H1N1 and Viral Pneumonia တုပ်ကွေးနှင့် နူမိုးနီးယား

ဆရာရေ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ H1N1 နဲ့ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ ဆက်စပ်ပုံ ရေးထားတာ ရှိရင် ဖတ်ချင်ပါတယ်။ H1N1 ကြောင့်ထက် အသက်ရှူလမ်းကြောင်းပိုးဝင်တာကြောင့် လူသေတာများတယ်လို့ ဖတ်လိုက်ရတယ်ထင်လို့ပါ။ လိုက်ရှာပေမယ့် မတွေ့ရတော့လို့ပါ ခင်ဗျ။ လေးစားစွာ။

မီဒီယာတခုကမေးတာဖြစ်ပါတယ်။

တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်အမျိုးမျိုးတွေကနေ ဖြစ်စေတယ်။ ရာသီဥတုအလိုက်ပေါက်ပွါးကူးစက်တယ်။ အမျိုးအားဖြင့် အလိုလိုပျောက်တယ်။ တချို့ သာမန်ဆေးလောက်နဲ့ရတယ်။ တချို့မှာ နောက်ဆက်တွJရောဂါတွေဆက်ဖြစ်တယ်။ နူမိုးနီးယားဆက်ဖြစ်တာအပါအဝင်ဖြစ်တယ်။ ပြင်းထန်နူမိုးနီးယားလည်းရှိတယ်။ လူစုလူဝေးကနေရတဲ့ နူမိုးနီးယားလည်း ရှိတယ်။ နူမိုးနီးယားဆိုတာ အဆုပ်မှာဖြစ်တာ။

ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အဆုပ်ခဲခြင်း (၃၆့၁%) တွေဖြစ်တာကိုခေါ်တယ်။ တချို့သေဆုံးတယ်။ ၂ဝဝ၉ ကပ်ရောဂါ ဖြစ်စဉ်က လေ့လာမှုတခုမှာ ၁၆့၇% သေဆုံးခဲ့တယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နူမိုးနီးယားဟာ ဗက်တီးရီးယားကြောင့် ဖြစ်တာထက် ဆိုးတယ်။ ဆောရီး။ ပျမ်းမျှ အပြင်လူနာ ၁% နဲ့ အတွင်းလူနာ ၁၄% သေဆုံးတယ်။

ဗိုင်းရပ်စ်တွေထဲမှာ SARS နဲ့ H1N1 swine flu တွေကနာမည်အကြီးဆုံး။ အဲတာတွေအပြင် respiratory syncytial virus (RSV) နဲ့ herpes or varicella viruses ရေယုံဗိုင်းရပ်စ်ကနေလည်း ဖြစ်တယ်။ ရိုးရိုးအအေးမိတာကနေ parainfluenza, coronaviruses နဲ့ adenoviruses ဗိုင်းရပ်စ်တွေကနေလည်း ဖြစ်တယ်။

တုပ်ကွေး အေ နဲ့ ဘီဟာ ရာသီဥတုအရဖြစ်တယ်။ ကာကွယ်ဆေးနှစ်စဉ်ထိုးသင့်တယ်။ အသက်သတ်မှတ်ချက်တွေ ရှိတယ်။ တုပ်ကွေးမိရင် ဖျားမယ်။ ချောင်းဆိုးမယ်။ ချွံထွက်မယ်။ မောမယ်။ ကြွက်သားတွေနာနေမယ်။ နူမိုးနီးယား ဆက်ဖြစ်ရင် ချောင်းပိုဆိုးမယ်။ အသက်ရှူရခက်မယ်။ အားကုန်နေမယ်။ ချောင်းဆိုးတာထဲသွေးပါနိုင်တယ်။ ရင်ပတ်နာမယ်။ အန်မယ်။ ရေဓါတ်ခမ်းခြောက်မယ်။ အစာမစားချင်။

နားနေရမယ်။ ရေ အရည်များများသောက်ရမယ်။ လူစုလူဝေးရှိရာမသွားရ။ နာတာကိုက်တာသက်သာဆေးနဲ့ ချောင်းဆိုးသက်သာဆေးတွေသောက်နိုင်တယ်။ ဗိုင်းရပ်စ်ကနေဖြစ်တဲ့နူမိုးနီးယားအတွက် ပဋိဇီဝဆေးမလိုပါ။ အဲတာနဲ့ပိုးတွေ မသေစေနိုင်ပါ။

Anti-flu ဆေးတွေပေးမယ်။ Amantadine (Symadine, Symmetrel), rimantadine (Flumadine) နဲ့ oseltamivir (Tamiflu) ဆေး ဆိုပြီး လေးမျိုးရှိတယ်။  Zanamivir (Relenza) ဆေးကို အဆုပ်ထဲရောက်စေအောင် ရှူရတယ်။ Varicella pneumonia အတွက် acyclovir (Zovirax) ဆေးပေးတယ်။ Respiratory syncytial virus ကြောင့် ဖြစ်တာအတွက် ribavirin (Rebetol) ဆေး ဆေးရုံမှာပေးနိုင်တယ်။

အလားအလာ
အများအားဖြင့် မြန်မြန်ပျောက်ပါတယ်။ အဆုပ်လည်းမထိခိုက်ပါ။

ဒေါက်တာတင့်ဆွေ
၈-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး