တတ် တပ် တက်

၁။ အသက်​က ၂၅ ပါ ဆရာ။ ရာသီရက်​ ပြန်​မတွက်​တက်​​သေးပါဘူးဆရာ ၁၁ လပိုင်း ၈ ရက်​​နေ့က တား​ဆေးထိုးပြီး တပတ်​​လောက်​အကြာက ရာသီ​သွေးဆင်းပါတယ်​ဆရာ (ရက်​အတိအကျ မမှတ်​မိလို့ပါ ဆရာ) လွန်​ခဲ့တဲ့ ၃ ရက်​​လောက်​က အတူ​နေ​တော့ ​သွေးမထွက်​ပါဘူးဆရာ အခုမှ ​သွေးထွက်​လို့ပါ။ တား​ဆေး ၃ လခံထိုးတာက တလတခါ ရာသီ​သွေး ဆင်းတက်​လား ဆရာ။

၁။ ဆရာ အတက်နိုင်ဆုံးကိုရေးမယ်ဆို အတက်လား၊ အတတ်လား။ မသိတာ မတက်တာဆိုရင်ရော တက်လား၊ ကက်လား၊ ခဏခဏမှားလို့။

၂။ ပညာတက်လား၊ ပညာတတ်လား၊ ပြောပြပါရှင့်

၃။ ဆရာ မတ်တတ်ရပ် နဲ့ မတ်တပ်ရပ် ဘယ်ဟာကမှန်ပါသလဲ။

၎။ ပြီးခဲ့တဲ့အပတ်က The Money Drop Myanmar ရဲ့ အစီအစဉ်တခုမှာ TV ကနေကြည့်တာ ကျနော်က အဖြေလေးခု ပေးပြီး တခုရွေးရတာဆရာ။ ကျနော်က မတ်တတ်ရပ်လို့ ဖြေတာကို အဲဒီအစီအစဉ်က computer operator ပဲ မှားဖြေသလား မသိပါ။ သူတို့က မတ်တပ်ရပ်ကို အမှန်ဖြေပြတော့ တော်တော်အံ့သြသွားတယ်ဆရာ။ ကျနော်လဲ မမှားနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆရာ။ ခုလိုဆရာပြောပြတော့ ပိုသေချာသွားတာပေါ့။

၅။ ဆုံးမစာတခုမှာ စေတနာအမှားကြောင့် ဝေဒနာဖြစ်သွားတက်သည်လို့ ရေးတာဖတ်ရတယ်။ ဖြစ်သွားတတ်သည်လို့သာ ရေးရပါမယ်။ မေးခွန်းတွေထဲမှာလည်း မှားရေးကြတယ်။ သမီး မကြည့်တက်လို့ပါဆရာ ညွန်ပြပါနော်။ ကူးစက်ရောဂါဆိုတာ ရောဂါနာမည်လား၊ ကူးစက်စေတက်သောလား။ ဘလော့ကို ဝင်မကြည့်တက်လို့ပါဆရာ။ ဝင်ကြည့်တက်သွားပါပြီ။

အတတ်နိုင်ဆုံးက အမှန်ဖြစ်တယ်။ အတတ်ပညာကအမှန်ဖြစ်တယ်။ မတတ်တာက အမှန်ဖြစ်တယ်။ ပညာတတ်က အမှန်ဖြစ်တယ်။ မတ်တတ်ရပ်က အမှန်ဖြစ်တယ်။ မကြည့်တတ်က အမှန်ဖြစ်တယ်။ ကူးစက်စေတတ်သောက အမှန်ဖြစ်တယ်။

တတ်
တတ်ကျွမ်းအောင် လေ့လာသင်ယူပါ။
တတ်စွမ်းသလောက်တော့ လုပ်ပါ။
တတ်တိုင်း မကြွားသင့်။
တတ်တိုင်းပညာပြနေသည်
တတ်ပွန်
တတ်သိလိမ္မာ
တတ်ယောင်ကားမလုပ်ပါနှင့်။
တတ်မြောက်ပြီ
တတ်နိုင်သလောက်လှူပါ။
တတ်နိုင်သော၊
ပညာတတ်
ဖွတ်ပတတ်
ကြည့်တတ်၊ မကြည့်တတ်၊
မတတ်နိုင်
မတ်တတ်ရပ်
မပြီးတတ်သေး
ဖြစ်ကတတ်ဆန်း
ဖြစ်တတ် ပျက်တတ်
လုပ်တတ်၊ မလုပ်တတ်။
လုပ်တတ် ကိုက်တတ်
သမားဟူးရားအတတ်
အတက်ရောဂါ
အတတ်ပညာ ရှာမှီးပါ။
အနောတတ်ရေအိုင်
အဲတာလိုအမှားမျိုးက ဖြစ်တတ်တယ်။
ကောင်းအောင် လုပ်တတ်သလား။
ဆေးပညာအတတ်
ပြောတတ်ဆိုတတ်
သေလုမတတ်

တပ်
ကင်ပွန်းတပ်
ကျုံကတပ်ရွာ
စစ်တပ်
တပ်ဆင်သည်
တပ်စိတ်မှူး
တပ်တပ်မြင်မြော်
တပ်တပ်အပ်အပ်
တပ်ဖွဲ့
တပ်ကြပ်
တပ်ဗိုလ်
တပ်မက်သည်
တပ်မှူး
တပ်မတော်
တပ်ငြိ = ကြိုက်နှစ်သက်ခြင်း
တပ်ဖြုတ်
တပ်မြုပ်
တပ်ရုပ်
တပ်လန်
တပ်လှန့်
တပ်သား
တပ်အပ်သေချာ
တပ်တောင်တာ
တပ်ဖျောက်
ဒဏ်တပ်
ဓါးရိုးတပ်
ပစ္စည်းတပ်
ဘွဲ့အမည်တပ်
မင်းတပ်မြို့
သစ်တပ်
ဟိရိသြတ္တပ်
အတပ်သိ
အတပ်ပြော

တက်
တိတ္တိတက္ကတွန်း
တက္ကသိုလ်၊
တက်ကစီနဲ့သွားမယ်။
တက်ကျမ်း လေ့လာသူ။
တက်ခပ်သည်
တက်ညီလက်ညီ၊
တက်တက်စင်လွဲနေတယ်၊
တက်တူးထိုးသည်၊
တက်မ
တက်သည် ဆင်းသည်
တက်သုတ်ရိုက်မလုပ်ပါနှင့်၊
တက်ခေတ်နတ်ဆိုး ဖတ်ဖူးလား၊
တက်ခေါက်သည်
တနှစ်တတန်းတက်တဲ့ ကျောင်းသား။
မတုန်တက်သေး
လူ့သက်တမ်း
အစိုးရသစ် တက်လာပြီ။
အတက်ရောဂါ၊
ကျော်တက်သည်၊
ဒေါသဖြင့် တက်ခေါက်သည်။
လှေတက် တစုံယူခဲ့ပါ။
လှော်တက် ယူခဲ့ပါ၊
နောက်ထုတ်စာအုပ်တွေမှာ သတ်ပုံတွေ တက်တက်စင် လွဲမှားနေတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၇-၂ဝ၁၇
၂၁-၇-၂ဝ၁၇
၁၃-၈-၂ဝ၁၇





Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး