ဦးဖိုးကျား ကိုးကားဦးမယ်

Ngwe Soe ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများ စာအုပ်မှ ကျွန်တော်အကြိုက်ဆုံး မြို့အုပ်မင်းဝတ္ထု အပိုင်း (၁)
သူတင်တဲ့စာမှာ တစ်သတ်ပုံတွေတွေ့လို ကျွန်တော်တို့ငယ်စဉ်က ဖတ်ခဲ့ရတဲ့ ဦးဖိုးကျားစာတွေမှာ တစ်သတ်ပုံ မသုံးပါ။ အခုဖတ်ရတာ ထစ်ထစ်နေတယ်။
Ngwe Soe ဟုတ်ကဲ့ပါ ဒေါက်တာ။ ကျွန်တော်မှားသွားခဲ့ပါတယ်ဗျာ။
ဦးဖိုးကျားမွေးတဲ့ရွာ တိုင်တရာကနေ တိုင်တစ်ရာလို့ပြောင်းထားတာ တွေ့မိလို့ပြောတာပါ။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ အမျိုးသားပညာရေး လောကတွင် ဦးဖိုးကျားသည် ကျော်ကြားသောခေါင်းဆောင်ကြီးတဦးဖြစ်သည်။ မြန်မာစာပေလောက၌ ထင်ရှားသောပုဂ္ဂိုလ်တဦးလည်းဖြစ်သည်။ ပုသိမ်မြို့ တိုင်တရာ စကောကရင်ကျောင်းတွင် ဆက်လက်ပညာသင်ကြားလို့ စွယ်စုံကျမ်းမှာပါတယ်။

ဒါပေမဲ့ ၂ဝ၁ဝ၊ အောက်တိုဘာလထုတ် မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ သာရဝေါစိုးကြည်ရေးသားတဲ့ အမျိုးသားပညာဝန် ဦးဖိုးကျားဆောင်းပါး ကျောင်းနာမည်ဟာ တိုင်တစ်ရာ ဖြစ်သွားရတော့တယ်။ မြန်မာ့ပညာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူရဲ့ ကျောင်းနာမည်ကို ပြောင်းခဲ့ကတည်းက အမျိုးသားပညာရေးဟာ ကျဆင်းဆုတ်ယုတ် လာတော့တယ်။ အခုထိ။ တစ်နေကြဆဲ။

မြန်မာသစ်ရသစုံမဂ္ဂဇင်းဟာ စာပေကိုအလေးထားတယ်လို့ မှတ်ယူတာပါ။ ၂ဝ၁ဝ ခုနှစ်ဝန်းကျင်က တိုင်းပြည်ကို အုပ်ချုပ်နေတဲ့အစိုးရရဲ့ ဆင်ဆာအဖွဲ့က တစ်သတ်ပုံမဟုတ်တာတွေကို ထုတ်ဝေခွင့်မပေးလို့ အဲလို ပေါ်လစီသတ်ပုံနဲ့ ရိုက်နှိပ်ခဲ့ရသလားလို့ တွေးမိပါတယ်။ အခုအစိုးရတော့ သိပ်မသိပါ။

ဒေါက်တာတင့်ဆွေ
၁၃-၆-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး