Jonathan Livingston Seagull ယောနသံ ဇင်ယော်

အိမ်မှာရှိတဲ့စာအုပ်ပါဆရာ

စာအုပ်အမည်ကို ဂျော်နာသန် လစ်ဗင်းစတုန်း စင်ရော်ငှက်လို့ အမည်ပေးရင် မြန်မာလိုစာဖတ်သူတွေ စိတ်ဝင်စားမှု အတော်နည်းပါမယ်။ ရိုးရှင်းလို့၊ အ, လွန်းလို့။

ဘသန်း (ဓမ္မိက) ကနေ ဘာသာပြန်တော့ ယောနသံ ဇင်ယော် လို့အမည်ပေးပါတယ်။ စာအုပ်ကို မဖတ်ဖူးသူတွေက ဘာလဲမသိ။ ပါဠိစာလုံးလို့ ထင်မှတ်တွေးမိကြပါမယ်။ ကျွန်တော်လည်းပါတယ်။ ကျွန်တော်က အဲလို ဟိုလိုလို သည်လိုလို ထင်စေတာမျိုး မကြိုက်ပါ။ ဆောရီး။ ဇင်ယော်နဲ့ စင်ရော် သတ်ပုံ မူကွဲဖြစ်ပါတယ်။

Richard Bach ရေးသားတဲ့နာမည်ကျော်စာအုပ်ဖြစ်ပါတယ်။ စိတ်ကူးယဉ်စာအုပ်။ ၁၉၆၀ ကျော်မှာ အခန်းဆက် ရေးရာကနေ ၁၉၇၀ မှာ စာအုပ်ဖြစ်လာတယ်။ ဘက်စ်ဆဲလားဖြစ်တယ်။ အခန်း ၁ ကနေ ၄ အထိပါတယ်။

အမည်ပေးထားတဲ့ စင်ရော်ငှက်လေးဟာ နေ့စဉ်နေ့တိုင်း အစာရှာနေရတဲ့ ဘဝကို ငြီးငွေ့လာပြီး၊ အတွေးနယ်ချဲ့ပါတယ်။ သူ့ကိုယ်သူ အဆင်းရဲအပင်ပန်းခံပြီး ကြိုစားတယ်။ အစွမ်းအစသစ်တွေ ရလာပြီး၊ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်လာပါတော့တယ်။

စာအုပ်ပါဇာတ်လမ်းဇာတ်ကွက်ကို ရေးလိုတာ မဟုတ်ပါ။ ဘာသာခြားစာတွေကို မြန်မာမှုပြုတာမှာ မဖတ်ခင် အလွဲတွေတွေး ထင်စေတတ်တဲ့ ဥပမာတခုကို တင်ပြလိုတာပါ။ ဂျတ်ဆန်ကို ယုဒသန်လို့ပြန်တယ်။ တချို့က ယုဒဿန်လုပ်တယ်။ ဂရိ ရှေးဟောင်းကဗျာရှည်ကြီးထဲက အမည်တွေကို အဆင့်စာလုံးတွေ ပါဠိစာလုံးတွေထည့်ပြီး ဘာသာပြန်တော့ ခန့်သလိုလို၊ နန်းဆန်သလိုလို။ ကျွန်တော်က တယ်မကြိုက်ပါ။

ရာမဇာတ်လည်း သည်လိုပဲ။ မကြိုက်လှပါ။ အနုပညာလက်ရာအနေနဲ့တော့ တန်ဖိုးရှိပါတယ်။ လေ့လာအား မသန်သူတွေက ကြာတော့ သူများဟာတွေကို ကိုယ့်စာထင်သူတွေများလာပြီး၊ ကိုယ်ပိုင်တန်ဖိုးတွေ ရေရောခံရတယ်လို့ ထင်တယ်။ ကျွန်တော်က ဟိုလိုလို သည်လိုလို ထင်စေတာမျိုး မကြိုက်ပါ။ ဆောရီး။

ဘသန်း (ဓမ္မိက) သာသာပြန်စာအုပ်မှာ ကမာ့္ဘရသစာပေလောက၏ အံ့တပါးလို့ စာအုပ်ဖုံးမှာ ရေးထားတယ်။ ထုတ်ဝေပြီး တနှစ်အတွင်း စာသားတမျက်နှာလျှင်လို့လည်းရေးထားတယ်။

ဂျော်နာသန် လစ်ဗင်းစတုန်းစာအုပ်ကို ထပ်ထပ်ထုတ်ရတာ အကြိမ်ပေါင်း အလွန်ကိုများတယ်။ စပယ်လင် မပြင်ကြပါ။ ယောနသံ ဇင်ယော်ကို ထပ်ထုတ်တော့ သတ်ပုံတွေပြင်ကြတယ်။ အဲလိုပြင်သူတွေက ဘသန်း (ဓမ္မိက) ထက် ပိုတော်ကြတယ်လို့ နည်းနည်းလေးမှ မထင်ပါ။

ဒေါက်တာတင့်ဆွေ
၃၀-၈-၂၀၁၉
၎-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး