Timelines of world history ကမ္ဘာ့သမိုင်းရက်စွဲ (၁/၄)

ကမ္ဘာ့သမိုင်းကို အစောဆုံး နှစ် ၅ဝဝဝ ကစမှတ်တမ်းတင်။
- ဘီစီ ၃၂ဝဝ ကနေ အေဒီ ၅ဝဝ ကို ရှေးခေတ်သမိုင်း၊
- အေဒီ ၅ဝဝ ကနေ ၁၄၉၉ အထိကို အလယ်ခေတ်၊
- ၁၅ဝဝ ကနေ ၁၉ဝဝ အထိကို ခေတ်သစ်သမိုင်းအစနဲ့
- ၁၉ဝ၁ ကစပြီး ခေတ်သစ်သမိုင်းလို့ သတ်မှတ်။

ကြေးခေတ်နဲ့ သံခေတ်ဦး
ဘီစီ ၃၂ဝဝ မတိုင်ခင် ဆူမေးရီးယန်း စာရေးနည်းစခဲ့။
ဘီစီ ၃၂ဝဝ ဂရိမှာ ဆစ်ကလားဒစ်၊ ပီရူးမှာ နော်တေး ချီကို ယဉ်ကျေးမှုတွေ ဖြစ်ထွန်း။ အီရန်မှာ ပရိုတို-အီလာမိုက် ယဉ်ကျေးမှု တိုးတက်လာ။
ဘီစီ ၃၁ဝဝ အီဂျစ်မှာ ပဌမမင်းဆက်စတင်။ ဘီစီ ၃ဝဝဝ အီရန်မှာ ဂျီရော့ဖ်ယဉ်ကျေးမှုထွန်းကား။ အီဂျစ်မှာ ပါပိုင်းရပ်စ် စာရေးနည်းဖြစ်လာ။
ဘီစီ ၂၈ဝဝ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကား။
ဘီစီ ၂၆ဝဝ ယူကာတန် (မက်ဆီကို) ကျွန်းစွယ်မှာ မာယာယဉ်ကျေးမှုဖြစ်ထွန်း။
ဘီစီ ၂၆ဝဝ အီဂျစ်မှာ ဂါဇာပိရမစ် ပြီးစီး။
ဘီစီ ၁၈ဝဝ အက္ခရာစာရေးနည်းစတင်။
ဘီစီ ၁၁ဝဝ သံထည်တွေသုံးတာတွင်ကျယ်လာ။
ဘီစီ ၈၉ဝ လောက်မှာ နာမည်ကြီး (အိလိယက်) နဲ့ (အော့်ဒက်ဆီ) ကဗျာရှည်ကြီးတွေကို ရေးသားခဲ့။
ဘီစီ ၈ဝဝ ဂရိ မြို့ပြနိုင်ငံတွေပေါ်လာ။
ဘီစီ ၇၇၆ အိုလန်ပစ်အားကစားပွဲစတင်။
ဘီစီ ၇၅၃ ရောမတည်ထောင်။
ဘီစီ ၆၅၃ ပါရှားအင်ပါယာတိုးတက်လာ။
ဘီစီ ၅၆၃ ယနေ့ခေတ် အိန္ဒိယနဲ့ နီပေါနယ်စပ်မှာ ဘုရားအလောင်း ဖွါးမြင်တော်မူ။
ဘီစီ ၅၅၁ တရုပ်မှာ ကွန်ဖြူရှပ်စမွေး။
ဘီစီ ၅ဝ၈ အေသင်မှာ ဒီမိုကရေစီအစပျိုးလာ။
ဘီစီ ၄၈၃ မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်။
ဘီစီ ၄၄၇ ဂရိ အေသင်မှာ ပါသီနွန်ဆောက်။ ၄၃၂ မှာပြီး။
ဘီစီ ၄၂၇ ဂရိ ပလေတို မွေး။
ဘီစီ ၄၇ဝ-၄၆၉ ဂရိ ဆိုကရေးတီးစ် မွေး။
ဘီစီ ၃၄၈ ဂရိ အရစ်တိုတယ် မွေး။
ဘီစီ ၃၃၁ ဂရိ အလက်ဇန်းဒါး အထွတ်အထိပ်ရောက်။
ဘီစီ ၃ဝဝ မက်ဆီကိုမှာ ချိုလူလာ အကြီးဆုံးပိရမစ်ဆောက်လုပ်။
ဘီစီ ၂၇၃ အိန္ဒိယမှာ အာသောကမင်း မောရိယအင်ပါရာ စတင်။
ဘီစီ ၂၆၁ အိန္ဒိယမှာ ကလိန်ဂစစ်ပွဲကြီးဖြစ်။
ဘီစီ ၂ဝဝ တရုပ်မှာ စက္ကူ စသုံး။
ဘီစီ ၇၉ အီတလီနိုင်ငံ ပွန်ပေမြို့ ဗေဆူးဗီးရပ်စ် မီးတောင်အောက်ရောက်။
ဘီစီ ၆၈ ရောမ အင်ပါယာ နီရိုးဘုရင် ကိုယ့်ကိုယ်ကိုသတ်သေ။
ဘီစီ ၄၄ ရောမဧကရာဇ် ဂျူလီယက်ဆီဇာ လုပ်ကြံခံရ။
ဘီစီ ၂၇-၆၈ = ဂျူလီယို-ကလော်ဒီယန် ရိုမင်အင်ပါယာခေတ်
ဘီစီ ၆၉-၉၆ = ဖလေဗီယန် ရိုမန်အင်ပါယာ
ဘီစီ ၉၆-၁၉၂ = နာဗာ-အန်တိုနီ ရိုမန်အင်ပါယာ
ဘီစီ ၁၉၃-၂၃၅ = ဆီဗာရင် ရိုမန်အင်ပါယာ
ဘီစီ ၂၃၅-၂၈၅ = တတိယရာစု အခက်အခဲကာလ
ဘီစီ ၂၈၅-၃၁၃ လေးဦးဂိုဏ်းကာလ
ဘီစီ ၃၁၃-၃၆၃ ကွန်စတန်တင် မင်းဆက်
ဘီစီ ၃၆၄-၃၉၅ ဗယ်လင်တိုင်း မင်းဆက်
ဘီစီ ၃၉၅-၄၇၆ အနောက်တိုင်း အင်ပါယာ
ဘီစီ ၃၉၅-၄၅၅ သီအိုဒီးရှန်း အင်ပါယာ
ဘီစီ ၄၅၅-၄၇၆ မင်းဆက်မဟုတ်
ဘီစီ ၃၉၅-၁၄၅၃ အနောက်တိုင်း အင်ပါယာ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး