Yasmin တားဆေး

ကျွန်မအသက် ၂၄ပါ။ ဒီဆေးအကြောင်းသိချင်တာပါဆရာ။ သိသင့်သလောက် ဆရာပို့စ်တွေဖတ်ပြီး သိပါတယ်။ ဒီဆေးသောက်ခြင်းဖြင့် ကိုယ်ဝန်တားပါသလားဆရာ။ ရာသီ  ၂၈ လုံးဆေးများကဲ့သို့ ဆေးကုန်တာနဲ့ ပြန်မလာပါ။ နားထားသော ၇ ရက်အတွင်း ကိုယ်ဝန်ရနိုင်ပါ့သလား။ ရာသီသွေးသည် မည်သည့် အချိန်ပေါ်ပါသလဲဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ကိုယ်ဝန်တာနည်း၊ တားဆေးတွေ အမျိုးမျိုးရှိတယ်။ Yasmin ဟာတားဆေး စားဆေးတခုဖြစ်တယ်။ Yaz လို့လည်း ခေါ်တယ်။ Drospirenone နဲ့ Ethinylestradiol တွေရောထားတယ်။ ဆေး ၂၁ ပြားသာ ပါတယ်။ ၇ ရက်နားထားရတယ်။ ဆေးသောက်နည်းမှန်ရင် နားထားချိန်မှာလည်း ကိုယ်ဝန်မရစေပါ။ ၂၈ ပြားကပ်လည်းလာတယ်။ တကပ်ပြီးတကပ် ဆက်သောက်ရင် ကိုယ်ဝန်မရစေပါ။ ဆေးကို ရာသီစလာတဲ့နေ့ ကနေ စသောက်ရမယ်။ ကိုယ်ဝန်ပျက်သူ ဖျက်သူတွေက ပျက်ပြီး ဖျက်ပြီးတာနဲ့ ဆေးစသောက်ရမယ်။

အသက် ၃၅ နှစ်အထက်နဲ့ ဆေးလိပ်သောက်သူတွေနဲ့ မသင့်ပါ။ သွေးကြောကျဉ်းရောဂါရှိသူတွေလည်း မသင့်ပါ။ သွေးတိုးထိန်းရခက်သူတွေ၊ သွေးခံရောဂါရှိသူတွေ၊ နှလုံးရောဂါရှိသူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ ကျောက်ကပ်ရောဂါ၊ အသည်းမကောင်းသူတွေနဲ့လည်း မသင့်ပါ။ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာရှိသူတွေကိုလည်း မပေးပါ။

ဆေးကို နေ့စဉ် သောက်နေကျအချိန်မှာ သောက်သင့်တယ်။ ဆေးသောက်ဘို့ တရက်မေံရင် သတိရတာနဲ့ ၂ ပြားသောက်ပါ။ နောက်ရက်တွေ ပုံမှန်သောက်ပါ။ ၂ ရက်မေ့ရင် တရက်တပြားဆက်သောက်ပြီး မေ့တဲ့နေ့ကနေ ၇ ရက်စိတ်မချရလို့ တခြားကာကွယ်နည်းအပိုပါလုပ်ဆောင်ပါ။ ဥပမာ ကွန်ဒွမ်။

ဘေးထွက်သက်ရောက်မှုများ = ပျို့-အန်၊ ရင်သားတင်း၊ ခေါင်းကိုက်၊ ကိုယ်အလေးချိန်တက်၊ လိင်စိတ်ပြောင်း၊ စိတ်မူပြောင်း။

ဆေးကနေ လစဉ်ထွက်တဲ့ မျိုးဥမထွက်စေအောင်လုပ်ပေးတယ်။ ကိုယ်ဝန်တားဆေးအဖြစ်သာမက တော်တော်တန်တန် ဝက်ခြံပေါက်တာအတွက်လည်း ပေးတယ်။ ရာသီလာစဉ်ခံစားရတာတွေ သက်သာစေဘို့လည်း ပေးတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး