စကားထာ
တဆယ့်ခြောက်ပြည် စိုးစံသည်၊ မင်းမျိုး မဟုတ်ပါ။ ရှေးကုသိုလ်ကံမကောင်း၍ ခေါင်းခြေလက်မပါ = ၁၆ ပြည်ဝင် တင်းတောင်း။
စပယ်ဖူးစ ဆီးယောင်းမ = (စပယ်ဖူးက ငုံ၊ ဆီးယောင်းမက မွှေ) = ငုံမွှေ = ငွေမှုံ။
ကျောက်စရစ်ခဲ စောင်ဖြူခြုံ = (ကျောက်စရစ်ခဲက မာ၊ စောင်ဖြူခြုံက လုံ) = မာလုံ = မုံလာ။
ရေပတ်လည်ဆောင် အလယ်ခေါင်သောင်ထွန်း မိန်းမလှကျွန်း = ကျောက်ပျဉ်။
မှတ်ချက် - ပဉ္စမတန်း မြန်မာဖတ်စာထဲမှာ ရေလယ်ကောင် သောင်ထွန်း။ နတ်သမီးနေတဲ့ကျွန်းလို့ ရိုက်နှိပ်ထားပါတယ်။ ရေလယ်ခေါင်နဲ့ ရေလယ်ကောင် သတ်ပုံမတူတာ သတိပြုမိပါတယ်။ နတ်သမီးနဲ့ မိန်းမလှကတော့ အကြောင်းမဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၇

Comments
Post a Comment