Skip to main content

Vitamin C ဗီတာမင် (စီ)

Scurvy စကာဗေ ခေါ် ဗီတာမင်စီချို့တဲ့ရောဂါ သြစတေးလျမှာ မထင်မှတ်ဘဲ ပြန်တွေတယ်လို့ လွန်ခဲ့တဲ့ ၄ နာရီ လောက်က သတင်းတက်လာပါတယ်။ ဗီတာမင်စီမရှိရင် လူ့ကိုယ်ကနေ ကိုလာဂျင်ဆိုတာ မလုပ်နိုင်ဘူး။ ကိုလာဂျင်က အရေပြား၊ သွေးကြောတွေ။ အရိုးနဲ့ အရိုးနုတွေမှာ မရှိမဖြစ်ပါ။ သူကနေတွယ်ဆက်ပေးတာဖြစ်တယ်။

ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အသီးအရွက် စိုစိုစိမ်းစိမ်းမစားရတာကြာလို့ ဖြစ်တယ်။ အဲတာကနေ စကာဗီရောဂါကို စသိလာရတာပါ။

ဗီတာမင် (စီ) ဟာ (အက်စကောဗစ် အက်စစ်) ဖြစ်တယ်။ နည်းရင် (စကာဗီ) ရောဂါဖြစ်တယ်။ ဖြစ်ပုံက မအီမသာ ခံစားရတာ၊ မောနေမယ်။ အလုပ်ချင်မကိုင်ချင်ဖြစ်မယ်။ စားချင်စိတ်နည်းမယ်။ အသက်ရှူမဝဖြစ်မယ်။ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေ ထုံမယ်။ သွေးယိုတာနဲ့ သေဆုံးနိုင်တယ်။

ကုသရာမှာ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ်မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီးအမျိုးမျိုး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာများတယ်။ အသားငါးတွေမှာလည်းပါတယ်။

ဗီတာမင် (စီ) ကို အအေးမိတာအတွက်လည်းပေးတာ တချို့သုတေသနက ထိရောက်တယ်ပြောတယ်။ အနာတွေ ကျက်တာကောင်းစေဘို့လည်း ပေးလေ့ရှိတယ်။ နှလုံး၊ သွေးကြောအတွက်လည်းကောင်းစေတယ်။ မျက်စိရေတိမ်၊ သည်းခြေအိတ်ရောဂါ၊ သွးအခေါင်းပေါက်တာ၊ ဝမ်းချုပ်တာ၊ ခုခံအားကောင်းစေဘို့ရာ၊ ပန်းနာ၊ လေပြွန်ရောင်တာ၊ ကင်ဆာ၊ အဆစ်နာ၊ ကလေးမရသေးတာ၊ ဆီးချို စတာတွေမှာလည်းပေလေ့ရှိတယ်။ အရက်ဖြတ်၊ ဆေးဖြတ်သူတွေအပြင် အသက်အိုစာတာနည်းစေဘို့ဆိုပြီးလည်း ပေးတယ်။ သွားဖုံးရောဂါ၊ အရေပြားအနာ၊ အရေပြားစိုပြေစေဘို့၊ HIV ပိုး ရှိနေတာ၊ လေနာ၊ ဝမ်းကိုက်၊ ဝက်ခြံ စတာတွေအတွက်လည်းပေးတယ်။ စိတ်ဓါတ်ကျနေသူတွေ၊ မှတ်ဥာဏ်နည်းသူ လူကြီးတွေ၊ ဥာဏ်ရည်နည်းတဲ့ ကလေးတွေကိုလည်းပေးတယ်။

25 mg ကနေ 1500 mg အထိပါတယ်။ ဆေးကို လေလုံအောင်ထားရတယ်။ မဟုတ်ရင် ညိုသွားတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၆
မနက် (ည) ဝဝ နာရီ၊ ၇ မိနစ်။

Comments

Popular posts from this blog

Depo Provera Analysis သုံးလခံထိုးဆေး အတွေ့အကြုံဖေါက်သယ်ချခြင်း

Depo ထိုးဆေး ကိုယ့်အတွေ့အကြုံတွေကို (အွန်လိုင်း) မှာပြောကြတဲ့ အမျိုးသမီး ၅ဝ ကိုရွေးပြီး မျှဝေလိုက်ပါမယ်။ ပြောသူအားလုံးက အမေရိကန်တွေပါ။ မြန်မာအမျိုးသမီးတွေပြောတာကိုလဲ သိချင်ပါတယ်ဗျာ။
1) Depo ဆေး မထိုးဘဲနေတာ ၁၅ လကြာတော့ ကိုယ်ဝန် ပျက်တယ်။
2) Depo ကို ၁၂ နှစ်ကြာထိုးထားပြီး ၈ လစောင့်နေတာ ကိုယ်ဝန် မရသေးပါ၊
3) ဆေးမထိုးတာ ၃ လကြာပြီ၊ ရာသီပြန်မှန်အောင်လို့ ဆရာဝန်က စားဆေး စားခိုင်းထားတယ်၊ ၁-၂ နှစ်နေမှ ကိုယ်ဝန်ယူဘို့ ဆရာဝန်က ပြောတယ်။
4) ၆ လထိုးထားတယ်။ အခု ၁ နှစ်နဲ့ ၁ဝ လရှိနေပြီ၊ ရာသီက မမှန်သေးဘူး၊ ဒီကြားထဲမှာ ရာသီ ၆ ခါဘဲ လာတယ်။
5) ၁ နှစ်ထိုးထားတယ်။ မထိုးတာ ၁၆ လရှိပြီ။ Clomid ဆေးကြောင့် မျိုးဥတော့ ထွက်တယ်။ ကိုယ်ဝန် မရသေးဘူး။
6) ၅-၆ နှစ် Depo ထိုးခဲ့တယ်။ ၁၃ လကြာတော့ ကိုယ်ဝန်ရပါတယ်။
7) Depo မထိုးတော့တာ ၄ လရှိပြီး ကလေး မရသေးဘူး။
၁ဝ လ ထိုးထားပြီး အခု Othro tricylen (Norgestimate/Ethinyl estradiol) သောက်နေရတယ်။ ရာသီပြန် မှန်အောင်လို့။ ၆ လ ရှိနေပြီ။ ကလေးထပ်လိုချင်သူတွေ မထိုးစေချင်ဘူး။
9) ၂ နှစ်ခွဲ ထိုးထားတယ်။ မထိုးဘဲ ၄ လနေတော့ ရာသီပြန်လာတယ်။ ဒါပေမဲ့ ၂ ပါတ်တခါ လာနေတာ ၃ လရှိပြီ။ ၁ နှစ် ကျော်စပြုပြီ၊ ကိုယ…

Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ

၁။ ဒေါက်တာရှင့် ဆီးလမ်းကြောင်းမှာ ကျောက်တည်နေပါသည်။ သမီး fb မှာ ဒီကောမက်တခုပဲရေးတတ်ပါသည်။ တခြားဘာမှမလုပ်တတ်ပါ။ ခုက့ မှာနေပါတယ်။ သမီးရဲ့ညီမလေးပါ။ ဗိုက်အောင့်အောင့်နေတာ ကြာပါပြီ။ ဆေးသွားပြ ဓါတ်မှန်ရိုက်တော့ ဆီးလမ်းကြောင်းမှာ ကျောက်ရှိတယ်လို့ပြောပါတယ်။ လူက အရမ်းပိန်ပါတယ်။ ခွဲရမှာလဲ မိသားစုနဲ့ ဝေးတော့ အရမ်းအားငယ်နေတာပါ။ သမီးနားမလယ်လို့ပါဒေါက်တာ ကယ်တင်နိုင်တဲ့ဒေါက်တာ တွေ့တာနဲ့ဝမ်းသာအားရ မေးမိတာပါ။ မခွဲချင်ပါဘူးရှင့်။ ကျေးဇူးပြုပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ စိတ်အရမ်းပူနေလို့ပါရှင့်။
၂။ ဆရာ ကျနော့်အမေ ကျောက်ကပ်နှစ်ဘက်စလုံးခွဲထားရပါတယ်။ ဆယ်နှစ်ကျော်ပါပြီ။ ကျောက်တည်နေလို့ပါ။ အခုလဲ ကျောက်တွေပြန်တည်နေလို့ပါ။ အသက်က (၆၃) နှစ်ပါ။ ခုတလောအခြေအနေ နဲနဲဆိုးနေပါတယ်။ အဲဒါ ကျောက်ကျစေမဲ့ နည်းလမ်းများရှိရင် သိချင်ပါတယ်ဗျာ။ ထပ်ခွဲဖို့ဆိုတာကလဲအခက်အခဲနဲနဲရှိလို့ပါ။ ကျေးဇူးတင်ပါတယ်။
၃။ ကျွန်တော့့် မှာ အလုပ်လုပ်နေပါတယ်။ လွန်ခဲ့တဲ့ တနှစ်က နံရိုးဘေးအောက်မှာ နေ့တဝက်လောက် မခံမရပ်နိုင်လောက်အောင် နာကျင်ခဲ့ဖူးပါတယ်။ အခုတခါ ထပ်နာလာပါတယ်။ အာလ်ထွာဆောင်းရိုက်တော့ ကျောက်ကပ်မှာ ကျောက်တည်နေပါတယ်။ တဖက်က တစ်လုံး နောက်တဖက်က သ…

Tonics အားဆေး

၁။ ကျွန်တော့အဖွားကအသက် ၇ဝ ကျော်ပါပြီ။ သူမအတွက် လက်ဆောင် အားဆေးဝယ်ပေးချင်ပါတယ်။ ဘယ်လိုအားဆေးမျိုးက အသင့်တော်ဆုံးဖြစ်ပါသလဲခင်ဗျာ။

၂။ ကျွန်မအဖေက အသက် ၄၄ ပါ။ အဖေက ခုတလော အားနည်းပြီး မူးမူးနေတယ် ပြောပါတယ်။ အလုပ်လဲ အရမ်းများပြီး ကမ္ဘာ့ဖလားတုန်းက ဘောလုံးပွဲ သန်းခေါင်ကျော် ကြည့်တာလဲ ပါပါလိမ့်မယ်။ အသက် ၄ဝကျော်တွေ စားသင့်တဲ့ အားဆေး ပြောပြပေးပါလား ဆရာ။ အဖေက ခြေတွေ လက်တွေမှာ အရေခွံလဲ လန်တတ်ပါတယ်။ တခြား အားဆေးတွေနဲ့ မတည့်ပဲ မြန်မာပြည်က ထုတ်တဲ့ Vitazone စားမှ အဲဒီ အရေခွံ လန်တာတွေ ပျောက်ပါတယ်။ တော်တော်လဲ သိသာပါတယ်။ အဖေက အားဆေးတွေ ပုံမှန်သောက်ပါတယ်။ စိတ်ဖိစီးမှုလဲ မများပါဘူး။

၃။ ဆရာရှင့် ကျွန်မ၏သားဖြစ်သူ ၁၆နှစ်သား ၁၀တန်း ကျောင်းသားအား မည်သည့်အားဆေး တိုက်ရန် သင့်တော်သည်ကို ညွှန်ကြားပေးပါရှင် စာမေးပွဲ နီးလာပြီဖြစ်သဖြင့် နေမကောင်းမဖြစ်စေရန်နှင့် အားအင် ဖွံ့ဖြိုးစေချင်ပါတယ်ရှင်။ ကျေးဇူးပြု၍ ပြန်လည်ဖြေပေးပါရှင်။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။

အားဆိုတာ ဘာလဲ။ တယောက်တမျိုးပြောပါမယ်။ ဆရာဝန်ကတော့ ပြန်မေးချင်တယ်။ အပြေးသန်ချင်တာလား၊ ဝချင်တာလား၊ သွေးအားလား၊ ဗီတာမင်လား၊ အသည်းမကောင်းလို့လား၊ မိန်းမ-ယောက်ျား ပီသချင်တာလား။ …