Rumor ကောလာဟလ

ကောလာဟလ ကောလဟာလ ဘယ်ဟာကမှန်ပါလဲဆရာ

ကိုရိုနာဗိုင်းရပ်စ်သတင်းမှာ တမျိုးပြီးတမျိုး အလွဲတွေ၊ အမှားတွေ၊ မမှန်တာတွေ၊ ချဲ့ကားတာတွေ၊ ကောလာဟလတွေ တင်နေ၊ ပြောနေ၊ ရေးနေ၊ မေးနေကြတယ်။ တရုပ်ပြည်နဲ့ အီရန်မှာ အရေားူခံရတာတွေ ရှိတယ်။ မြန်မာ့ ကောလာဟလ စက်ရုံ တနေကုန်လည်နေတယ်။

၂၀၀၆ ခုနှစ် အောက်တိုဘာလတုန်းကလည်း ဇီကာဗိုင်းရပ်စ်သတင်းထွက်လာတဲ့နောက်မှာ အစိုးရိမ်ကြီးမှုတွေ ထွက်ပေါ်လာလို့ မေးကြတယ်။

၁။ မြန်မာပြည်မှာလဲ ဇီကာ virus ကူးစက်ခံရသူ ရှိနေတယ်လို့ တဆင့်စကားနဲ့ ကြားမိပါတယ်။ ကောလာဟလလား သတင်းအမှန်လား မသိသေးပေမယ့် စိတ်ပူပါတယ်။

မဟုတ်တော့ပါ ကျန်းမာရေးဝန်ကြီးဌာနက မနေ့ကပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ မြန်မာပြည်ကို လာလည်တဲ့ နိုင်ငံခြားသူတဦးမှာသာ တွေ့သေးတယ်။

၂။ ဆရာ ကိုယ်ဝန်ဆောင်မိခင်တယောက်ကို ဇီကာဗိုင်းရပ်စ်ကူးလို့ မွေးလာတဲ့ကလေးက ခေါင်းသေးကိုယ်ကြီးနဲ့ မွေးလာတယ်ထားလိုက်ပါတော့။ အဲဒီအမျိုးသမီးကပဲ နောက်ထပ်ကိုယ်ဝန်ရှိပြီး ကလေးထပ်မွေးရင်ကော အရင်ကလေးလို ခေါင်းသေးကိုယ်ကြီး ဖြစ်အုံးမှာလားဆရာ။

နောက်ထပ်ကိုယ်ဝန်မှာ အဲလိုကလေးမွေးတယ်လို့ ကနေ့အထိမတွေ့သေးပါ။ ဦးခေါင်းသေးတာသာဖြစ်နိုင်ပြီး ကိုယ်က ပုံမှန်သာဖြစ်တယ်။

စစ်ပွဲရဲ့ကောလဟာလတခုဆိုတဲ့ စာအုပ်ရှိတယ်။ အမေရိကန် မရင်းတပ်ဗိုလ်အဆင့်ရှိတဲ့ ဖိလစ် ကာပူတို ရေးတာ ဖြစ်ပါတယ်။ သူက ဗီယက်နမ်စစ်မှာပါခဲ့ရတယ်။ သမိုင်းကြောင်းမဟုတ်ပါ၊ ကိုယ်တွေ့ပါလို့ နိဒါန်းမှာ ရေးထားပါတယ်။ သူဟာစစ်ပြီးနောက် ၁ဝ နှစ်နေတော့ ဗီယက်နမ်ကို စစ်ရေးသတင်းထောက် အနေနဲ့ ပြန်ရောက်ပြီးမှ စာရေးတာပါ။ မြန်မာစာဖတ်ပရိတ်သတ်နဲ့ ရင်းနှီးတဲ့၊ စာပေနိုဗယ်လ်ဆုရတဲ့၊ အကယ်၍ ကဗျာကိုဖွဲ့ဆိုခဲ့တဲ့ Rudyard Kipling ရုဒ်ယတ် ကစ်ပလင်းကိုလည်း ညွှန်းဆိုထားတယ်။

လိမ်တဲ့သူတွေ များတယ်။ အလိမ်ခံချင်သူတွေလည်း များတယ်။ ညာတဲ့သူတွေ များတယ်။ အညာခံချင်သူတွေလည်း များတယ်။ မဖြစ်တာကို စိတ်ပူနေသူမျိုးဟာ တကယ်ဖြစ်တာကို မသိပဲနေတတ်ကြတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အရက်သောက်ခိုင်းတာ ဗမာပြည်ကစတယ်။ တနေ့က အီရန်မှာ မက်သနောနဲ့ချက်တဲ့ အရက်သောက်လို့ သေသူ ၂၇ ယောက်။ မြန်မာပြည်မှာ ရောဂါတခုခုနဲ့သေဆုံးသူကို ကူးစက်တာလို့ ဖေ့စ်ဘွတ်ကနေ စစ်ဆေးပေးနေကြတယ်။ ပြောတော့ စမ်းသပ်စရာ မြန်မာပြည်မှာ မရှိတဲ့။

ဒေါက်တာတင့်ဆွေ
၁၂-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး