No Names အမည်ဆိုရင် မသိချင်
(ကန်တော့ပါ)
ဆရာကျွန်တော်ကန်တော့ပါရဲ့ ဘောကျပြီးအောင့်တာ အဲ့တာရေခဲကပ်လိုက်ရင်တော့ ချက်ခြင်းသက်သာသွားတယ်
ဆရာ့ဆီမှာအဲ့ဘောကျတဲ့ရောဂါအကြောင်းရှိရင်ကျွန်တော့်ကိုshareပေးပါလားဆရာ
Hernia အူကျ-မကျ သိပါရစေ http://dts-medicaleducation.blogspot.com/2010/08/hernia.html
ဆရာရေကျေးဇူးပါ ဆရာအောင့်တာကျတော့ကော အူကျရင်ဘာကြောင့်အောင့်တာလည်းဆရာ
စာပို့ပြီး။ အစိရောင်တာက တမျိုး။ ဘောကျမေးလို့ အူကျခြင်းစာပို့ထား။
ဟုတ် အဲ့ထဲမှာအောင့်တဲ့လက္ခဏာမပါဘူး
အူကျတာမှာ အူပြန်မဝင်နိုင်ရင် အောင့်တယ်။ မေးတာက အူကျဆိုလို့ စာပို့တယ်။
ယောက်ျားတွေ အဲလိုနေရာမှာဖြစ်နိုင်တာတွေက အမျိုးမျိုးရှိတယ်။
၁။ နာမယ်၊ ရောင်မယ်၊ သိပ်မကြီးနိုင်ရင်
- Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း https://doctortintswe.blogspot.com/2014/12/epididymitis-and-orchitis.html
၂။ မနာ၊ တဖြည်းဖြည်းကြီးကြီးလာမယ်။ မနာ၊ အိပ်လိုက်ရင်လည်း ပြန်မသေးနိုင်ရင်
- Hydrocele မုတ်ရောဂါ http://doctortintswe.blogspot.com/2014/11/hydrocele.html
၃။ သိပ်မကြီး၊ မနာ၊ စမ်းကြည့်ရင် အထဲမှာ အခွေလေးတွေလိုဆိုရင်
- Varicocele (ဗေရီကိုဆီးလ်) https://doctortintswe.blogspot.com/2014/11/varicocele.html
၎။ အသင့်အတင်သာကြီးမယ်၊ ချောင်းဆိုလိုက်ရင် ပိုကြီးလာမယ်၊ လှဲအိပ်လိုက်ရင် အကောင်းပြန်ဖြစ်မယ်၊ မနာ၊ ထွက်ကျနေတဲ့အူက ပြန်မဝင်နိုင်ရင် နာမယ်ဆိုရင်
- Hernia အူကျ-မကျ သိပါရစေ http://doctortintswe.blogspot.com/2014/11/hernia.html
၅။ မွေးရာပါ ကျားအစိတလုံးတည်းသာရင်
- Undescended testicle ကျားအစိ အောက်မကျခြင်း
http://doctortintswe.blogspot.com/2014/11/undescended-testicle.html
ဆရာဝန်တွေ လူနာပြောပြတဲ့ရောဂါအမည်ကို မသိချင်ကြပါ။ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေတာ ဘယ်လောက်ကြပြီကို သိချင်တယ်။ ကျွန်တော့်ကိုမေးရင် ဘာနာမည်မှ မသိချင်။ လူနာအမည်၊ ရောဂါအမည်၊ ဆရာဝန်တွေ ဆေးရုံတွေအမည် မသိချင်ပါ။ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေတာ ဘယ်လောက်ကြပြီကို သိချင်တယ်။
ဒေါက်တာတင့်ဆွေ
၁၂-၁ဝ-၂ဝ၁၈

Comments
Post a Comment