ့။ ကင်ဆာကတော့ အသက်ကြီးမှဖြစ်တာမျိုး။ ယောက်ျား၊ မိန်းမတိုင်းမှာ လိင်ဟော်မုန်း ၂ မျိုးစီရှိတယ်။ အချိုးအစားပြောင်းရင် လိင်ပိုင်းဆိုင်ရာမှာ တခုခုမှားနိုင်တယ်။ ယောက်ျားတွေ ရင်သားကြီးစေတဲ့အကြောင်း ၄ ပုံ၁ ပုံက ဘာလို့လဲရှာမတွေ့တတ်ပါ။

အရွယ်အစားကြီးတာကို ဂရိတ် ၁-၂-၃-၄ သတ်မှတ်ထားတယ်။ လူရွယ် ၃၆% နဲ့ လူကြီး ၅၇% တို့မှာ ရှိကြတယ်။ လူပျိုဖြစ်ခိန်မှာတခါကြီးလာတယ်။ အသက် ၅၅ နှစ်ကျော်ရင် အလွန်များတယ်။

အီစထိုဂျင်ဟော်မုန်းများရင်ဖြစ်တယ်။ တက်စတိုစတီရုန်းဟော်မုန်းနဲ့ မျှခြေပျက်ရင်ဖြစ်တယ်။ လည်ပင်းကြီးဟော်မုန်း များရင်လည်း ဖြစ်နိုင်တယ်။ ဗီတာမင်ချို့ယွင်းတာလည်း စဉ်းစားရတယ်။ စတီရွိုက်ဟော်မုန်းဆေးသုံးသူတွေမှာဖြစ်တယ်။ Klinefelter syndrome, metabolic disorders ရောဂါတွေမှာလည်းဖြစ်တယ်။ လူပျိုဖြစ်ကာစမှာ ဟော်မုန်းတွေ မတည်ငြိမ်သေးလို့လဲ ဖြစ်တယ်။ လူပျိုအရွယ်တွေမှာ စိတ်ဖိအားများလို့လဲ ဖြစ်တတ်တယ်။ သူတို့ထဲက ၇၅% က အလိုလိုပျောက်ပါမယ်။ အသက်ကြီးလာလို့ တက်စတိုစတီရုန်းဟော်မုန်းနည်းလာလို့ ဖြစ်စေတယ်။

ဆေးတချို့ရဲ့ဘေးထွက်ဆိုးကျိုးကနေလည်းဖြစ်နိုင်တယ်။ ketoconazole, cimetidine, gonadotropin-releasing hormone analogues, human growth hormone, human chorionic gonadotropin, antiandrogens (bicalutamide, flutamide, and spironolactone), 5-alpha-reductase inhibitors (finasteride and dutasteride) ဆေးတွေကနေဖြစ်လာစေနိုင်တယ်။ risperidone, calcium channel blockers (verapamil, amlodipine, and nifedipine), anabolic steroids, alcohol, opioids, efavirenz, alkylating agents, and omeprazole ဆေးတွေလဲပါသေးတယ်။ သဘာဝဆေးနည်းတွေထဲက lavender or tea tree oil and Dong Quai and Tribulus terrestris ဆိုတာတွေကနေလဲဖြစ်စေတယ်။ ဘယဆေးသုံးသူတွေက သတိထားရမယ်။

နာတာရှည်ကျောက်ကပ်မကောင်းသူတွေမှာလဲ ဖြစ်တယ်။ အသည်းမကောင်းသူတွေလဲ ဖြစ်လာတတ်တယ်။ Cystic fibrosis or ulcerative colitis အစာလမ်းမကောင်းသူတွေမှာလဲ လာဖြစ်နိုင်တယ်။ ကျားအစိအကျိတ်ရောဂါ၊ Adrenocortical tumors, pituitary gland tumors, bronchogenic carcinoma အကျိတ်ရောဂါတွေကနေလဲ ဆက်ဖြစ်တတ်တယ်။ ယောက်ျားဆီးကျိတ်ကင်ဆာ အတွက် ဆေးပေးရာကနေလည်းဖြစ်တယ်။ anabolic steroids ကိုယ်ခန္ဓာကြီးထွားသန်မာဘို့ ဟော်မုန်းဆေးသုံးသူတွေ၊ အလှအပသုံးတွေထဲမှာ အီစထိုဂျင်ပါတာ သုံးမိသူတွေ၊ Organochlorine pesticides ပိုးသတ်ဆေးမိသူတွေမှာလဲ ဖြစ်ကြရတယ်။

ဘယ်လိုကုသမလဲ
အလိုလိုပျောက်နိုင်တာအတွက် ဘာမှမလိုပါ။ အသင့်အတင့်သာကြီးနေရင် လူနေမှုပုံစံပြင်တာနဲ့ စသင့်တယ်။ အစာအဟာရ ဂရုစိုက်ပါ။ လုံလောက်မျှတပါစေ။ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိအားလျှော့ချပါ။ မဝစေနဲ့။ Gynecomastia shirts ရှပ်အင်္ကျီဝတ်ထားနိုင်တယ်။ Gynecomastia Pills ဆေးလုံးရှိတယ်။ Gynexin ဆေး၊ Gynectrol ဆေးနဲ့ GyneMax ဆေးတွေဖြစ်တယ်။ ဟာဗယ်ဆေးတွေဖြစ်ပါတယ်။ Gynecomastia Surgery ခွဲစိတ်ပြုပြင်ပေးနိုင်တယ်။

Selective estrogen receptor modulators (Tamoxifen) ဆေးကိုသုံးကြတယ်။ ဒါပေမဲ့ FDA က အသိအမှတ်ပြု မထားပါ။ နာတာခံစားနေရသူတွေကိုတော့ ပေးနိုင်တယ်။ Aromatase inhibitors (Testolactone) ဆေးကိုတော့ ကလေးတွေနဲ့ လူပျိုအရွယ်တွေအတွက် အသိအမှတ်ပြုထားတယ်။ ဓါတ်ကင်တာလဲလုပ်တယ်။ Tamoxifen ဆေးနဲ့ တွဲတယ်။

ကြော်ငြာဆေးတွေ သတိထားကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး