Eye Tonics မျက်စိအားဆေး

ဆရာ မျက်စိ အားဆေးတွေ သောက်ရင် မျက်စိပါဝါ ကျသလားသိချင်ပါတယ်ဗျာ။ အဲ့ဆေးတွေသောက်ပြီး ပါဝါကျသွားတယ်လို့ review တွေ တွေ့ရပါတယ် အဲ့တာ ဖြစ်နိုင် မဖြစ်နိုင် သေချာလေးဖြေကြားပေးပါ ခင်ဗျာ။

ဆေးသောက်သူ ကလေး လူကြီး အသက် ကျား မ မသိ။ ဆေးအမည် မသိ။ ရီဗျူးကို ဘယ်လိုလူကရေးသလဲ မသိ။

မျက်စိအားဆေးဆိုတာ မရှိပါကြောင်း ခဏခဏတင်ပါတယ်။ ဗီတာမင်အေကို ယေဘုယျအားဖြင့် မျက်စိအားဆေးလို့ ခေါ်တာ များတယ်။ အသက်ကြီးသူတွေအတွက် မျက်စိအားဆေးဆိုပြီး နောက်ပိုင်းမှာ ထုတ်လာတာတော့ ရှိတယ်။

ဗီတာမင်အေ နည်းနေသူတွေမှာ ကြက်အရေပြားလိုခေါ်တာဖြစ်မယ်။ ကြက်မျက်သင့်တာဖြစ်မယ်။ များရင်တော့ အတော်ကို သတိထားရပါမယ်။ အစမှာ အရေပြားခြောက်သွေ့နေမယ်။ ကြမ်းနေမယ်။ နှုတ်ခမ်းတွေကွဲအက်မယ်။ ဆံပင်ကျွတ်မယ်။ များလာရင် စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ အသည်းအင်ဇိုင်းတွေများမယ်။ အန်မယ်။ ဦးနှောက်ဖိအား သက်ရောက်တာ ခံရမယ်။ သေဆုံးနိုင်တယ်။ အသက် ၄ နှစ်ကနေ ၈ နှစ်အရွယ်ကလေးအတွက် ဗီတာမင်အေ 3000 IU နဲ့ လူကြီးအတွက် 10,000 IU သာလိုအပ်တယ်။

Vitamin A ဗီတာမင်အေ နဲ့ ကြက်အရေပြား https://doctortintswe.blogspot.com/2016/09/vitamin.html
Vitamin A ဗီတာမင်အေ https://doctortintswe.blogspot.com/2018/01/vitamin.html
Vitamin A and Pregnancy ကိုယ်ဝန်နှင့် ဗီတာမင်အေ https://doctortintswe.blogspot.com/2017/06/vitamin-and-pregnancy.html
The Overdose Risks of Vitamins ဗီတာမင်များလွန်းတာ မကောင်းပါ https://doctortintswe.blogspot.com/2017/10/the-overdose-risks-of-vitamins.html
Ocuvite မျက်စိအားဆေး https://doctortintswe.blogspot.com/2020/01/ocuvite.html

မျက်စိပါဝါခေါ် အမြင်အားဆိုတာ မှန်ဘီလူးနဲ့ဆိုင်တယ်။ အတိအကျပြောရရင် မြင်စရာပုံကနေလာတဲ့ အလင်းတန်းဟာ မျက်စိမှန်ဘီလူးကို ဖြတ်သန်းပြီး မြင်လွှာပေါ်မှာ တည့်တည့် မကျတာ။ မြင်လွှာရဲ့ရှေ့နားကျတာနဲ့ နောက်ဘက်မှာ ကျတာလို့ ရှိတယ်။ အဲတာကို အနီးမှုန်နဲ့ အဝေးမှုန်ခေါ်တယ်။ မျက်မှန်နည်းနဲ့သာ ပြုပြင်လို့ရတယ်။ ဘယ်ထိုးဆေး စားဆေး မျက်စဉ်းနဲ့မှ ကုသလို့ မရနိုင်။ တခြားမျက်စိရောဂါတွေကိုတော့ မျက်စဉ်း၊ စားဆေး၊ လေဆာနည်း၊ ခွဲစိတ်ကုသနည်းတွေ လုပ်လို့ ရတယ်။

မျက်စိအားဆေးဆိုတာ မရှိ။ အသားဖြူဆေး မရှိ။ (ကန်တော့) ကျဉ်းဆေး ကြီးဆေး မရှိ။ အရပ်ရှည်ဆေး မရှိ။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး