မောင်ရင်လောင်း

မင်းဟိန်းဇာ နည်မွန် = သျှား ရဲ့ အဓိပ္ပါယ်က ဘာလဲဆရာ။ မသိလို့မေးပါရစေ ကျေးဇူးတင်ပါတယ်ဆရာ။

သျှိ
သျှိသျှားပင် (ဆီးဖြူတမျိုး)။
သျှားဖြူပင်။

သျှီ
အင်္ဂလိပ်ပိုက်ဆံ သျှီလင်။

သျှို
သူလျှို (စုံထောက်၊ စပိုင်)။
နှုတ်ချို သျှိုတပါး။

သျှောင်
ဦးသျှောင် (အကြီးအကဲ)၊
သျှောင်ကြီးဗွေ (ခွေရစ်ထုံးထားသော ဆံပင်ရှည်)၊
သျှောင်ထုံး (ယောက်ျားဆံထုံး)။

သျှတ်
သျှတ္တရကျမ်း။

သျှိုး
သျှိုးလိုက်ရတု (ရှင်လောင်းလှည့်ရာတွင် တပိုဒ်ဆိုပြီးတိုင်း နောက်မှ သျှိုးဟုဆိုရသော ရတုအဖွဲ့)။

မောင်ရင်လောင်း

ထမ်းစင်စီး၍ ထီးရိပ်ခို
မြင်းမိုရ်မြင့်မား ဝတိံဖျားက
နတ်သားကျသလိုနှင့်။ သျှိုး။

ငွေလိုပြောင် သဲရောင်ခင်း
ရွှေအုန်းရွာလယ် လမ်းကျယ်ကျယ်မှာ
လှူဖွယ်အစုံကျင်း၍။ သျှိုး။

ကတီခင်းအတွင်း မဏ္ဍပ်မှာ
ပေါက်ဖော်ဆွေဖုံ ကျူလိုရုံသည်
လုံးစုံလက်ဖွဲ့တာနှင့်။ သျှိုး။

မယ်သာမွေးသည့် ရင်သွေးသားပုတ္တာ
ဝန်းဝန်းသပ္ပါယ် သံဃာလယ်မှာ
အမယ်ရှင်ပြုပါအံ့။ သျှိုး။

မေတ္တာပျံ့  ရနံ့ထုံ
မိဘကျေးဇူး အထူးထူးကို
ရင့်ကျူးရိုက်ကာခြုံအံ့။ သျှိုး။

ပမာပုံသည် ဂုဏ်မူနိုင်းမမျှ
မေရုခေါ်ဆို တောင်မြင်းမိုရ်နှင့်
နွားချိုပေါက်သစ်စသို့။ သျှိုး။

ရှုမဝသည့် လူလှမည့်ပန်းဖြူ
ကျေးဇူးဂုဏ်ဝါ ထေရ်ဆရာသည်
တဝါထမ်းမျှကူအံ့။ သျှိုး။

မွှေးနံ့ကြူသည် သုံးလူသာသနာ
များလှသံဃာ ကျောင်းဝိဟာမှာ
တဝါထမ်းတို့ပါလော့။ သျှိုး။

ကံ့ကော်နန်းမှာ ပွင့်ပန်းသစ္စာဆင်
ဂန္ဓာပျံ့ မွှေး မြိုက်ရည်ကျွေးသည်
မိတေးမြတ်ချစ်ရှင်၏။ သျှိုး။

ရွှေစင်သန်းသည် ရွှေနန်းတပြောင်ပြောင်
ပြာသာဒ်ရှစ်ဆောင် မဂ္ဂင်ဖောင်ကို
မယ့်မောင်စီးရအောင်တည့်လေး။ သျှိုး။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး